Welcome to my blog :)

rss

Tuesday, May 31, 2011

ဂျပန်နိုင်ငံ စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာစားသောက်ကုန် လုပ်ငန်းသုံးခုကို ဂျပန်စားသောက်ကုန် ကျွမ်းကျင်သူအဖွဲ့မှ လာရောက်ရွေးချယ်

63511
၂၀၁၀ ခုနှစ်တွင် ကျင်းပခဲ့သည့် ပြပွဲသို့ တက်ရောက် ပြသခဲ့သည့် Koko Noni ကုမ္ပဏီ
အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူး၍ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပြုလုပ်မည့် စားသောက်ကုန် ကုန်စည် ပြပွဲသို့တက်ရောက်ရန် မြန်မာစားသောက်ကုန် လုပ်ငန်း သုံးခုအား ဂျပန်စားသောက်ကုန် ကျွမ်းကျင်သူ အဖွဲ့မှ လာရောက် ရွေးချယ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းပြပွဲသို့ တက်ရောက်နိုင်ရန် အတွက် စားသောက်ကုန်လုပ်ငန်း ငါးခုတို့မှလျှောက်ထားခဲ့ကြကြောင်း နှင့် ပြပွဲသို့တက်ရောက်ရန်အတွက် လုပ်ငန်းသုံးခုကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြပွဲကို ၂၀၁၁ ခုနှစ်ထဲမှာတစ်ပွဲ၊ ၂၀၁၂ မှာတစ်ပွဲ၊ နှစ်ပွဲကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက တက်ရောက်ချင်တဲ့ စားသောက်ကုန်လုပ်ငန်းတွေထဲက ဂျပန်နိုင်ငံရဲ့ စားသောက်ကုန်ဆိုင်ရာ  အရည်အသွေး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ငန်းတွေကိုလာပြီး စိစစ်ရွေးချယ်တဲ့သဘောပါပဲ။ မြန်မာ စားသောက်ကုန် လုပ်ငန်းရှင်တွေ အနေနဲ့လည်း နှစ်စဉ်တက်ရောက် ဖြစ်ကြပါတယ်။ ပြပွဲနဲ့အတူ စားသောက်ကုန်ဆိုင်ရာ ဆွေးနွေးပွဲလည်း ပါမယ်လို့ သိရပါတယ်” ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ပြပွဲသို့တက်ရောက်ရန် ရွေးချယ်ခံရသည့် စားသောက်ကုန် လုပ်ငန်းများအနေဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အထိ ပြုလုပ်မည့် fhFood &  Beverage ပြပွဲနှင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်မည့ှ် Special Exhibition Foodex ပြပွဲများသို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံမှ တက်ရောက်ရန် စာရင်းပေးထားသော ကုမ္ပဏီများမှာ Myanmar Macadamia Nuts Producers Group ၊ Moe Hein ကုမ္ပဏီ၊ Tin Ye Win Manufacturing ကုမ္ပဏီ၊ Millennium Food Production ကုမ္ပဏီနှင့် Nay Phone Tauk Int'l Trading ကုမ္ပဏီတို့ဖြစ်ပြီး ဂျပန် နိုင်ငံကျွမ်းကျင်သူအဖွဲ့မှလာရောက် ရွေးချယ်ခဲ့သော ကုမ္ပဏီစာရင်းကိုလည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ