Welcome to my blog :)

rss

Sunday, July 17, 2011

Gmail Inbox ထဲက ကိုလိုချင်တာလေးတွေကို နောက်ထပ် Inbox လေးတွေထပ်ဖွင့်ပီး ခွဲထုတ်ကြမယ်..

gmail နဲ့ပတ်သက်တဲ့ နည်းပညာတစ်ခုကတော့ Gmail Inbox ထဲကိုလိုချင်တာလေးတွေကို နောက်ထပ် Inbox လေးတွေထပ်ဖွင့်ပီး ခွဲထုတ်တဲ့နည်းလေးပါ .... ပုံနဲ့ပါ တွဲပီးတစ်ခါတည်းရှင်းပြပေးမယ် ကူတို့ရောက်အောင်ပို့တဲ့အပြင် ကမ်းပေါ်မှာပါတစ်ခါတည်းတင်ပေးလိုက်မယ်..... လျှာရှည်တယ် ..လို့တော့မထင်ပါနဲ့ဗျား gmail

လောကထဲမှာ ခုမှစရောက်လာတဲ့ သူငယ်ချင်းတွေမရှင်းမှာဆိုးလိုပါ....သိပီးသားဆိုရင်တော့ အနူးအညွတ်တောင်းပန်ပါတယ်ဗျား.......





ကဲကြည့်ကြမယ်ဗျား....ဘယ်လိုလုပ်ရမလဲဆိုရင် ..

(၁) အရင်ဦးဆုံး gmail. အကောင့်လေးကို signin အရင်ဝင်လိုက်ပါ ပီးရင် gmail၇ဲ့ ညာဘက် ထောင့်နား က setting ထဲကိုဝင်လိုက်ပါ ...အောက်ကပုံလေးမှာကြည့်လိုက်ပါ

(၂) ကျွန်တော် မျှားလေးနဲ့ထောက်ပီးဝိုင်းပြထားတဲ့နေရာ ကိုဝင်လိုက်ပါပီးရင် နောက်ထပ်စာမျက်နှာတစ်ခုထပ်ကျလာပါမယ် အဲ့ထဲကနေပီး labs ဆိုတဲ့အထဲကိုဝင်လိုက်ပါ ...ပုံနဲ့ဆက်ပြထားပေးပါတယ် တစ်ချက်ကြည့်လိုက်ပါခင်ဗျား...



(၃) labs ထဲကိုဝင်ပီးတာနဲ့ labs pages ထဲကနေ စာအိပ်ပုံစံလေးနဲ့ Multiple Inboxes ဆိုတာလေးကိုရှာလိုက်ပါ ရှာရခက်နေမှာဆိုးလို့ပုံနဲ့ပါတွဲပီး ဆက်လက်ရှင်းပြပေးလိုက်ပါတယ်

(၄)ကျွန်တော်ပုံနဲ့ပြထားပေးတဲ့အတိုင်း Multiple Inboxes တွေပီးဆိုရင် ဘေးနားက Enable ကိုကလစ်ပေးပီး အောက်ဆုံးက savechanges ဆိုတာကြီးကိုကလစ်ပီး save လိုက်ပါ ပီးရင် အောက်ဆုံးမှာရှိတဲ့ Save Changes ဆိုတာကို click ပါ။ အဲဒီမှာ
ကိုယ့်ရဲ့ Inbox ရှိနေတဲ့ page ကိုပြန်ရောက်သွားပါလိမ့်မယ်။ နောက်ထပ် Setting ထဲကိုပဲ ပြန်ဝင်လိုက်ပါ အဲ့ထဲကဝင်လိုက်ပီးဆိုရင် ခုနားက labs အတန်းမှာပဲ Multiple inbox ဆိုတာကိုတွေ့ရမှာ ပုံနဲ့ဆက်လက်ပြတင်ပြပေးလိုက်ပါတယ်...တစ်ချက်ကြည့်လိုက်ပါဦးခင်ဗျား... ပဲအဲ့ထဲကိုဝင်လိုက်ရင် အဲဒီထဲက search query ရဲ့အောက်က box လေးတွေထဲမှာ ကိုခွဲထားချင်တဲ့ဟာကို ရိုက်ထည့်ပေးပါ။ ဥပမာ။ ။ ကိုယ်က ကိုယ့်ကောင်မလေးရဲ့ မေးလ်ကို ထားချင်တယ်ဆိုရင်တော့ ကိုယ့်ကောင်မလေးရဲ့ email လိပ်စာကိုရိုက်ထည့်လိုက်ပေါ့ဗျား ...မဖတ်ရသေးတဲ့စာတွေဆိုရင်တော့ is:unreadလို့ရိုက်ထည့်ပေးလိုက်ပေါ့။ မပို့ဖြစ်ပဲသိမ်းထားတဲ့စာတွေကိုပါခွဲထုတ်မယ်ဆိုရင်တော့ is:Drafts ပေါ့။
ကျန်တဲ့ starred,trashs,chat chat, sent mail, spam စတာတွေကိုလည်းခွဲထုတ်လို့ရပါသေးတယ်။ အများဆုံး 5
ခုအထိခွဲထုတ်လို့ရပါတယ်။



ပြီးရင်တော့ ကိုယ်ခွဲထားတဲ့ inboxလေးတွေတစ်ခုဆီကို စာကြောင်းလေဘယ်လောက်လောက်ပေါ်စေချင်လည်း
ဆိုတာကိုတော့.....(၂)လို့ပြထားတဲ Maximun Page Size မှာ ရိုက်ထည့်ပါ။ ပြီးရင်

သူ့အောက်တစ်ကြောင်းကပဲ ... (၃)လို့ပြထားတဲ့Extra Panels Positioning မှာတော့

အဲဒီ inboxလေးတွေထားမယ့်နေရာကိုရွေးပေးပါ။

(a) Right side of the inbox က ညာဘက် မှာပေးပေးစေချင်တဲ့အခါ ကလစ်ရမဲ့ဟာပါ

(b)Above the inbox ဆိုရင် နောက်ပေါ်လာမဲ့ inbox က နဂိုရှိပီးသား inbox ရဲ့အပေါ်မှာထားချင်ရင် ကလစ်ရမဲ့ဟာပါ

(c)Below ဆိုရင် inbox နောက်ပေါ်လာမဲ့ inbox က နဂိုရှိပီးသား inbox ရဲ့အောက် မှာပေါ်ထားချင်တဲ့အခါ ကလစ်ပေးရမဲ့ဟာပါ...အားလုံး သုံးခုရှိပါတယ်ကြိုက်တာရွေးပြီးထားနှိုင်ပါတယ် .....အောက်ကပုံလေးကိုကြည့်လိုက်ပါခင်ဗျား ပို့ပီးသဘောပေါက်အောင်လိုပါ

အားလုံးပီရင်တော့ save changes ဆိုတာလေးကို ကလစ်လိုက်ပါ...ဒန့် ဒန့်... ဒန့်.....ဒါဆိုအိုကေသွားပါပီး...။

တကယ်လို့မြန်မာစာတမ်းလေးတွေနဲမြင်ချင်တယ်ဆိုရင်တော့ Panel title (optional) အောက်က box လေးတွေမှာ ကိုမြင်ချင်တဲစာရိုက်ထဲလိုက်ပါ။



ကျွန်တော်လုပ်ထားတာလေးလည်းတစ်ချက်ရှိုးကြည့်လိုက်ပါဦးဗျား.... လန်းတယ်ဟုတ်...?

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ