Welcome to my blog :)

rss

Saturday, October 30, 2010

လူဦးရေအဆမတန် တိုးပွားလာမှု့ နှင့်သဘာဝပတ်ဝန်းကျင် အန္တရာယ်များ (အပိုင်း-၁)

အောင်နိုင်သူတို့ ယခုနေထိုင်နေကြတဲ့ ကမ္ဘာမြေကြီးရဲ့သက်တမ်းဟာ နှစ်ပေါင်းသန်းနဲ့ချီနေပါပြီး။ကမ္ဘာလောကကြီးအတွင်းက သက်ရှိ သက်မဲ့၊ဒြပ်ရှိ
ဒြပ်မဲ့ အရာတွေဟာလည်း အချိန်နဲ့အမျှ တည်မြဲမှုမရှိဘဲအမြဲတမ်း
ပြောင်းလဲနေပါတယ်။ပြောင်းလဲမှုဖြစ်စဉ်တွေထဲမှာတော့ သက်ရှိလောကရဲ့
ဘုရင်ဖြစ်တဲ့ လူသားတွေတိုးပွားနှုန်းဟာလည်း ကြောက်စရာကောင်းလောက်အောင်
လျင်မြန်လာပါတယ်။(အောင်နိုင်သူလည်း လူသားမျိုးနွယ်ထဲကလူသားတစ်ဦး ဖြစ်ပေမယ့် ရှေ့မျက်နှာနောက်ထားပြီးရေးရရင်)လူဦးရေ အဆမတန်တိုးပွားလာတာဟာ
အခြားသောသက်ရှိသတ္တ၀ါတွေရဲ့အသက်ရှင်ဖြစ်တည်မှုနဲ့
သဘာဝပတ်ဝန်းကျင်ကိုအန္တရာယ်ရှိလောက်အောင် ခြိမ်းခြောက်လာပါတယ်။တိုးပွားလာတဲ့
လူဦးရေနဲ့လိုက်ပြီး လိုအပ်မှုတွေဟာလည်း
အလွန်ပဲများပြားလာပါတယ်။လူသားတွေရဲ့ လိုအပ်မှုတွေကြောင့်အခြားသော
သစ်ပင်များနဲ့ သက်ရှိမျိုးနွယ်အားလုံးဟာ
မျိုးတုန်းလုနီးပါးအခြေအနေကိုရောက်ရှိနေပါပြီး။ လူသားတွေဟာ
အစုံစားသတ္တ၀ါမျိုးနွယ်ပါ။မိမိတို့အချင်းချင်းကလွှဲလို့ သစ်ပင်၊သစ်သီးများနဲ့

အခြားသောမျိုးခြားသတ္တ၀ါတွေအားလုံးနီးပါးကိုစားသုံးပါတယ်။လူသားတွေဟာမိမိတို့ရဲ့
အသက်ရှင်ဖြစ်တည်မှု ကြာရှည်တည်မြဲဖို့ တစ်ခုတည်းအာရုံစိုက်ကြတယ်။
နယ်မြေချဲ့ထွင်းဖို့အတွက် သဘာဝအရင်းအမြစ်တွေဖြစ်တဲ့
သစ်တောတွေ ဟက်တာသန်းနဲ့ချီပြီး
ခုတ်လဲခဲ့ပါတယ်။သယ်ယူပို့ဆောင်ဆက်သွယ်ရေးအတွက် ရုပ်ကြွင်းလောင်စာသုံး
စက်တပ်ယာဉ်နဲ့စက်ရုံ၊အလုပ်ရုံများစွာကို
ကမ္ဘာတ၀န်းတည်ဆောက်သုံးဆွဲမှုဟာလည်း မြင်မကောင်းလောက်အောင်တွေ့နေရပါတယ်။အကျိုးဆက်ကတော့
ရုပ်ကြွင်းလောင်စာသုံးစွဲမှုကြောင့်ထွက်ပေါ်လာတဲ့
အလွန်များပြားသောကာဘွန်ဒိုင်အောက်ဆိုဒ်တွေဟာ ကမ္ဘာလေထုထဲကိုရောက်ရှိသွားပြီး

ကမ္ဘာကြီးပူနွေးလာမှုလွန်ကဲလာတော့သည်။ရေခဲတောင်များအရည်ပျော်မှုများပြားလာခြင်း၊ကူးစက်ရောဂါများဖြစ်ပွားလာခြင်း၊သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊အိုဇုံလွှာပေါက်ပြဲမှုများကြောင့်
ရှေ့ရေးမျှော်မြင်စဉ်းစားတတ်သူများ၊သိပံ္ပပညာရှင်များနှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများပူးပေါင်းကာအခြေအနေ
အရပ်ရပ်ကိုတင်ပြနိုင်၍သာ အရှိန်အဟုန်လျော့နည်းသွားခြင်းဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ