Welcome to my blog :)

rss

Thursday, April 21, 2011

ကျန်းမာရေး ၀န်ကြီးဌာန၏ FDA က ဂျပန်မှ ၀င်ရောက်လာသော အစားသောက်များကို ရေဒီယိုသတ္တိကြွမှု ပါမပါ လိုက်လံ စစ်ဆေးသွားမည်


ရန်ကုန် ၊ မတ် ၂၆

ဂျပန်ငလျင်ပြီးနောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဂျပန်နိုင်ငံမှ ရောက်ရှိလာသူများအား အနုမြူ ဓာတ်ရောင်ခြည် သင့်မှု စစ်ဆေးခြင်း ပြုလုပ်ရာတွင် တွေ့ရှိရသူ တစ်ဦးမှ မရှိသေးသော်လည်း ကျန်းမာရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးများ ကွပ်ကဲရေးအဖွဲ့ (FDA) က ဂျပန်မှတင်သွင်းသော အစားအသောက်များကိုပါ စိစစ်သွားမည်ဟု သတင်းရရှိသည်။

မြန်မာပြည်တွင်းသို့ ဂျပန်နိုင်ငံမှ အစားအသောက် တင်ပို့ ရောင်းချမှုမှာ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံများနှင့် ယှဉ်လျှင် အလွန်နည်းကြောင်း၊ ပြည်တွင်းရှိ ဂျပန်စားသောက်ဆိုင်များ မှာလည်း ကုန်ကြမ်းအများစုကို အဆိုပါ နှစ်နိုင်ငံမှသာ ၀ယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။ FDA သည် ဂျပန်ပစ္စည်းများ အ၀င်ကို သာမက ရန်ကုန်မြို့ရှိ ဂျပန် အစားအသောက် ဆိုင်များနှင့် ဆူပါမားကတ်များရှိ ဂျပန်မှ တင်သွင်းသော စားစရာများကို အဓိကထားကာ လိုက်လံ စစ်ဆေးသွားမည်ဟု ကြားသိရသည်။



ဆက်စပ်သတင်းတစ်ပုဒ် အနေဖြင့် ဖော်ပြရလျှင် ဂျပန်ကျ ကားများကို အများဆုံး အားထားနေသော ပြည်တွင်း ကားအရောင်းအ၀ယ် ဈေးကွက်၌ ဂျပန်ငလျင်ကြောင့် ကားများ အ၀င်လျော့ကာ တက်ရိပ်ပြနေကြကြောင်း လက်ရှိတွင် သိသိသာသာ မတက်သေးသော်လည်း အောက်ကားများ ၅ သိန်းခန့် ၊ ပုံမှန်ကားများ ၁၀ သိန်းခန့် တက်သွားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ