Welcome to my blog :)

rss

Tuesday, May 31, 2011

ဇွန်လမှစတင်၍ လေဆိပ်များတွင် ခရီးသည်ဝန်ဆောင်ခ ကောက်ခံသွားမည်

6358
လေဆိပ်များတွင် ဇွန်လ ၁ ရက် နေ့မှစတင်၍ ပြည်တွင်းထွက်ခွာ ခရီးသည်များထံမှ ခရီးသည်ဝန်ဆောင်ခ (Passenger Service Charge) ကို တစ်ဦးလျှင် မြန်မာငွေကျပ် ၁၀၀၀ နှုန်းဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း ညောင်ဦးလေဆိပ် တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
“ညောင်ဦးလေဆိပ်ရော တစ်နိုင်ငံလုံးမှာရှိတဲ့ လေဆိပ်တွေမှာပါ ကောက်ခံသွားမှာပါ။ နိုင်ငံခြား သားရော နိုင်ငံသားပါ လေဆိပ်က ပြည်တွင်းခရီးထွက်ခွာရင် ခရီးသည် ၀န်ဆောင်ခ ကျပ် ၁၀၀၀ ပေးဆောင် ရပါမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောပါသည်။ ခရီးသည် ၀န်ဆောင်ခအား ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေဆိပ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသည် ၀န်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဆောင်ရွက်နိုင်ရန် ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။ ခရီးသည် ၀န်ဆောင်ခ ကောက်ခံမှုအတွက် လေကြောင်းလိုင်းများ၊ သက်ဆိုင်သူများသိရှိရန် အကြောင်းကြားစာ ဖြန့်ဝေထားကြောင်း သိရသည်။ PSC ကောက်ခံခြင်းအား ယခင်က ပြည်ပထွက်ခွာ(နိုင်ငံခြားသား/နိုင်ငံသား) ခရီးသည်များကိုသာ ရန်ကုန်နှင့်မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်များတွင် ကောက်ခံမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပုဂံညောင်ဦး လေဆိပ်သည် ပုဂံဒေသ ခရီးသွားလုပ်ငန်း၏ အဓိက၀င်/ထွက်ပေါက်တစ်ခုဖြစ်ရာ ပြည်တွင်းပြည်ပ ခရီးသွား နေ့စဉ် ၁၀၀ ၀န်းကျင်မှ ၉၀၀ ၀န်းကျင်ထိ ၀င်/ထွက်သွားလာ အသုံးပြုလျက်ရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ