Welcome to my blog :)

rss

Tuesday, May 31, 2011

မော်တော်ယာဉ်များတွင် စီအင်န်ဂျီဓာတ်ငွေ့ တပ်ဆင် အသုံးပြုခွင့်ကို ၂၀၁၃ ခုနှစ်တွင် ပြန်လည် ခွင့်ပြုမည်

w63519
ရန်ကုန်မြို့ အလုံမြို့နယ် အတွင်းရှိ စီအင်န်ဂျီ ဓာတ်ငွေ့ဆိုင် တစ်ဆိုင်တွင် ဓာတ်ငွေ့ ထုတ်ယူရန် စောင့်ဆိုင်းနေသည်ကို မေလ ၂၇ ရက်နေ့က တွေ့ရစဉ်
ပြည်တွင်းရှိ ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့ နယ်မြေများမှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှုမှာ အကန့်အသတ်ဖြင့်သာ ထုတ်ယူလာနိုင်မှု တို့ကြောင့် ကမ်းလွန်ပိုင်းမှ ထွက်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို ပြည်ပမှ
စက်ကိရိယာကြီးများဖြင့် နိုက်ထရိုဂျင် ဖယ်ထုတ်ကာ ပြည်တွင်း စီအင်န်ဂျီ မော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရှိရသည်။
ထို့နောက် ပြည်တွင်းရှိ စက်သုံးဆီ အသုံးပြု မောင်းနှင်နေသော မော်တော်ယာဉ်များ စီအင်န်ဂျီဓာတ်ငွေ့ တပ်ဆင် အသုံးပြုခွင့်ကို ၂၀၁၃ ခုနှစ် အတွင်း၌ ပြန်လည် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရှိရသည်။
အဆိုပါ စီအင်န်ဂျီဓာတ်ငွေ့ ပြောင်းလဲတပ်ဆင် အသုံးပြုခွင့်ကို ၂၀၀၈ ခုနှစ် မတ်လ၀န်းကျင်ခန့်မှ စတင်ကာ ယာယီ ရပ်ဆိုင်းခဲ့ကြောင်း၊ ယခု လက်ရှိ အချိန်အထိ ပြည်တွင်း၌ စီအင်န်ဂျီ ဓာတ်ငွေ့ ပြောင်းလဲ တပ်ဆင်
အသုံးပြုနေသော မော်တော်ယာဉ် စုစုပေါင်း ၂၇၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
စီအင်န်ဂျီ ဓာတ်ငွေ့များကို ပြောင်းလဲတပ်ဆင် အသုံးပြုခွင့် ယာယီရပ်ဆိုင်းရခြင်း၏ အဓိက အကြောင်းအရင်းမှာ စီအင်န်ဂျီဓာတ်ငွေ့ ထွက်ရှိမှု လျော့နည်းလာခြင်းနှင့် ရေရှည် ထုတ်ယူမှုများ ပြုလုပ်နိုင်ရန် အတွက် ထွက်ရှိနေသော တွင်းများမှ ကန့်သတ်ချက်များဖြင့် ထုတ်ယူရောင်းချရမှုများ ရှိလာသောကြောင့် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
၂၀၁၃ ခုနှစ်အတွင်းမှ စတင်၍ ပြောင်းလဲတပ်ဆင် အသုံးပြုခွင့် ပေးသွားမည် ဆိုသည်နှင့် ပတ်သက်၍ ''အခု နှစ်နှစ်ကျော်ကာလ အတွင်းမှာ စီအင်န်ဂျီအိုးတွေ ပြောင်းလဲ တပ်ဆင်ခွင့်ကို ယာယီ ပိတ်ထားခဲ့ပါတယ်။ အဓိက
ကြောင်းအရင်းကလည်း အရင်တုန်းက တစ်နေ့ကို ကုဗပေ သန်း ၁၀၀ ကနေ ၁၂၀ ကြား ထွက်ရှိတဲ့ အဖျောက် သဘာဝဓာတ်ငွေ့ နယ်မြေက အခုချိန်မှာ တစ်နေ့ကို ကုဗပေ ခြောက်သန်းကနေ ရှစ်သန်းကြားပဲ အသုံးပြုနေရတယ်။
ဒါအပြင် ညောင်တုန်း နယ်မြေကလည်း အရင်တုန်းက တစ်နေ့ကို ကုဗပေ သန်း ၁၀၀ ၀န်းကျင်လောက် အသုံးပြုနိုင်တာကနေ အခုဆိုရင် တစ်နေ့ကို  ၃၅ သန်းလောက်ပဲ အသုံးပြုနိုင်တော့ပါတယ်''ဟု စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်၍ ''အသုံးပြုတဲ့ ဓာတ်ငွေ့ပမာဏ လျော့ပြီးတော့ အသုံးပြုရခြင်းကလည်း ရေရှည် အသုံးပြုနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ တွင်းထဲမှာ ရှိနေတဲ့ ဓာတ်ငွေ့တွေကို အလုံးအရင်း ထုတ်ယူ အသုံးပြုရင် မြန်မြန် ကုန်သွားနိုင်တဲ့ အတွက်ကြောင့် အခုလို လျော့ပြီးတော့ ထုတ်ယူ ရောင်းချပေးနေရခြင်း ဖြစ်ပါတယ်။ လက်ရှိ အသုံးပြုနေတဲ့ မော်တော်ယာဉ်တွေကို ရေရှည် ဓာတ်ငွေ့ ၀ယ်ယူခွင့် ရရှိဖို့ရယ်၊ နောက်ထပ် ပြောင်းလဲ တပ်ဆင်ချင်တဲ့ကားတွေ အသုံးပြုနိုင်ဖို့ အတွက်ကို ခေတ်မီတဲ့ စက်ကိရိယာတွေ သန့်ရှင်းတဲ့ စီအင်ဂျီ ဓာတ်ငွေ့တွေ ထုတ်လုပ်နိုင်ဖို့ အတွက် အခု တာဝန်ရှိသူအချို့ ကိုရီးယားနိုင်ငံကိုသွားပြီး စက်ပစ္စည်းတွေ ၀ယ်ယူဖို့ လေ့လာနေတယ်။ survey တွေ လုပ်နေတယ်။ အခု လက်ရှိ မော်တော်ယာဉ်တွေမှာ အသုံးပြုနေတဲ့ ဓာတ်ငွေ့ အမျိုးအစားက ကုန်းတွင်းပိုင်းက ထွက်တဲ့ ဓာတ်ငွေ့ အမျိုးအစားတွေပါ။ ကမ်းလွန်ပိုင်းကထွက်တဲ့ သဘာဝဓာတ်ငွေ့ အမျိုးအစားတွေက မော်တော်ယာဉ်တွေမှာ သုံးလို့ မရသေးပါဘူး။ အခု ကိုရီးယာက တင်သွင်းဖို့ လေ့လာနေတဲ့ စက်တွေနဲ့ ကမ်းလွန်ပိုင်းကထွက်တဲ့ သဘာဝဓာတ်ငွေ့ကို နိုက်ထရိုဂျင် ဖယ်ထုတ်ပြီး မော်တော်ယာဉ်တွေမှာ သုံးနိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်။ ဖယ်ထုတ်ပြီးတဲ့ နိုက်ထရိုဂျင် ဓာတ်ငွေ့တွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်အောင် ပညာရှင်တွေနဲ့ တိုင်ပင်နေပါတယ်။ ရွှေ သဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ကမ်းလွန်ဓာတ်ငွေ့တွေမှာ ဒီနည်းစနစ်ကို စသုံးပြီး ပြည်တွင်းမှာ ဖူလုံမှု ရှိအောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့အတူ ၂၀၁၃ ခုနှစ် အတွင်း၌ စီအင်ဂျီ ဓာတ်ငွေ့များကို လိုသလောက် ရောင်းချသွားမည့် အပြင် ဈေးနှုန်းများကိုလည်း ပြောင်းလဲသွားရန် အစီအစဉ် မရှိကြောင်း သိရှိရသည်။
ယခုလက်ရှိ အချိန်တွင် သဘာဝဓာတ်ငွေ့များ ရရှိရန် အတွက် မအူပင်၊ ညောင်တုန်း၊ အဖျောက် ဒေသများ၌ စမ်းသပ် တူးဖော်လျက် ရှိကြောင်း သိရှိရသည်။ စမ်းသပ် တူးဖော်ခဲ့သော အချို့ ဒေသများတွင် သဘာဝဓာတ်ငွေ့ ပမာဏမှာ တစ်နေ့လျှင် သန်း ၁၀၀ ရရှိခဲ့သည့် ပမာဏကို လုံးဝ မမီတော့ဘဲ အချို့ တွင်းများမှ ကုဗပေ ငါးသန်းမှ ၁၀ သန်း အထိသာ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
ပြည်တွင်း၌ စီအင်ဂျီဓာတ်ငွေ့ တပ်ဆင် အသုံးပြုနေသော မော်တော်ယာဉ်စာရင်း
ရန်ကုန် -    ၂၅၀၀၀ ၀န်းကျင်
ရေနံချောင်း  -    ၂၃၂
ချောက် -      ၂၃၁
ပုလိပ်၊ မန္တလေး  -     ၄၅၇

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ