Welcome to my blog :)

rss

Tuesday, May 31, 2011

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်ပြီ

အနောက်တောင် မုတ်သုံလေသည် မေလ ၁ ရက်နေ့မှ ၁၀ ရက် နေ့အတွင်း အကျုံးဝင်သည့် မေလ ပထမ ၁၀ ရက်ပတ်အတွင်း မြန်မာ နိုင်ငံသို့ စတင် ၀င်ရောက်နေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ၂၀၁၁ ခုနှစ် မေလ ၈ ရက် နေ့တွင် အနောက်တောင် မုတ်သုံလေ စတင် ၀င်ရောက်ခြင်းဖြစ်ပြီး ယင်းမှာ ပုံမှန်အချိန်၌ ၀င်ရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မုတ်သုံဝင်ရောက်သည် ဆိုသည်မှာ မိုးရေချိန် နှစ်မီလီမီတာဝန်းကျင်၊ သို့မဟုတ် နေ့စဉ်တူညီမှုရှိသော မိုး ရေချိန်ဖြင့် ငါးရက်ဆက်တိုက် မိုးစတင်ရွာသွန်းခြင်းကို ခေါ်ဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှုများသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် နောက် ကျလာခဲ့ပြီး မုတ်သုံထွက်ခွာချိန်များမှာလည်း စောလာခဲ့သည်။

အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ များသို့ နှစ်စဉ် မေလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ အကျုံးဝင်သည့် မေလ ပထမ ၁၀ ရက်ပတ်တွင် လည်းကောင်း၊ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလ ၁၅ ရက် ၀န်းကျင် တွင်လည်းကောင်း၊ အလယ်ပိုင်းဒေသ သို့ မေလ ၂၀ ရက်ဝန်းကျင်တွင် လည်းကောင်း၊ မြန်မာနိုင်ငံမြောက် ပိုင်းဒေသသို့ မေလ ၂၅ ရက်ဝန်း ကျင်တွင်လည်းကောင်း နှစ်စဉ်ဝင် ရောက်သော ပုံမှန်အချိန်ဖြစ်သည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ ၀င်ရောက်မှု နောက်ကျခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ