Welcome to my blog :)

rss

Friday, October 29, 2010

> နှလုံးသား သန့်ရှင်းရေး (ကျစ္စတီရာအတွင်းကျင့်စဉ်များ)

နှလုံးသားသန့်စင်ဖို့ အလ္လဟ်အသျှင်မြတ်က တမန်တော်မိုဟာမက်သခင်ကို လူ့ပြည်လူ့လောကမှာ စေလွတ်ပြီး လုပ်ခိုင်းထားတဲ့
အလုပ် (၄)ခုထဲမှာ တစ်ခုအပါအဝင်ပဲ....အင်မတန်မှအရေးကြီးလို့ မြတ်တမန်တော်ကို တာဝန်တစ်ခုအနေနဲ့ ပေးအပ်ဆောင်ရွက်
စေခဲ့တာပါ...

မြတ်တမန်တော် လူ့ပြည်လူ့လောကမှာ အလ္လဟ်အသျှင်ရဲ့ စေလွတ်တာဝန်ပေအပ်မှုကို အပိုင်း (၄)ပိုင်းခွဲပြီး ပြုလုပ်ခဲ့တယ်လို့
သာသနာ့ပညာရှင်များတင်ပြထားပါတယ်....တမန်တော်လူ့ပြည်လူ့လောကမှာ ဘာတွေလုပ်ဆောင်သွားခဲ့လည်းလို့မေးရင် အဲ့ဒီအလုပ်
(၄) ခုကို လာရောက်လုပ်ဆောင်တယ်လို့ တွေ့ရမှာဖြစ်တယ်......အဲ့ဒီအလုပ်(၄) ခုကို ပြည့်စုံအောင် ဆောင်ရွက်ပြီးတဲ့နောက်မှာ
လူ့ပြည်လူ့လောကရဲ့ တာဝန်တွေကနေ ရပ်နားပြီး (တနည်း) နောက်လိုက်များများကို ဒီတာဝန်တွေလွှဲ ပြီး လူ့ပြည့်လူ့လောကကနေ
အောင်မြင်သောလူသားတစ်ယောက်အနေနဲ့ထွက်ခွါသွားခဲ့ပါတယ်........

မြတ်တမန်တော် ဆောင်ရွက်အကောင်အထည်ဖေါ်ခဲ့တဲ့ မြင့်မြတ်တဲ့ အလုပ်(၄) ခုက


(၁) သာလင်မ်ခေါ် အလာအသျှင့်ချီးမြင့်မှုဖြစ်တဲ့ အစ္စလမ်သာသနာရဲ့ အပြင်ပိုင်းပညာရပ်များကို သင်ယူစည်းပူးခြင်း ၊ ပြန်လည်ပို့ချခြင်း

(၂) ဒါအ်ဝါ ခေါ် လူသားများကို ကောင်းသောဘက်သို့ ဖိတ်ခေါ်သမှုပြုခြင်း

(၃) သဇ်ကေအာအေနဖ်(စ)လို့ ခေါ်တဲ့ စိတ်ကို ဖြူစင်သန့်ရှင်းအောင်လုပ်ခြင်း

(၄) ဂျီဟတ်လို့ ခေါ်တဲ့ ရှိပြီးသားသာသနာ့နေအ်မသ် စည်းစီမ်းများကို ရန်အပေါင်းမှ ခုခံကာကွယ်ရန် ဆောင်ရွက်ခြင်း

ဒီ(၄) ခုစလုံးကို အလ္လဟ်အသျှင်ရဲ့ ညွှန်ကြားမှုနဲ့ မြတ်တမန်တော် ပြည့်စုံစွာ အကောင်အထည်ဖေါ်သွားခဲ့ပါတယ်....... 



min nyo Comment by min nyo on August 31, 2009 at 2:42pm
Delete Comment တော် တော် တော့ ရေးနိုင် တာ ပဲ ။ ဘိုင် 3 ရက် ဂျမာ အတ် ထွက် လိုက် ပါ ဘိုင် ။ နှလုံးသား သန့် ရှင်းသွားပါလိမ့်မယ် ။ ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:29pm
Delete Comment ဗစားသ်ကျင့်စဉ်ဖြင့် ကျင့်ကြံအားထုတ်နည်း.... ဆာလီက်သည် အထက်ပါနည်းလမ်းများအတိုင်း အသက်ကိုရှူသွင်း၍ ဦးခေါင်းငယ်ထိပ်စီသို့ ယူဆောင်လျှက် ရပ်တည်စေရမည် ။ ထိုနေရာတွင် လေးဘက်လေးတန် အနီရောင်စက်ဝိုင်း နေလုံးပမာ ပုံဖေါ်အာရုံပြုရပေမည် ။ ဆက်လက်၍ယင်းစက်ဝိုင်းသည် တစ်ဆင်ပြီးတစ်ဆင့် ဖြည်းဖြည်းတစ်စီမ့်စီမ့် တစ်ကိုယ်လုံးတွင် ပျံနှံ လွမ်းညခုံသွားပြီဟူ၍ အာရုံပြုရပေမည် ။ ထို့ပြင် သူ၏ခန္ဒာကိုယ်တစ်ခုလုံးသည် ၄င်းနူရ်ရောင်ခြည်၏စက်ဝန်းတွင် နစ်မွန်းပျောက်ကွယ်သွားသည်ဟူ၍ အာရုံပြုရပေမည် ။ ၄င်းစက်ဝန်းသည် (ဟူ) ဆိုသည့် အရပ်မျက်နှာနှင့် အတိုင်းအဆမရှိသောအဓိက ဇားသ် အလ္လဟ်ဇီဇတော်တွင် တည်မြဲသွားပြီးဟူ၍ အာရုံပြုရပေမည် ။ ဤအဆင့်တွင် ဆာလီက်သည် လာဟူသေမုဟမ္မဒီ တမန်တော်မြတ်၏မူရီတော်စခန်းနှင့် သဂျလီယေဇားသ် အလ္လဟ်အသျှင်မြတ် ဗီဇနူရ်ရောင်ခြည်တော်စခန်းဆီသို့ ပေါက်ရောက်သွားပေသည် ။ အဆိုပါစခန်းများတွင် မူရ်ရောင်ခြည်တော်များကို အသွင်အမျိုးမျိုး ဖြင့် ဖူးမြင်ရပေမည် ။ အဝါရောင်မြင်ရလျှင် နူရေ နဖ်စိုနာစူးသ် လောကီရောင်ခြည်ဖြစ်ပေသည် ။ အနီရောင်မြင်လျှင် နူရေမလကူးသ် မလာအေကဟ် ကောင်းကင်တမန်များ၏ နူရ်ရောင်ခြည်တော်ဖြစ်ပေသည် ။ အစီမ်းရောင်မြင်ရလျှင် နူရေဂျဗရူးသ် မြင့်မြတ်သောစွမ်းအင် (ကောင်းကင်တမန်) ဂျဗ်ရာအီးလ်၏ မူရ်ရောင်ခြည်တော်ဖြစ်သည် ။ အနက်ရောင်မြင်ရလျှင် နူရေလာဟူးသ် မြင့်မြတ်တော်မူသော အလ္လဟ်အသျှင်မြတ်၏ နူရ်ရောင်ခြည်တော်ပင်တည်း ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:28pm
Delete Comment စရ်မဒီကျင့်စဉ်ဖြင့် ဇီကီရ်ကျင့်ကြံ အားထုတ်နည်း အထက်ပါကျင့်ကြံအားထုတ်နည်းအတိုင်း နှာခေါင်း နားနှင့်မျက်စိများကိုမိတ်၍ စိတ်ထဲတွင်ကျွန်တော်မျိုး၏ ဦးခေါင်းအထက်မှ တောင်ကျရေးများ စီးကျနေသည့်အသံကို ကြားနေရသည်ဟူ၍ အာရုံပြုနေရပေမည် ။ ထိုအသံကို ဝိရီယရှိစွာဖြင့် စွဲစွဲမြဲမြဲ ပျင်းရိပျက်ကွင်ခြင်းမရှိပဲ နားစွင့်နေရမည်။ ဤကဲ့သို့စဉ်စက်မပျက် မှန်မှန်လေ့ကျင့်ပေးခြင်းအားဖြင့် ထိုအသံသည်မည်မျှ စွမ်းအားကောင်းလာမည်ဆိုလျှင် နားကိုမပိတ်ပဲထားလျှင်လည်း တောင်ကျရေများစီးကျနေသည့်အသံကိုကြားမြဲ ကြားနေရပေမည် .ထိုမှတဆင့်ဤအသံသည် တစ်ကိုယ်လုံးပျံနှ့သွားကာ ခန္ဒာကိုယ်အတွင်းအစိတ်အပိုင်းအချို့ တို့မှပင်ရေစီးကျနေသည့်အသံ ကိုကြားနေရပေမည် ။ ဤစခန်းတွင်စာလီက်သည် အီလ်ဟာမေဆွဒရီး အကြားဓါတ်ဖြင့်ရရှိသည့်အသိတရားနှင့် အီလ်ဟာမေဟသဖွီ တို့ရိုက်အသံဖြင့် ကြားရသည့် အသိတရားတို့ကို ပိုင်ဆိုင်သူဖြစ်သွားပေမည် ။ ဆူဇီသူတော်စဉ်များ၏ ဝေါဟာရတွင် ဤအသံကို (စောင်သေဟမ်စ်) လျှို့ဝှက်သံ ဟူ၍သုံးနှုံးထားပေသည် ။ ထိုသို့သောအသံနှင့်ပတ်သက်၍ ကိုရ်အန်ကျမ်းတော်မြတ်တွင် ဝခဆအသီလ်အစ်ဝါးသို့ လီရ်ရဟ်မားနေ ဖလာသစ်မအို အီလ္လာဟမ်ဆ အဓိပယ်....၄င်းအပြင် ရဟ်မန်အနတ္တဂရုဏာတော်ရှင်၏ရှေ့မှောက်တွင် ကြောက်ရွ့သောကြောင့် ၄င်းတို့၏အသံများမှာ ငြီမ်ဆက်၍သွားကြပေသည် ။သို့ဖြစ်ပေရာအသင်တို့သည် တီးတိုးပြောဆိုချက်မှအပ မည်သည့်အသံကိုမှကြားရလီမ့်မည်မဟုတ်ပေဟူ၍ ပါရှိပေသည် ။ တမန်တော်မူစာသည် သွူရ်တောင်ပေါ်ရှိ ဗရ်ကသ်မင်္ဂလာရှိသောအပင်၏ အကွယ်မှကြားသိ ခံစားရသောအသံသည်လည်း ဤအသံမျိုးကဲ့သို့ပင်ဖြစ်လေသည် ။ ဤစရ်မဒီဇိကီရ် ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ရတွင် ခေါင်းလောင်းမည်သံကိုလည်းကောင်း တစ်ခါတစ်ရံ အသံတစ်မျိုးစီကိုလည်းကောင်း မိုးထစ်ချုံးသံ ညျှပ်စီးလျှပ်သံတို့ကိုလည်းကောင်းကြားရပေမည် .ဆာလီက်သည်မိမိကိုယ်မိမိ ရှိသည်ဟူ၍ပင် မသိတော့်သည့်အခြေအနေသို့ ရောက်သွားပေမည် ။ ထို့အပြင်လရောင်ခြည် နေရောင်ခြည် လျှပ်စီးရောင်ခြည်စသည်တို့ကိုလည်ူသိမြင်လာပေမည် ။သို့ရာတွင်အဆိုပါမြင်ကွင်းများသည် ထူးဆန်းအံသြဖွယ်ရာများဖြစ်ကြသော်လည်း ထိုမြင်ကွင်းများဘက်သို့ ဦးလှည့်သွားခြင်းမျိုးမဖြစ်ပါစေနှင့် ။အထိကရည်ရွယ်ချက်မှာ အလ္လဟ်အသျှင်မြတ်၏ဇားသ် ဇတြိတော်ကိုရရှိရန်သာဖြစ်သည် .မိမိ၏အာရုံကို အလ္လဟ်အသျှင်မြတ်ဘက်သို့သာ ထားရှိရပေမည်။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:28pm
Delete Comment ဇီက်ရေ ဆူလ်တာနူလ် အဇ်ကဲရ် ကျင့်ကြံအားထုတ်နည်း အာရုံ ငါးပါးကိုချုပ်တည်း၍ နားနှစ်ဘက်စလုံးကို လက်ချောင်း သို့မဟုတ် ဂွမ်း ဖြင့်ပိတ်ဆို့၍ အသက်ရှူရှိုက်ခြင်းကို အထက်ဖေါ်ပြပါနည်းအတိုင်း ချက်မှစ၍ ဆွဲငင်ကာ ဦးခေါင်းငယ်ထိပ်တွင် ရပ်တည်စေရမည် ။ ထိုမှတဆင့် နှလုံးသား၏ဝန်းကျင်ဆီသို့ ယူဆောင်လျှက် အီစ်မေဇားသ် ဇီက်ရေကလ်ဘီ (အလ္လဟ် အလ္လဟ်) ရွတ်ဆိုရပေမည် ။ ထိုသို့ရွတ်ဆိုနေစဉ် စိတ်ထဲတွင် အလ္လဟ်အသျှင်မြတ်၏ အချစ်တော်ဖြင့် တည်ငြီမ်နေသောနှလုံးသားထဲမှ ကြားသိရမည့်အသံတစ်ခုအား အဆက်အသွယ်ရယူကာ အမှီသဟဲပြုနေရမည် ။ ထို့နောက်နှလုံးသားဝန်းကျင်နှင့် ဦးခေါင်းငယ်ထိပ်အတွင်း အတွင်းရှိနေသော တော်က်ပ သည့်အလင်းရောင်အစက်ကလေးကိုအာရုံပြုနေရမည် ။ ဦးခေါင်းငယ်ထိပ်ကိုအချို့က လသီဖွါအေအခ်ဖွါ ဟူ၍ခေါ်ဆိုကြလေသည် ။ ဤကျင့်စဉ်တွင် အဆိုပါ အလင်းရောင်အစက်ကလေးသည် တဖြည်းဖြည်း တစီမ့်စီမ့်ကျယ်ပြန့်လာကာ တကိုယ်လုံးထွန်းတောက်ကွန့်မြူးလာသည်အထိ ကျင့်ကြံအားထုတ်ရပေမည် ။ ၄င်းပြင် အရ်ရှ် မိုးကောင်းကင်မှမြေပြင်အထိ နူရ်ရောင်ခြည်များ ကန်မြူးလာသည်ကိုတွေ့မြင်ရသည်အထိ ဆက်လက်ကြင့်ကြံ အားထုတ်ရပေမည် ။ အဆိုပါနူရ်ရောင်ခြည်တွင် အမှန်တရားနှင့် မလာအေကဟ်ကောင်းကင်တမန်များ၏ နမိတ်လက္ခဏာများကိုတွေ့မြင်၇ပေမည် ။ ဆာလီက်သည် ဤအဆင့်သို့ ရောက်ရှိသွားသည့်အခါ မိမိ၏မူလဘူတဖြစ်သည်မှုသည် အရာခပ်သီမ်းတို့ကိုစီုးမိုးချုပ်ကိုင်ရန် တာဝန်ပေးအပ်ခံရသူဖြစ်ကြောင်း သိရှိသွားလေသည်။ ဤအဆင့်တွင် ဆာလီက်တရားအားထုတ်သူ၏ ဂုဏ်သည် အလ္လဟ်အသျှင်မြတ်၏ဂုဏ်တော်နှင့် ပြောင်းလည်းသွားပေသည်။ အင်းနီဂျာအေလို့ ဖွီလ်အရ်ဒွေ ခလီးဖ ကမ္ဘာပေါ်ဝယ် လူသားသည် အလ္လဟ်အသျှင်မြတ်၏ ခလီဖွါကိုယ်စားလှယ်ဖြစ်ခြင်း ဆိုသည့်အထောက်အထားဖြစ်သွားလေသည် ဝလ်လားဟို ယရ်ဇိုကု မိုင်းယရှာအို အလ္လဟ်အသျှင်မြတ်သည် မိမိအလိုရှိသူကို နေအ်မသ် ဂရုဂာ ချီးမြင့်တော်မူသောစရင်းတွင် ထိုတရားအားထုတ်သူပါဝင်သွားလေသည် ။ ထို့အပြင် အီလ်ဟာမေ ဆွာဒ်ရီး ရင်ဖွင့်၍အသျှင်မြတ်ထံမှ အသိတရားနှင့် (အီလ်ဟာမေဟသဖွီး) တိုက်ရိုက်အကြားအသိတရားကို ရရှိ ပိုင်ဆိုင်သူ ဖြစ်သွားပေသည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:28pm
Delete Comment ဇီကီရ်များ၏ထဋ်ခေါင် (ရှူဂုလ် ဆူလ်တာနူလ် အဇ်ကာရ်) ကျင့်ကြံအားထုတ်နည်း ဆာလီက်သည် တကိုယ်ထဲအမှောင်ထဲ တွင်း အရူးသ် အီစ်သီဂ်ဖွါရ် သအောင်ဝုဇ် (အာအူဇုဘိလ္လဟ်) သစ်မီယာ (ဘီစ္စမီလ္လာ) တို့ကိုရွတ်ဖတ်ပြီးနောက် အလ္လဟွမ္မ အအ်သွိနီ နူးရောင် ဝဂ်ျအလ်နီ နူးရောင် နောက်ဆုံးထိ ဒိုအာကိုတောင်းဆို၍ ထိုင်လျှင် လှဲလျှောင်းလျှက် သို့မဟုတ် မတ်တပ်ရပ်လျှင် မည်သည့်နည်းဖြင့်ဖြစ်စေ မိမိကိုယ်ကို ကိုယ်ဖေါ့၍ သေသူတစ်ယောက်ပုံဖေါ်၍ အာရုံပြုကာ ဦးခေါင်းအစ ခြေရင်းအဆုံး တစ်ကိုယ်လုံးသို့ စိတ်အာရုံစူးစိုက်ရပေမည် ။ အသက်ရှူသွင်းချိန်တွင် အလ္လဟ် နှင့် အသက်ရှူထုတ်ချိန်တွင် ဟူ ကိုစိတ်အာရုံဖြင့် ဖတ်နေသည်ဟူ၍ မှတ်ယူထားရမည် ။ အသက် ရှူသွင်းရှူ ထုတ်ချိန်တွင် ကျွန်တော်မျိုး၏ ခန္ဒာကိုယ်အစိတ်အပိုင်းအားလုံးသည် ဟူ ကိုဖတ်လျှက်ရှိသည်ဟုမှတ်ယူရပေမည် ။ ဤသို့ ကျင့်ကြံအားထုတ်ချိန်တွင် မိမိကိုယ်ကိုမိမိ သတိမရတော့်လောက်အောင် (တနည်း) အသိပျောက်သွားသည့် တိုင်အောင် ယင်းဇိကီရ် တွင်နှစ်မွန်းသွားရပေမည် ။ အင်ရှာအလ္လဟ် ရက်အနည်းငယ်အတွင် တစ်ကိုယ်လုံး နူရ်ရောင်ချည်တော်ဖြင့် ထွန်းတောက်ကွန့်မြူးလာ သည်ဟု ခံစားရပေမည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:27pm
Delete Comment အစ္စမေဇားသ် ကလန်ဒရီဇီကီရ် စီးဖြန်းနည်း အလ္လဟ်ဆိုသည့် နာမတော်စကားလုံးကို အာရုံဖြင့် လသီဖွါအေနဖ် မှစတင်ဆွဲငင်ကာ လသီဖွါအေ အခ်ဖွါ ဦးခေါင်းငယ်ထိပ် အတွင်းသို့ ယူဆောင်သွားရပေမည် ။ ထိုနေရာတွင် ဟူ ကိုထုတ်၍ နှလုံးသားပေါ်သို့ ရိုက်သွင်းသွားရမည် ။ဤဇိကီရ်စီးဖြန်းခြင်းအားဖြင့် ဆာလီက် သည် ကောင်းမီန်သောအကျင့်သီလများ ရရှိသည့်အပြင် ဒွိဟသံသယများနှင့် အတွေးပြန့်လွင့်ခြင်းများ ရပ်တန့်သွားပေမည်။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:27pm
Delete Comment အသက်အောင့်၍ (နဖီအီစ်ဘားသ်)ဇိကီရ်စီးဖြန်းနည်း အီစ်သီဂ်ဖွါရ် (အစ္စသဂ်ဖွေရွလ္လာ) (၁၁)ကြီမ်ဖတ်၍ မုအောက်ဝဇတိုင်းန် ကွလ်အာအူးဇို ဘေရဗ်ဘီလ်ဖလက်နှင့် ဗေရဗ်ဘီန်းနားစ် (၃)ကြီမ်စီ ဖတ်ရပေမည် ။ ထို့နောက်ဒရူးဒ် (၁၁)ကြီမ်ဖတ်ပြီး သွရီကာလမ်းစဉ်၏ မရှာအီခ် နည်းပေးလမ်းပြဆရာတို့၏ ဝိညဉ်များအပေါ်သို့ အကျိုး စဝပ်ကိုပို့သရင်း ဤဒိုအာကိုတောင်းဆိုရပေမည် ။ အလ္လာဟွမ္မ အအ်သွိနီ နူးရောင်ဝဂ်ျအလ်လီ နူးရောင် ဝအအ်ဇွမ်းလီ နူးရောင် ဝဂ်ျအလ်နီ နူးရာ အဓိပယ်..........အိုးအလ္လဟ်အသျှင်မြတ် ကျွန်တော်မျိုးအား နူးရ်အလင်းရောင်ချီးမြှင်တော်မူပါ ။ ကျွန်တော်မျိုးအတွက်နူရ်အလင်းရေင် ဖန်တီး ပေးတော်မူပါ ။ ကျွန်တော်မျိုးအတွက်နူရ်အလင်းရောင်ကို တိုးမြှင့်ပေးသနားတော်မူပါ ။ ကျွန်တော်မျိုးအား နူးရ်အလင်းရောင်ပြုလုပ်ပေးသနား တော်မူပါ . ထို့နောက် (လာမဟ်ဘူးဘအီလ်လလ္လာ )ရွတ်ဆိုပြီး မျက်စိမှိတ်၍အသက်ရှုကာ လသီဖွါအေ နဖ်စ်မှဆွဲယူ၍ ဦးခေါင်း၏ငယ်ထိပ် (ယင်းနေရာကို လသီဖွါအေ အခ်ဖွါဟုလည်းခေါ်ဆိုပေသည် ) သို့ရောက်သော်အခါ အသက်အောင့်ထားရပေမည် ။ နေ၊ လ၊ ကြယ် တာရာနှင့် မီးခွက်အလင်းရောင်ပမာ အာရုံပြုရပေမည် ။ တဖန်လသီဖွါအေ နဖ်မှအာရုံဖြင့် (လာ) ကိုဆွဲဆို၍ ရင်ဝဆီသို့ဆွဲငင်ရ ပေမည် ။ယင်းကို လသီဖွါအေစီရ်ဟုခေါ်ဆိုပေသည် ။ ထိုမှတဆင့် (အိလာ) ကို ညာဘက်ရင်ညွှန့်၏ လက်နှလုံးအောက် (လသီဖွါအေရူးဟ်) အထိစွဲယူရရမည် ။ ထိုနေရာတွင် (ဟ)ကိုတစ်ဆက်ထဲစွဲယူကာ သွရဗ်တစ်ချက်ကို (မကာမေခဖိ) နာဖျားရှိနာနုနေရာတွင်ရိုက်ရမည် ။ နောက်ထပ်တွရဗ်တစ်ချက်ကို ဥိးခေါင်းငယ်ထိပ်အတွင်း (လသီဖွါအေအခ်ဖါ) သို့ရိုက်ရမည် ။ ထိုမှတဆင့် (အိလလ္လာကို)အာရုံဖြင့်စွဲ၍ နှလုံးသားနေရာ (လသီဖွါအေကလပ်တွင်) သွရဗ်တစ်ချက်ရိုက်ရမည် ။ အသက်တစ်ကြီမ်အောင့်ထားနိုင်သရွေ့ ကျင့်ကြံအားထုတ်ရမည်။ အသက်မအောင့်နိုင်တော့်ပါက......... မုဟမ္မဒူရ် ရစူလွလ္လာဟိ ဆွလလ္လာဟုအလိုင်းဟီ ဝအားလေဟီ ဝအစ်ဟားဘေဟီ ဝဘားရီက် ဝဆလ်လီမ် ကိုရွတ်ဆိုလျှက် အသက်ရှူထုတ်လိုက်ရပေမည် ။ထို့နောက်မျက်စိဖွင်၍ အချိန်အနည်းငယ်အနားယူရပေမည် ။ ဤသို့နားနေစဉ် ဤဒိုအာကိုတောင်းဆိုနေရပေမည် ။ အလ္လာဟွမ္မ အအ်သွီနီ နူးရောင်ဝဂ်ျအလ္လီ နူးရောင်ဝအအ်ဇွမ်းလီ နူးရောင်ဝဂ်ျအလ်နီ နူးရောင်ဝအန်ယမီးနီ နူးရောင်ဝအန်ရှီမားလီ နူးရောင်ဝဖီးအိုင်နီ နူးရောင်ဝဖီး ဝဂ်ျဟီ နူးရောင်ဝဖီးကလ်ဘျွီူးရောင်ဝဆားအိရီ ဂျစဒီနူးရာ လာမဟ်ဘူးဘအီလလ္လာရွတ်ဆို၍ မျက်စိမှတ်ခါ အသက်ရှူခြင်းကို လသီဖွါအေနဖ် ချက်အောက်မှစွဲ၍ လသီဖွါအေအခ်ဖွါခေါ် ဦးခေါင်း ငယ်ထိပ်တွင်ရပ်တန့်စေရမည် ။ ထို့နောက်အထက်ဖေါ်ပြပါ နည်းစနစ်အတိုင်း နဖီအစ်ဘားသ်နှင့် ကျင့်ကြံအားထုတ်သွားရမည် ။ ဤကျင့်စဉ်ကိုနေ့စဉ် အသက်အောင့်ခြင်း ရှူထုတ်ခြင်းတို့ဖြင့် (၁၀)ကြီမ်ထိ ဝမ်းဟာနေချိန်တွင် သီးသန့်တစ်နေရာ ငြီမ်သက်စွာ အာရုံပြုကာ ကျင့်ကြံအားထုတ်ရပေမည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:26pm
Delete Comment ဇီက်ရေ အရ်ရားဟ်စီးဖြန်းနည်း ဤဇိကီရ်ကို လဖ်ဇေဇားသ် နဖီးအစ်ဘားသ် ဇိကီရ်စီးဖြန်းနည်းအတိုင်းလည်းကျင့်ဆောင်အားထုတ်နိုင်ပေသည်။ လသီဖွါအေနဖ်စ် (ချက်အောက်)သို့ မဟုတ် နှလုံးသားသို့မဟုတ် ဒူးခေါင်းများဘက်မှ လဖ်ဇ်အလ္လာ သို့မဟုတ် လာအိလာဟကိုဆို၍ ညာ ဘက်ပခုံးဆီသို့ဆွဲငင်နေစဉ် ကျွန်တော်မျိုးသည် လွှဆွဲသူတစ်ဦးကဲ့သို့ လွှကိုမတင်နေသည်ဟူ၍ အာရုံပြုရပေမည် ။ ထို့နောက် ဟူသို့မဟုတ် အိလလ္လာ သွရဗ်ရိုက်နေစဉ် ကျွန်တော်မျိုးသည် လွှကိုမိမိ၏နှလုံးသားပေါ်ဆွဲနေသည်။ လွှဆွဲသည့်အခါလွှ အောက်တွင် လွှစာမှုန့်များ ကျဘိသကဲ့သို့ ကျွန်တော်မျိုး၏ နှလုံးသားထဲမှ နူရ်အလင်းရောင်အမှုန့်များ ထွက်ကျလျှက်ရှိသည် ။ ထိုသို့အလင်းရောင်အမှုန့်များ ကျဆင်မှုကြောင့် ကျွန်တော်မျိုး၏ခန္ဓာကိုယ်နှင့် စကြာဝဠာအပေါင်း လင်း ၀င်းထွန်းတောက်လျှက်ရှိပေသည် ဟူ၍အာရုံပြုရပေမည် ။ အထက်ပါကြင့်ကြံအားထုတ်နည်းအတိုင်း သစ်ဗီ (၁၂) မျိုး၏ အီစ်ဘားသ်မုဂျတ်ရဒ် အီးစ်မေဇားသ် သွရဗ် နှစ်ချက်ရိုက်နည်းနှင့် တစ်ချက်ရိုက်နည်းတို့တွင်လည်း ကျင့်ကြံအားထုတ်စီးဖြန်းနိုင်ပေသည်။ အကျိုးအာနိသင် ဆာလီးက်သည် လေးဖင့်ငြီးငွေ့ခြင်း ၊အတားအစီးများကြုံလာခြင်း ၊ဒုက္ခတို့နှင့် ရင်ဆိုင်လာရသော် အခါ လာအိလားဟအိလလ္လာဇိကီရ်ကို (၁၀)ကြီမ်ရွတ်ဆိုရပေမည် ။ ဤကဲ့သို့ (၁၀)ကြီမ်ရွတ်ဆိုပြီးတိုင်း ဒရူးဒ် (၁) ကြီမ်ဖတ်ရပေမည် ။ဤကျင့်စဉ်ကိုကြီမ်ဖန်များစွာ ကျင့်ကြံအားထုတ်ခြင်းအားဖြင့် ကြုံတွေ့ လာမည့်ဒုက္ခအပေါင်း လွတ်ကင်းသွားပေမည် ။ယင်းအပြစ်အခက်အခဲများ ကင်းစင်သွားရေးအတွက်လည်း ဤကျင့်စဉ်သည် အကျိုးသက်ရောက်မှုရှိလေသည် ။ ယင်းအပြင်အနှောင့်အယှက်အပေါင်း ကင်းဝေးစေရန် အစ္စမေဇားသ် သွရဗ်တစ်ချက်ရိုက်နည်းဖြင့် လည်းကောင်း ၊တတ်နိုင်လျှင်သွရဗ် (၇)ချက်ရိုက်သည်အထိလည်းကောင်း ကျင့်ကြံအားထုတ်မည် ဆိုပါက အင်သျှာအလ္လဟ်အကျိုးထူးရှိပေသည် ။ အချည်းအနှီးမဖြစ်နိုင်ပေ ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:26pm
Delete Comment ဟတ်ဒါဒီဇိကီရ် စီးဖြန်းနည်း ဤဇိကီရ်၏ ကျင့်စဉ်နည်းလမ်းမှာ ဇီက်ရေဂျာရူဘ် ကျင့်စဉ်နည်းလမ်းအတိုင်း ဖြစ်ပေသည် ။ ခြားနားမှုမှာ ဤဇိကီရ် စီးဖြန်းရာတွင် ပုဆစ်တုပ်၍ ထိုင်ရန်အရေးကြီးလေသည် ။ လာအိလာဟ ဆို၍ ညာဘက်ပခုံးထိဦးခေါင်းကိုစွဲငင်ကာ လက်နှစ်ဘက်ဖြင့် ဒူးခေါင်းနှစ်ဘက်ကိုစုပ်ကိုင်ထားပြီး ထူးထောက်၍ မတ်တပ်ရပ်ရပေမည် ။ အိလလ္လဟ်၏တွရဗ်ကို နှလုံးသားပေါ်သို့ရိုက်ရာတွင် ညာဘက်လက်ကိုမြောက်တင်ကာ ဦးခေါင်းကိုညာ ဘက်လက်ညှိုးနှင့် အတူ အောက်ဘက်သို့ ပန်ပဲဆရာတစ်ဦး တူဖြင့်တည့်မတ်စွာထုဘိသကဲ့သို့ နှလုံးသားပေါ်သို့ ဖြေညှင်းစွာရိုက်ချလိုက်ရမည်ဖြစ်ပေသည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:25pm
Delete Comment ဇိကီရ်ဂျာရုးဘ် ပြုလုပ်နည်း ဤကျင့်စဉ်၏နည်းလမ်းမှာ (လာအိလာဟ) ရွတ်ဆိုစဉ် ဦးခေါင်းကိုဘယ်ဘက် ဒူးဘက်မှတဆင့် ညာဘက်ပခုံးစီသို့ပင့်၍ လွဲလျှက် ပြန်လည်တည့်မတ် ကာ အနည်းငယ်ညွတ်၍ အီလ်လလ္လာ၏ တွရဗ်ကို နှလုံးသားပေါ်သို့ ၇ိုက်ချ၇ပေမည် ။
 



Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:25pm
Delete Comment ဇီက်ရေကလ်ဘီ စီးဖြန်းနည်း နှလုံးသားဖြင့် ဇီကီ၇်စီးဖြန်းခြင်းဖြစ်ပေသည် ။ အသက်ရှူခြင်းအားဖြင့် နှလုံးသားကိုလှုပ်ရှားစေရမည် ။စိတ်ထဲတွင်အာရုံပြုရမည်မှာကျွန်တော်မျိုး၏နှ လုံးသားသည် အလ္လဟ် အလ္လဟ်ဟူ၍ ဆိုလျှက်ရှိသည် ။နံနက်အချိန်နှင့် ညနေအချိန် (၂) ချိန်လေ့ကျင့်ပေးရပေမည် ။ အင်သျှာအလာနှလုံးသားသည် လည်းဇိကီရ် ပြုလုပ်လာပေလီမ့်မည် ။ နှလုံးသား၏ လှုပ်ရှားမှုသို့မဟုတ် နွေးထွေးမှုကို သိရှိခံစားလာပေမည် ... ဆာလီက်သည် ဇိကီရ်နှင့် ကျင့်ကြံအားထုတ်ခြင်းအားဖြင့် အထိုက်အလျှောက် နီးစပ်မှုရလာသောအခါ ဘာရဟ်သစ်ဗီဟ်ကျင့်စဉ်တွင် နဖိအစ်ဘားသ် ဇိကီရ်စီးဖြန်းနည်းအတိုင်း ဇိကီရ်ဂျာရူးသ် ဘက်သို့အာရုံပြုရပေမည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:25pm
Delete Comment အစ္စမေးဇားသေခဖီ ဇိကီရ်စီးဖြန်းနည်း (အလ္လဟ်) ဆိုသည့်နာမတော် စကားလုံးကို နှုတ်ဖြင့်ညှင်သာစွာ ရွတ်ဆိုသွားရပေမည် ။ သတ်မှတ်ထားသောအရည်အတွက်မှာ တစ်သိန်းနှစ်သောင်း ငါးထောင် ဖြစ်ပေသည် ။ မစွမ်းဆောင်နိုင်သောသူများသည် အကြီမ်ပေါင်း နှစ်သောင်းငါးထောင်နှင့် အနည်းဆုံးမှာ အကြီမ်ပေါင်း ခြောက်ထောင် နေ့စဉ်စီးဖြန်းရပေမည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:25pm
Delete Comment ဘာရာသတ်စ်ဗီ ညအချိန် သဟ်ဂျွဒ်ဆွလာသ်ဝတ်ပြုပြီးလျှင် သို့မဟုတ် အစာအီမ်တွင်အစာမရှိပဲ ဝမ်းဟာနေသည့်အခြေအနေမျိုးတွင် သင့်တော်သော အားလပ် ချိန်၌ ဤသာစ်ဗီ တစ်ဆယ့်နှစ်မျိုးကိုလည်း ကျင့်ကြံ အားထုတ်ရပေမည် ။ လာအိလားဟ အိလ်လလ္လာဟ် အကြီမ် (၂၀၀) အိလလ္လဟ် အကြီမ် (၄၀၀) အလ္လာဟု အလ္လဟ် အကြီမ် (၆၀၀) အလ္လဟ် အကြီမ် (၁၀၀) စုစုပေါင်းအကြီမ် (၁၃၀၀) ဖြစ်ပေသည် ။ရှေးသူတော်စဉ်တို့သည် ဤကဲ့သို့ဇိကီရ် စီးဖြန်းခြင်းကို ဘာရာသဇ်ဗီဟ် ဟူ၍သတ်မှတ်ခဲ့ကြ၍ ကျွန်တော်လည်း ယင်းတို့ဇိကီရ်စီးဖြန်းခြင်းကို ဘာရဟ်သဇ်ဗီဟ်ဟူ၍ပင်သုံးနှုံးလိုက်ပေသည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:24pm
Delete Comment ပါးစ် အန်ဖားစ် ထွက်သက်ဝင်သက် ဇိကီရ်ဘာဝနာ စီးဖြန်းနည်း လူသားသည်တစ်နေ့လျှင် နေ့ည (၂၄) နာရီအချိန်အတွင် အကြီမ်ပေါင်း (၂၄၀၀၀) အသက်ရှူလျှက်ရှိပေသည် ။ထိုသို့အသက်ရှူရာတွင် အလ္လဟ်အသျှင်မြတ်အားသတိရတသခြင်းမပြုပဲ ကုန်လွန်သွားသောအချိန်နှင့်ပတ်သက်၍ တမန်တော်မြတ်၏သြဝါဒအရ ဘဝသက်တမ်းအချိန်ကာလကို မည်ကဲ့သို့ကုန်လွန်စေခဲ့သနည်း ဟူ၍မေးမြန်းခြင်းခံရပေမည် ။ ထိုသို့မေးမြန်းမှုမှ လွတ်ကင်းအောင်မြင့်မြတ်တော်မူသောအသျှင်မြတ်မှ ရစူလ်ကိုတော်မြတ်မှတဆင့် ဤ အမာနသ်တာဝန်ကို ကျွန်နုပ်တို့ နောက်လိုက်များထံသို့ အပ်နှံတော်မူခဲ့သည် ။ ဝင်သက်တွင် အလ္လဟ် ထွက်သက်တွင် ဟူ ဆိုသည့်ဇိကီရ်ကို အသံဖြင့်မဆိုပဲ ဝင်သက်ထွင်သက်အပေါ် အာရုံ ပြုရပေမည် ။ နံနက်အချိန်နှင့် ညနေအချိန်တွင် အချိန်အနည်းငယ်စီ ဤကဲ့သို့လေ့ကျင့်ပေးမည်ဆိုလျှင် အင်သျှာအလ္လဟ် အလ္လဟ်အသျှင်မြတ်၏အလိုတော်ဖြင့် အသက်ရှူဘိသကဲ့သို့ ဤဇိကီရ်သည်လည်း အလိုအလျှောက် ဝင်ထွက်လည်ပတ်လျှက် ရှိနေပေသည် ။ ဤကဲ့သို့ဇိကီရ်ပြုနည်းကို ဆူဖီ သူတော်စဉ်များ၏ ဝေါဟာရတွင် ပါးစ်အန်ဖါးစ် ဟုခေါ်ဝေါ်ခဲ့ကြပါသည် ။ ဤဇိကီရ်နှင့် အတူ (ဇာကီရ်) ဇိကီရ်ပြုသူသည် ကိုရ်အန်ကျမ်းတော်မြတ်ကို ဖတ်ရွတ်သူဖြစ်ပါက နေ့စဉ် ကိုရ်အန်ကျမ်းတော်မြတ် ဖတ်ရွတ်နိုင်သရွေ့ ဖတ်ရွတ်သရစ္ဈယ်သွားရပေမည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:24pm
Delete Comment မဂ်ရီဗ် တွင် အထက်ပါဇိကီရ်များအပြင် စွဗ်ဟာနလ္လာဟိ ဝဗိဟမ်းဒေဟီး စွဗ်ဟာနလ္လားဟီလ် အဇွီးမ် အကြီမ်(၁၀၀) ဖတ်ရမည် ။ ထို့နောက် အောက်ပါဒိုအာကို အဓီပ္ပါယ်နားလည်လျှက် (၄၁) ကြီမ်ဖတ်မည်ဆိုပါက အကျိုးကျေးဇူးများစွာ ရှိပေသည်။ သို့မဟုတ် (၁) ကြီမ်ဖတ်လျှင်လည်းလုံလောက်ပေသည် ။ လာအိလားဟ အိလ္လအန်းသ အတ်စအလုက အန်းသွဟ်ယိယ ကလ်ဗီ ဘိနူးရိ မအ်ရိဖသိက ယအီရှ်ကိက အဗဒန် ယာအလ္လဟ် အဓိပ္ပါယ် မှာ............... အလ္လဟ်အသျှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပါ ၊ ကျွန်တော်မျိုးသည် အသျှင်မြတ်ထ့တော်ပါး၌ သာလျှင် ဆုတောင်းပတ္တနာပြုပါ၏ ။ ကျွန်တော်မျိုး၏ နှလုံးသားကို အသျှင်မြတ်၏ အချစ်နှင့် မအ်ရိဖသ် အသိတရား၏ နူရ်ရောင်ခြည်ဖြင့် လင်းဝင်းစေတော်မူပါ ။ထို့ပြင် ကျွန်တော်မျိုး၏နှလုံးသားကို အသျှင်မြတ်အပြင် အခြားအရာများအပေါ် စွဲလမ်း တက်မက်ခြင်းမှ စင်ကြယ်စေ တော်မူပါ ။ အေရှအ် ဆွလာသ် ဝတ်ပြုပြီးနောက် မအိပ်စက်မှီ ဒရူးဒ်ရှရီဖ် (၁၁) ကြီမ် အဖွင့်အပိတ်နှင့် ယားဟိုက်ယု ယားကိုက်ယူးမို ဘိရဟ်မသိက အစ်သဂီးစု အကြီမ် (၁၀၀) ဖတ်ရမည် အိပ်စက်ရန်အိပ်ယာပေါ်သို့ရောက်သောအခါ (မိုအောက်ဝိဇသိုင်းန်) ကွလ်အအူးဇို ဘိရတ်ဘိလ် ဖလက်နှင့် ကွလ်အအူးဇို ဘေရဘ်ဘီင့်န်နားစ်ကို (၃) ကြီမ်စီဖတ်၍ လက်ဖဝါးပေါ် မှုတ်ခါ တစ်ကိုယ်လုံး လက်လှမ်းမှီသရွေ့ ပွတ်သပ်ရပေမည် ...........
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:23pm
Delete Comment နေ့စဉ်ကျင့်စဉ်များ ဖဂျရ်ဆွလာသ် ၏စွန္နသ်နှင့်ဖရဇ်အကြား စူရာဖာတေဟာကို (ဗိစ်မိလ္လာ)နှင့်တွဲ၍(၄၁) ဖတ်ရပေမည်။ ဖရဇ်ဆွလာသ်ဝတ်ပြုပြီးနောက်တွင် သို့မဟုတ် စွန္နသ်နှင့် နဖေလ်ရှိလျှင် ဝတ်ပြုပြီးနောက် သဇ်ဇီဟေဖွါသေမဟ် (၁) ကြီမ်ဖတ်ရပေမည် ။ ဆိုလိုသည်မှာ .....စွဗ်ဟာနလ္လဟ် (၃၃) ကြီမ် ..အလ်ဟမ်းဒုလီလ္လဟ် (၃၃) ကြီမ် ....အလ္လဟ်ဟုအက္ကဘာရ် (၃၄) ကြီမ် ဖတ်ရမည် ။ ထို့နောက် ကလေမဟ်သောင်ဟီဒ် (၁) ကြီမ်ဖတ်ရပေမည် ။ ကလေမဟ်သောင်ဟီဒ် ....လာအိလားဟ အိလလ္လာဟု ဝဟ်ဒဟူ လာရှရီကလာဟူ လဟုလ်မုလ်ကို ဝလဟုလ်ဟမ်းဒို ယွဟ်ယီ ဝယူမီးသူ ဘေယဒီဟီလ်ခိုင်းရ် ဝဟုဝ အလာကွလ်လေရှိုင်းအင်ကဒီးရ် ........... အထူးသဖြင့် ဖဂျရ်နှင့်မဂ်ရီဗ်တွင် အထက်ပါဝဇီဖွါများကို ပုံမှန် ဖတ်ရွတ်ရသည့်အပြင် .... အဆ်သဂ်ဖိရွလ္လာဟလ်လဇီ လာအိလားဟ အိလ္လာဟူဝလ် ဟိုင်ယူလ် ကိုင်ယူမို ဝအသူဘု အေလိုင်းဟ် အထက်ပါဒရူးသ်ကို အကြီမ် (100) ဤသို့ အာရုံပြုရည်စူး၍ ဖတ်ရပေမည်။ အာရုံပြုရမည်မှာ........... ကျွန်တော်မျိုးသည်သိလျှက်နှင့်ဖြစ်စေ မသိ၍ဖြစ်စေ ကျူးလွန်မိသောဂိုနဟ် အကုသိုလ်ဒုစရိုက်များကို ခွင့်လွတ်ရန် အလ္လဟ်အသျှင်မြတ်အား အလုံးစုံသိတော်မူသော်အသျှင် ဖြစ်တော်မူကြောင်း သက်သေထူ၍ ဝန်ချတောင်းပန်ပါ၏ နောင်တွင်လည်း မည်သည့် အကုသိုလ်ဒုစရိုက် ဘက် သို့မှ ဦးလှည့်မည် မဟုတ်ကြောင်း ဝန်ခံပါ၏ ။ ထို့နောက် တမန်တော်မြတ်ဆီ သို့ ဒရူးဒ်ရှရီဖ် အကြိမ်(၁၀၀) ဖတ်ပါ ။ အသံထွက် .......... အလ္လဟ်ဟွမ္မ ဆွလ္လိအလာ ဆိုက်ယိဒိနာ မုဟမ္မဒင်ဝ် ဝအလာအာလိ ဆိုဒ်ယိဒိနာ မုဟမ္မဒင်ဝ် ဝဘာရိက် ဝဆလ်လိမ် အကြီမ်(၁၀၀) ကိုဤသို့အာရုံပြု၍ ပို့သရပေမည် ။ ကျွန်တော်မျိုးသည် တမန်တော်မြတ်ထံတော်ပါးသို့ ရောက်ရှိနေပြီး သန့်ရှင်သော ရောင်သွါ ဂူဗိမာန်တော်၏ ခေါင်းရင်းတွင် ထိုင်လျှက် တမန် တော်မြတ်၏ ဝိဥာည်တော်အပေါ်သို့ ဤဒရူးသ်ကို ပို့သလျှက်ရှိပါသည် ။ ထို့နောက် ကလေမဟ် သမ်ဂျီးဒ်အကြီမ် (၁၀၀)ဖတ်ပါ ။ အသံထွက် .......... စွဗ်ဟာနလ္လာဟေ ဝလ်ဟမ်ဒုလိလ္လာဟိ ဝလာအိလာဟ အိလလ္လာဟု ဝလ္လာဟု အက္ကဘာရ် ဤသို့ အာရုံပြုဖတ်ရပေမည် ..... အလ္လဟ်အသျှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်တို့မှ သန့်စင်တော်မူပါ၏ ။ ထို့အပြင်အလ္လဟ်အသျှင်မြတ်အား ချီးမွမ်းထောပနာပြုပါ၏ ။ အသျှင်မြတ်မှတပါး အခြားခဝပ် ကိုးကွယ်ထိုက်သောအသျှင်မရှိချေ ။ အလ္လဟ်အသျှင်မြတ်သည် ကြီးကျယ်မြင့်မြတ်တော်မူသော အသျှင်ဖြစ်တော်မူ၏ ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:23pm
Delete Comment တွရီကာအတွင်းလမ်းစဉ်၏ ကျင့်စဉ်များ ( ကျစ္စတီယာ ....မော်လာနာဟိုစိုင်းအဟ်မဒ် မဒနီသခင်) ဖန်းဆင်ရှင်အလ္လဟ်နှင့် ဆက်သွယ် မှု နီးကပ်မှုရရှိစေရန်အလို့ငှါ အဖန်းဆင်းခံ လူသားတို့သည် စစ်မှန်သောယုံကြည်ချက်နှင့် တက်ကြွသော စိတ်ဓါတ် ဇွဲ လုံ့လ ဝရိယတို့ဖြင့် တရားအားထုတ် ကျင့်ကြံဆောင်ရွက်ရပေမည် ။ သဟဂ်ျဂျူဒ် ဆွလာသ် ဦးစွာပထမ သဟဂျုဒ်ဆွလာသ် စွလာသ် (၁၂) ရကအသ် ဝတ်ပြုနိုင်ရေးအတွက် စီစဉ်မှုပြုရပေမည် ။ ဝတ်ပြုနည်းမှာ ...... (က) ရကအသ်တိုင်းတွင် စူရဟ်ဖွါသေဟာ ဖတ်ပြီးနောက် စူရဟ်အီခ်လားစ် (၃)ကြီမ်စီဖတ်ရပေမည် ။ အချိန်ကိုချိန်ဆ၍ စူရဟ်အီခ်လားစ်ကို (၁၂) ကြီမ်စီမှ (၁) ကြီမ်စီအထိသော်လည်းကောင်း ၊ တိုးလျှော့်၍ဖတ်နိုင်ပေသည် ။ (ခ) ထိုသို့မဖတ်နိုင်လျှင် သဟ်ဂျူဒ်ဆွလာသ်ကို (၄) ရကအသ်သာ ဝတ်ပြုလိုက်ရပေမည် ။ (ဂ) ထိုသို့မတတ်နိုင်လျှင်လည်း နံနက် နေထွက်ပြီးနောက် ဆွလာသ်ဝတ်ပြုပိုင်ခွင့်ရှိသောအချိန်တွင် ဆွလာသ် (၄) ရကအသ်ကို ညအချိန်ဝတ်ပြုသည့် သဟ်ဂျူဒ်နီယသ် ရည်စူးချက်ဖြင့် ဝတ်ပြုရပေမည် ။ ထိုသို့ဝတ်ပြုခြင်းကို အလ္လဟ်အသျှင်မြတ်သည် သဟ်ဂျူဒ် ဆွလာသ်အဖြစ် လက်ခံတော်မူလိမ့်မည်ဖြစ်ကြောင်း မျှော်လင့်၇ပေသည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:22pm
Delete Comment တရားအားထုတ်ရန်နည်းလမ်းအမှန် တရားလမ်းမှန်ကို ရှာဖွေလိုသူသည် ဦးစွာပထမ မိမိ၏ အကီဒဟ် ယုံကြည်ချက်ကို ဖြောင့်မတ်မှန်ကန်အောင် ပြုပြင်ရပေမည် ။ စစ်မှန်သော သာသနာ့ ပညာရှင်များ၏ ကျင့်စဉ်များအပေါ် ဘဝတစ်လျှောက်လိုက်နာဆောင်ရွက်၇ပေမည် ။ ရှရီးက် အသျှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်မှုနှင့် ဗီသ်အသ်သာသ နာတွင်တရားအသစ်အဆန်းတီထွင်မှုများကို ရှောင်ကျဉ်ရပေမည် ။ အကသိုလ် အပြစ်ဒုစရိုက်များနှင့်ပတ်သက်ပြီးရွံရှာနေရပေမည် ။ မြင့်မြတ်သော ရှရီအသ် တရားတော်အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းကို မိမိအတွက်ဂုဏ်ယူဖွယ်ရာဟု မှတ်ယူရပေမည် ။အဘယ်ကြောင့်ဆိုသော်မြောက် များစွာသောကျင့်စဉ်ကျင့်ရပ်များသည် တရားတော်နှင့် ဆန့်ကျင်သည့်အတွက်ကြောင့် အကျိုးမဲ့ အချည်းအနှီးဖြစ်ရပေသည် ။ သာဓကအားဖြင့် တလင်းနယ်သောနွားသည် တနေကုန်လျှောက်လှမ်းသွားနေသော်လည်း ခရီးမတွင်ပဲ တလင်းနယ်သည့်နေရာတွင်ပင် ရှိနေပေသည် အလားတူပင် စီကြီတ်ဆုံလှည့်သောနွားသည်လည်း ခရီးအတိုင်းအတာအရည်အတွက်မြောက်မြားစွာ သွားနေသော်လည်းသူရောက်သည့်ခရီးမှာ စ ထွက်သည့် နေရာတွင်ပင်ရှိချေသည် ။ ထို့နည်းတူစွာ အစ္စရာအီလ်မျိုးနွယ်တို့သည် နှစ်ပေါင်း(၄၀) တိတိ သွူရ် တောင်ခြေတစ်ဝိုက် တစ်ဝဲလည်လည် ရှိနေခဲ့ပေသည် ။တစ်နေကုန်ခရီးထွက်ခဲ့သော်လည်း နံနက်လင်းသော်အခါ ခရီးစထွက်ခဲ့သည့် မူလနေရာသို့ပင် ပြန်လည်ရောက်ရှိနေပေသည်။ အကြောင်းသော်ကား တမန်တော်မူစာ ၏အမိန့် လမ်းညွှန်မှုအတိုင်း လိုက်နာမှုမရှိခြင်းကြောင့် ခရီးမတွင်ခဲ့ရခြင်း ဖြစ်ပေသည် ။ ယခုလည်း ကဋေနှင့်ချီ ပြိးအမဲလ်ကျင့်စဉ်များပြုလုပ်ပါမူ ထိုကျင့်စဉ်များသည် ရှရာ တရားတော်နှင့် ဆန့်ကျင်နေပါက အကျိုးသက်ရောက်မှုမည်သို့မျှ ရှိမည်မဟုတ်ပါပေ ။ ရှရာ တရားတော်နှင့် အညီ အမဲလ်ကျင့်စဉ် အနည်းငယ်မျှက်ုမဆို ကျင့် ကြံအားထုတ်ပါက လောကီ လောကုတ္တရာ နှစ်ဌါနအတွက် အကျိုးသက်ရောက်မှု ရှိနိုင်ပေသည် ။ သို့ပါ၍ အမှန်တရားကိုရှာဖွေပြီးနှလုံးသားသန့်စင်မှုကိုပြုလုပ်လိုသူသည်ဦးစွာပထမ ရှရီအသ် တရားတော်အတိုင်း လိုက်နာ ဆောင်ရွက်သော်သူတော်စဉ်နှင့် ဆက်သွယ်ဆောင်ရွက်ရပေမည် ။ ရှရီအသ်တရားတော်နှင့်ဆန့်ကျင်သော ပီရ်ဆရာ သို့မဟုတ် တွရီကာ အတွင်းလမ်းစဉ်နှင့် ထိတွေ့ဆက်ဆပ်မှု မရှိပဲ မိမိဘာသာ ထင်မြင်ယူဆချက်ဖြင့် တရားအားထုတ်သူထံပါးတွင် ခစား ခြင်းနှင့်အကူညီတောင်းခြင်းသည် တစ်ခါတစ်ရံ အန္တရယ်မရှိသည့်တိုင် မုချဆုံးရှုံးမှု ဖြစ်ပေသည် ။ ထို့အပြင် ကိုရ်အန် ဟဒီးစ် နှင့်သူတော်စဉ်များရေးသားသော် စာအုပ်များကို လေ့လာဖတ်ရှု၍ အမဲလ်ကျင့်ကြံအားထုတ်ခြင်းကိုလည်းမပြုအပ်ပေ ။ အဘယ်ကြောင့်ဆိုသော်အတွင်းလမ်းစဉ် အန္တရယ်များစွာရှိသည့်အပြင် ကျော်လွှားဖြတ်သန်းသွားရန် ခက်ခဲမှုများလည်း ရှိနေပေသည် ။ ဟဒီးစ်တော်တစ်ခုတွင် ဗိုင်အသ်ပြုခြင်းကို ဒီလိုဖေါ်ပြထားတယ် အကြင်မည်သူမဆို အစ္စလမ်သာသနာ့ကြိုးတော်ကို (ဗိုင်အသ်) ကိုမိမိ၏လည်ဂုတ်မှဖြုတ်ချလိုက်ပါက ထိုသူသည် လမ်းမှားလမ်းလွှဲသို့ မုချရောက်သွားပေမည်....... နောက်ဟဒီးစ်တော်တစ်ခုတွင် အကြင်သူတွင် လမ်းညွှန်ဆရာမရှိပါက ထိုသူ၏လမ်းညွှန်ဆရာမှာ ရှိုင်တွာန်မာနတ် ဖြစ်သွားပေသည် .....
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:22pm
Delete Comment အဖန်ဆင်းခံအားလုံးတွင် အမြင့်မြတ်ဆုံး ဂုဏ်ထူးကို ချီးမြင့်ခံရသူမှာ လူသားမျိုးနွယ်များဖြစ်သည် ။ ထို့ပြင်လူသားများလိုက်နာကျင့်သုံးရသော ရှရီအသ် အစ္စလမ့်ပညတ်ချက်တရားတော်များအတိုင်း လိုက်နာဆောင်ရွက်ရန် ဖန်ဆင်းခြင်းခံရသူမှာ ဂျင်န် မျိုးနွယ်များ ဖြစ်ကြပေသည် ။ သိုရာတွင်အဆိုပါဂျင်န်နှင့်လူမျိုးနွယ်တို့သည် အလ္လဟ်အသျှင်မြတ်၏မရည်မတွက်နိုင်အောင်ချီးမြင့်ထားသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို ရယူခံစားနေပါလျှက် အသျှင်မြတ်အားသတိရ တသခြင်းမှ ကင်းဝေးလျှက်ရှိကြလေသည် ။ထိုသူတို့သည် ရှိုင်တွန်မာနတ်နှင့် ညီအစ်ကိုတော်စပ်လျှက်ရှိကြောင်း အသွင်အမျိုးမျိုး ပုံစံ အဖုံဖုံဖြင့် တွေ့မြင်နေရပေသည်။ ဤကဲ့သို့တရားလမ်းမှန်နှင့်လွှဲချောနေရခြင်းမှာ ထိုသူတို့အား လောက၏လောဘရမက် လောကီရေးရာတွင်နစ်မွန်းထား၍လော ။သိုတည်း မဟုတ်ထိုသူတို့၏ အတွေးအခေါ်ဆင်ခြင်ထုံတရား မရင့်ကျက်သေး၍လော ။ သိုတည်းမဟုတ် ထိုသူတို့အား စစ်မှန်သော တရားနှလုံးသား သန့်ရှင်းမှုကိုညွှန်ပြရန် နည်းပေးလမ်းပြဆရာမတွေကသေး၍လော ။ သို့တည်းမဟုတ် စစ်မှန်သော တွရီကာ လမ်းစဉ်တစ်ရပ် မရှိသေး၍ လော ။ စဥင်္းစားစရာကီစ္စတစ်ရပ် ဖြစ်နေပေမည် ။ ထို့ကြောင့်ယင်းသူတို့၏ ဘဝသက်တမ်းတွင် ရှည်လျှားသောအချိန်ကာလတစ်ခုသည် တရားလမ်းမှန်ကိုရှာဖွေရာတွင် ကုန်လွန်စေခဲ့သော်လည်း အလ္လဟ်အသျှင်မြတ်၏ နှစ်လိုတော်မူခြင်းကို တစ်စိတ်တစ်ပိုင်းမျှ မရရှိခဲ့သည့်အပြင် ထိုသူတို့၏ကြိုးပမ်းမှုများမှာ အချည်းအနှီးဖြစ်သွားခဲ့ရ ပေသည်။ အချိုကသော လူများသည် စစ်မှန်သောယုံကြည်ချက်နှင့် တက်ကြွသောစိတ်ဓါတ်ရှိပါလျှက် ပြီးပြည့်စုံသော နည်းပေးလမ်းပြဆရာနှင့် စစ်မှန် သောတွရီကာလမ်းစဉ် မရှိမှုကြောင့် ယင်းသူတို့သည်မိမိတို့၏ ဘဝသက်တမ်း၏ ကြီးမားသော်အစိတ်အပိုင်းတစ်ခုကို မှားယွင်းသော တရား အားထုတ်ရာလမ်းတွင် ကုန်ဆုံးစေခဲ့ကြောင်း တွေ့ကြရမည်ဖြစ်သည် ။
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:21pm
Delete Comment ကဲအခုချိန်ကနေစပြီး တကယ့်အတွင်းလမ်းစဉ်ရဲ့ နှလုံးသားသန့်ရှင်းအောင် ဘယ်လိုလုပ်ရသလဲဆိုတာကို တင်ပြပေးသွားပါ့မယ်.....အခုတင် ပြမယ့်ဏ္ဍက ကိုရ်အန်ကျမ်းမြတ်နဲ့ ဟဒီတော်များဏ္ဍကို လက်လှမ်းမှိသရွှေ့ စုစည်းတင်ပြပေးလိုက်ပါ့မယ်.... "ဧကန်စင်စစ် ဤသည့် တွင်စိတ်နှလုံးရှိသောသူတို့အဖို့ ၊သို့မဟုတ် စိတ်ပါဝင်စားစွာ အသင့်ရောက်ရှိ၍ နားစွင့်သောသူတို့အဖို့ အမှန် ပင်သင်ခန်းစား ရှိပေသည် (50:37) " သို့ရာတွင် ငါအသျှင်မြတ်၏လမ်းတော် တွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြကုန်သော သူတို့မှာမူ ဧကန်မလွှဲ ငါအသျှင်မြတ်သည် ငါအသျှင်မြတ်သည် ၄င်းတို့အား မိမိ၏ (ထံပါးသို့ချဉ်းကပ်နိုင်ရန် ) လမ်းများကိုပြသတော်မူ၏ ။ ထို့အပြင်ဧကန်မုချ အလ္လဟ်အသျှင် မြတ်သည် သူတော်ကောင်းတို့နှင့်တကွ အမှန်ပင်ရှိသောမူ၏ (29:69) " (စင်စစ်) အလ္လဟ်အသျှင်မြတ်သည် မိမိအလိုရှိတော်မူသော သူအား မိမိ၏ထံတော်သို့ ရွေးချယ်တော်မူ၏ ။ ထို့အပြင် မိမိ၏ဘက် တော်သို့ပြန်လှည့်တော်မူသော်သူတို့အား (မိမိထံသို့ရောက်ရှိရာ) ကိုလမ်းညွှန်တော်မူ၏ ။ (42:13) အသျှင်မြတ်၏ အချစ်နီးစပ်လိုလားသူတို့အတွက် လမ်း (၂)လမ်းရှိပါသည် ။ တစ်လမ်းက အသျှင်မြတ်ဘက်မှ ရွေးချယ်နှစ်မျို့ခြင်းခံရသူနှင့် နောက်တစ်မျိုးမှာ မိမိ၏ကြိုးစားအားထုတ်မှု အတိုင်းအတာနှင့် အဆင့်အတန်းမြင့်မားလာသူဟူ၍ ဖြစ်ပါသည် ။ (စကားချပ်) ထိုအသျှင်မြတ်သည်ပင် ရဟ်မန် အနန္တ ကရုဏာတော်ရှင် ဖြစ်တော်မူပေရာ ၊ ထိုအသျှင်မြတ်နှင့် ပတ်သက်သိရှိသူ တစ်ဦးတစ်ယောက် အား မေးမြန်းရာ၏ ။ (25:59)
 



Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:21pm
Delete Comment ကဲနှစ်လုံးသားသန့်ရှင်းခြင်းဆိုတဲ့ အပိုင်းကိုဆက်လိုက်ကြဆို့....... ယနေ့ တမန်တော်မြတ်ကြီး အကောင်အထည်ဖေါ်ခဲ့တဲ့ လုပ်ငန်းစဉ်ထဲက တစ်ခုဖြစ်တဲ့ ဒီနှလုံးသား သန့်ရှင်းအောင်လုပ်တဲ့ လုပ်ငန်း ကို ကမ္ဘာနှင့်ချီပြီး လုပ်ကိုင်ရှင်သန်နေတယ်လို့ပြောရင် တစ်ချို့ အံသြကြလီမ့်မယ်လို့ ထင်တယ်.....ဘာ့ကြောင်လည်းလို့မေးရင် ဒီ လိုသာသနာံကီစ္စတွေကို ကမ္ဘာနှင့်ချီးပြီး လုပ်ကိုင်ဆောင်ရွက် ကြမယ်လို့ လူအတော်များများ လက်မခံကြလို့ပါပဲ.....ဒီအပြင်နှလုံးသား သန့်ရှင်းစင်ကျယ်အောင် ပြုလုပ်ခြင်းကိုလည်း လူတစ်ချို့အတွက်ပဲ လို့ အထင်ရောက်နေကြတာလည်းပါတယ်.....ကလေမဟ်ဖတ် ထားတဲ့မည့်သည့် မွစ်လင်မဆို နှလုံးသားသန့်ရှင်းပြီး ထိုသန့်ရှင်းတဲ့နှလုံးသား ရဲ့ ပလ္လင်ပေါ်မှာ အလ္လဟ်အသျှင်ထာဝရ တည်ရှိနေအောင် ပြုလုပ်ရမှာ ဖရဇ် မလုပ်မနေရတာဝန်တစ်ခုဖြစ်ပါတယ်.....ဒါ့ကြောင့် မိမိတို့ရဲ့ဘဝမှာ အချိန်တွေ မကုန်ဆုံးခင် စစ်မှန်တဲ့ မွစ်လင်တစ် ယောက်ဖြစ်ဖို့ အလ္လဟ်အသျှင်မြတ်ကို တကယ်ပိုင်ဆိုင်တဲ့နှလုံးသားပိုင်ရှင်ဖြစ်ဖို့ နည်းစပ်ရာ ဆရာသခင်တွေထံမှာ မိမိတို့ရဲ့ ညစ်ညမ်း နေတဲ့ နှလုံးသားကို ဆေးကြောကြပါလို့ အကြံပြုလိုက်ပါတယ်......... ယနေ့ကမ္ဘာနှင့်ချီးပြီး ပြုလုပ်နေကြတဲ့ ဒီနှလုံးသားသန့်စင်ခြင်းအပိုင်းကို မြန်မာနိုင်ငံရှိ မွစ်လင်တွေလည်း ပါဝင်ဆောင်ရွက်နေကြတယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်.....မိမိကိုယ်တိုင်စစ်မှန်တဲ့ ဆရာသခင်ရှာဖို့ အခက်အခဲ ရှိနေသူတွေ အခုကျွန်တော်ဖေါ်ပြပေးမယ့် သူတွေ ဆီမှာ မိမိတို့ရဲ့နှလုံးသားကို လုံခြုံစွာအပ်နှံ နှိုင်ကြောင်းအသိပေးအပ်ပါတယ်......မွစ်လင်တစ်ယောက် မိမိရဲ့ နှလုံးသားကိုသန့်ရှင်းစင်ကြယ်အောင်လုပ်ဖို့ အဲ့ဒီအတိုင်းအဝိုင်းဆီကိုချေဆန့်တာနှင့် မြောက်များစွာသော အတုအယောင် ဆရာသမားတွေနှင့် ကြုံတွေ့ရမှာဖြစ်တယ်.....ဒီနေရာမှာ အတောများများသော ဘာသာတရားကိုင်းရှိုင်းသူတွေက ဘာကိုဦးစားပေး ဆန်းစစ်ကြသလဲဆိုရင် ဆရာသမားတစ်ယောက်ရဲ့ သဘာဝလွန်စွမ်းရည်ကို အရင်ဆုံးကြည့်ကြတယ်......ဒီလိုကြည့်ပြီး လူသာမန်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အရည် အခြင်းတစ်ချို့ ကိုအကြောင်းပြုပြီး အလ္လဟအသျှင်ရဲ့ စစ်မှန်တဲ့ ခေလာဖသ်ရရှိထားသူလို့ အထင်ရောက်ကြပြီး မိမိတို့ရဲ့ တန်ဖိုးရှိတဲ့နှလုံးသား ကို ဒီလို မခိုင်လုံတဲ့ ဆရာတွေဆီမှာ ဖျက်စီးပြစ်မှန်းမသိ ဖျက်ဆီးမိကြတာပါပဲ.......လူတစ်ယောက်ရဲ့ သဘာဝလွန် ဆောင်ရွက်နိုင်မှုကို ကြည့် ပြီး နှလုံးသားအပ်နှံခြင်းကို မပြုလုပ်ကြဖို့ သာသနာကတားမြစ်ထားတယ် ..... ဆရာသခင်ဆိုသူသည် မိမိကို မိုးပျံပြ မြေရှိုးပြလျှင်လည်း သူ့ မှာ စွန္နဟ် လိုအရာမျိုးကို ကအစ တန်ဖိုးထားမှုမရှိရင် အဲ့ဒီလို ဆရာသမားအနောက်ကို မလိုက်မိဖို့ အရေးကြီးပါတယ်....ဒီလိုမိုးပျံပြ မြေရှိုးပြတဲ့ အလုပ်မျိုးကို အစ္စလမ်မဟုတ်ပဲ ဘာသာခြားတွေမှာလည်း အလ္လဟ်အသျှင်က ရှိုက်တွန်ရဲ့တောင်းဆိုမှုကြောင့် ပေးအပ်ထားလို့ ပါပဲ.......... ဒီနေရာမှာ မြန်မာနိုင်ငံတွင်အမှန်တကယ် စစ်မှန်တဲ့ ဆေလ်စေလာ ရော် ရှရီအသ်ကိုမဆန့်ကျင်တဲ့ ကျင့်စဉ်တွေပါ ပိုင်ဆိုင်တဲ့ ကမ္ဘာနှင့် ချီးပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းရဲ့ စိတ်အပိုင်းကို ပိုင်ဆိုင်သူတွေ (တနည်း) ခေလာဖသ်လွှဲ အပ်ခြင်းခံထားရသူတွေ ရှိပါတယ်..... မော်လာနာ အရှ်ရဖ်အလီ ထာနဝီသခင်ရဲ့ ခေလာဖသ်ဖြစ်တဲ့ မော်လာနာ ဟကီးမ်အခ်သဲရ် (ပါကီစ္စတန်) သခင်ဟာ လက်ရှိအချိန်ထိ ကမ္ဘာနှင့်ချီးပြီး နှလုံးသားသန့်စင်မှုကို ပြုလုပ်နေရာမှာ အတော်ကြီးကိုအောင်မြင်မှု ရနေတဲ့ လမ်းလွှဲမှုများကနေကင်းတဲ့ တွရီကာ ကို ဖေါ်ဆောင်ပိုင်ဆိုင်သူတစ်ဦးဖြစ်ပါတယ်....ဒီဆရာသခင်ရဲ့ ခေလာဖသ်ကို မြန်မာနိုင်ငံမှာ ဘာသာတရားကိုင်းရှိုးသူတွေထဲက (၅) ဦးလက်ခံရရှိထားပါတယ် ......(၅)ဦးမှာ (၄)ဦးက သာသနာ့ပညာစည်းပူးခွင့်ရခဲ့တဲ့ သာသနာံပညာရှင်ထဲကဖြစ်ပြီး ကျန်တစ်ဦး က သာသနာကိုင်းရှိုင်းသူ ထဲက ဖြစ်ပါတယ်။။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အာမခံပေးလို့ရလောက်အောင်ကို နီးနီးစပ်စပ်လည်း ရှိခဲ့တဲ့ သူ (၃) ယောက်ကို ဖေါ်ပြပေးလိုက်ပါ့မယ်....ဆရာသမား ရှာဖွေရအခက်အခဲရှိသူများ အခုဖေါ်ပြပေးမယ့် သူများထံမှာ နောက်ကြောင်း အေးအေးနဲ့ မိမိတို့ရဲ့ နှလုံးသားကို အပ်နှံမှု ပြုလုပ်နိုင်ကြောင်းသတင်းကောင်းပါးလိုက်ပါတယ်...... မော်လာနာဟကီးမ် အခ်သဲရ် ရဲ့ ခေလာဖသ်(၅) ဦးထဲက (၃)ဦးမှာ (၁) မွဖ်သီနူးရ်မိုဟာမက် (စူရတီဗလီ) (၂) မော်လာနာ ဟေဒါယာသွလ္လာ (ကိုက္ကိုင်းဗလီ) (၃)မွဖ်သီ ဂျလာလွဒ္ဒီးန်း ( စဟီးကုမ္ပဏီလီမိတက် ) တို့ဖြစ်ပါတယ် ....ဒီလူတွေထဲမှာ အဲ့ဒီကမ္ဘာနှင့်ချီးပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းရဲ့ အစိတ်အပိုင်းတွေ တည်ရှိနေပါတယ်...မည်သည့် စိတ်ဝင်စားလိုက်စားလိုသူမှန်သမျှ လိုက်လုပ်နိုင်ကြပါတယ်လို့သတင်းကေင်းပါးလိုက်ပါတယ်....ဒီအပြင် ဒီလူတွေထံမှာ အတွင်းပညာ ရပ်တွေနဲ့ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုများကိုလည်းပြုလုပ်နိုင်ပါတယ်.....သူတို့တွေ တပတ်ကိုတစ်ကြီမ် ၃၇ လမ်း အလယ်ဘလောက်ရဲ့ ဗလီကြီးမှာ သောကြာညမှာ အမျိုးသားများအတွက် ....အမျိုးသမီးများအတွက် သီးသန့်ခွဲပြီး လေ့လာလို့ရအောင်လုပ်ထားပေးပါတယ်... စိတ်ဝင်စားသူမည်သူမဆို သွားရောက် လေ့လာလို့ရပါတယ်။။။။အချိန်က မဂ်ရီဗ်ရယ် အေရှာရယ် (၂)ချိန်ပါ.... ဒီလောကမှာအလီမ်တွေအများကြီးရှိနေလို့ အလီမ်မခံကြရလေအောင် ခုလို ဖေါ်ပြပေးလိုက်တာပါ....ကျွန်တော်ကတော့် ဒီဆရာသခင် တွေရဲ့ နောက်လိုက်မဟုတ်ပါဘူး....ကျွန်တော်က တော့်အီန္ဒိယ လွတ်လပ်ရေးရဲ့ဗိသုကာတစ်ဦးဖြစ်တဲ့ တမန်တော့် မြေးတော် ဟူစိန်သ ခင်ကနေတွက်ရင် မျိုးနွယ်ဆက် (၄၀) ဆက်မြောက် မော်လာနာဟူစိန်းအဟ်မဒ် မဒနီသခင်ရဲ့ မြန်မာပြည်အတွက် နောက်ဆုံးခေလာ ဖသ်ဖြစ်တဲ့ မော်လာနာမိုဇဖဲရ် အဟ်မဒ် သခင်ထံမှာ ယူထားတာဖြစ်ပါတယ် ....ဆရာသခင်ကြီး ဆုံးသွားပြီးတဲ့နောက်မှာ မြန်မာနိုင်ငံမှာ ခေလာဖသ် (၃၆) ဦးထားခဲ့တယ်လို့ သိရပေမယ့် ဒီခေလာဖသ်ကိုရရှိသူတွေနဲ့ ကျွန်တော်နဲ့ နီးစပ်စွာ နေထိုင်ခဲ့ဘူးခြင်းမရှိတဲ့အတွက် အထက်ပါ ဖေါ်ပြထားတဲ့ ဆရာသခင်တွေထံမှာ ပြုပြင်မှု ခံယူတာပိုကောင်းမယ်လို့ မြင်ပါတယ်.....အဲ့ဒီဆရာသခင် (၃) ပါးစလုံးက ကျွန်တော်နဲ့ ခင်မင်ကြတဲ့ ဆရာတွေလည်းဖြစ်ပါတယ်.......... ဆက်လက်ဖေါ်ပြပါမည်.............hapmalaysia
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:20pm
Delete Comment ပြီးပြည့် စုံသည့် သာသနာတစ်ခုလုံး မိမိဘဝအတွင်းမှာ ရောက်ရှိလာဖို့ ဆိုတာ ကောင်အထည်ဖေါ်ရမည့် အဆင့်( ၄) ဆင့်ရှိပြန်ပါတယ်.... ဒီအဆင့် (၄) ဆင့်ကို ဖေါ်ပြမှပဲ နှလဲုးသားသန့်ရှင်းစင်ကျယ်ခြင်းအမှုဟာ မွစ်လင်မ် တစ်ယေက် အတွက်ဘယ်လောက်အရေးပါလည်း ဆိုတာစာဖတ်သူများ ခန့်မှန်းမိမှာဖြစ်ပါတယ်......ဘဝတစ်ခုလုံး ကိုဒီအဆင့် ( ၄) ဆင့်နဲ့ ဖြတ်သန်းပြီး ပြီးပြည့်စုံတဲ့ သာသနာ တစ်ခုလုံး မိမိပိုင်ဆိုင်အောင်လုပ်ရမှာဖြစ်တယ် ....... ဒီအဆင့် (၄) ဆင့်ကတော့် (၁) ရှရီအသ် (၂) တွရီကသ် (၃) ဟကီကသ် (၄) မအ်ရီဖသ် လို့ခေါ်တဲ့အဆင့်တွေဖြစ်ပါတယ်......ဒီအဆင့်တွေကို ဖြတ်သန်းပိုင်ဆိုင်မှပဲ စစ်မှန်တဲ့ နှလုံးသားသန့်ရှင်းခြင်းဆိုတဲ့ စကားလုံးဟာ အနှစ်သာရရှိပြီး သစ်လွင်တဲ့အရောင်အသွေးများဖြင့် ပြည့်စုံနေမှာဖြစ်ပါတယ်..... ဆက်လက်ဖေါ်ပြပေးသွားမည်..........hapmalaysia
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:20pm
Delete Comment ဒီနေရာကနေ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ကိုညွှန်ကြားထားပါသေးတယ်...... မိမိတို့ လက်ခံကျင့်သုံးမယ့်လမ်းစဉ် ကိုလည်းသေချာသိဖို့ ဆန်းစစ်မှုကို အတိအကျပြုရမှာ ဖြစ်ပါတယ်........ မြတ်တမန်တော်ကြီးကနေ အခုလက်ရှိမိမိကျင့်သုံးနောက်လိုက်မည့် ဆရာသခင် အထိ ဆီလ်စေလာ ဘယ်နှစ်ဆက်ပြီးဆိုတာရယ်.... အဲ့ဒီဆီလ်စေလာ ထဲမှာရှိတဲ့ ပီရ် ဆရာသခင်တွေရဲ့ နာမည် ဂုဏ်ထူး အစရှိတာတွေကို သိဖို့လည်းအရမ်းအရေးကြီးပါတယ်..... တစ်ချို့ တွရီကာလမ်းစဉ်တွေ ဟာ မြတ်တမန်တော်လက်ထက်ကနေ ဟဂ်ျရီ ၁၃၀၀ လောက်အထိ ၁၄၀၀ လောက်အထိ စသည် အတိုင်းအတာလောက်ထိသာ အဆက်အစပ်ရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်း အဆပ်အစပ်ပြတ်သွားတာမျိုးရှိခဲ့ပါတယ်.....ဒီလိုဆီလ်စေလာ မမှန်ကန်တဲ့ လမ်းစဉ်ကို လက်ခံကျင့်သုံးရန်ရှောင်ရှားမိဖို့လည်းအရေးကြီးပါတယ်.....ဆီလ်စေလာတစ်ခုမှာ နာမည်ကြီး ဝလီသူ တော်စဉ်တွေ ခေတ်တိုင်းမှာရှိနေတယ်ဆိုတာကို သိဖို့အရေးကြီးပါတယ် ....ထို့အပြင် ဒီဆီလ်စေလာမှာ ပါရှိတဲ့ဝလီသူတော်စဉ်များရဲ့ အထ္ထုပတိအသေးစိတ်ကိုလည်းအဲ့ဒီ ပီရ်ဆရာသခင့်ထံမှာ မေးမြန်းစုံစမ်းလေ့လာပြီးမှသာလျှင် မိမိရဲ့နှလုံးသားကို သန့်ရှင်းဖို့ အဲ့ဒီလို ခိုင်မှာတဲ့ လမ်းစဉ် ပေါ်မှာရှိနေတဲ့ ပီရ်ဆရာသခင်ထံမှာ မိမိရဲ့နှလုံးသားကို အပ်နှံပြီး သန့်ရှင်းစင်ကျယ်တဲ့ နှလုံးသားပိုင်ရှင် အဖြစ် ပြုကျင့်ရမှာဖြစ်ပါတယ်...............ဆက်လက်ဖေါ်ပြပေးပါ့မည်.hapmalaysia
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:20pm
Delete Comment မိမိတို့နဲ့ ကိုက်ညီတဲ့ လမ်းစဉ် ကိုလေ့လာပြီး နောက်အဲ့ဒီလမ်းစဉ်ပေါ်မှာ ထာဝ၇ပ်တည်ပြီး နှလုံးသားသန့်စင်ဖို့ ခရီးသွား အဖြစ်ခံယူရပါ့မယ်.... ဒီလိုခံယူပြီးတဲ့နောက် မိမိရဲ့ ၂၄ နာရီမှာ ကျင့်သုံးတဲ့မိမိရဲ့ နေထိုင်စားသောက်မှု နှင့် ကျင့်စဥင်္ကျင့်ရပ်တွေအားလုံးနှင့် အတွေးအခေါ်ပုံစံတွေကို ပါ ပီရ်ဆရာသခင် (သို့) ဝလီသူတော်စဉ်ထံမှာ နည်းနာခံယူ အပ်နှံလိုက်ရပါတယ်....ဒီလိုနဲ့ ပီရ်ဆရာသခင်ရဲ့ ဆန္ဒနှင့် ကိုက်ညီစွာနေထိုင် ပြီးပီ၇် ဆရာသခင်ရဲ့ ဆန္ဒမှာမိမိရဲ့ ဆန္ဒချုပ်ငြီမ်းသွားခြင်းကို ( ဖွနာဖီလ်ရှိုက်) လို့ခေါ်ပါတယ်....အဲ့ဒီအဆင့်ကိုရဖို့ အတော်ကြိုးစားရပါတယ်...လူ တစ်ယောက်ရဲ့ ဆန္ဒနှင့် မိမိရဲ့ စားဝတ်နေထိုင်ရေးကို ပြုပြင်ရတာ ဘယ်လောက်ခက်ခဲသလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်မယ်ထင်ပါတယ်... အဲ့လို အဆင့်မျိုးကို အောင်မြင်စွာ ဖြတ်ကျော်ဖို့ အလ္လဟ်အသျှင်ရဲ့ကူညီဖေးမမှုမပါပဲ ဘယ်လိုမှဒီအဆင့်ကိုအောင်မြင်နိုင်မှာမဟုတ်ပါဘူး ဒါ့ ကြောင့် အလ္လဟ်အသျှင်ရဲ့ အကူညီကို ရယူဖို့ရာ စာလီးက် ခရီးသွားအတွက် မဖြစ်မနေ လုပ်ရမယ့်တာဝန်တစ်ရပ်ဖြစ်ပါတယ်...... ဒီနေရာမှာအနည်းအကျဉ်း အနေနဲ့ ပီရ် ဆရာသခင်ရဲ့ဏ္ဍကို အနည်းငယ်တင်ပြလိုပါတယ် ......ပီရ်ဆရာသခင်ဟာ သာသနာနဲ့ပတ်သက်ပြီး အလေးထားသူ စန္နဟ်တွေကို တန်ဖိုးထားဖေါ်ဆောင်သူ အရေးပေးသူ မည်သူမဆိုသူ့ ရဲ့ညွှန်ကြားမှုကို ယူဆောင်ပြီး သူ့ထံမှာ ဗိုင်အပ် အပ်နှံ မှုကို ပြုလုပ်လို့ရပါတယ် ...သို့ပေမယ့်သူဟာ လမ်းစဉ်တစ်ခုခုရဲ့ ဆရာတစ်ယောက်ယောက်ရဲ့ ခေလာဖသ် လွဲအပ်တာဝန်ပေးခြင်း ခံရထား သူဖြစ်ဖို့လည်းလိုပါတယ်....ဘယ်လိုတွရီကာ ပဲဖြစ်ဖြစ် ရှရီအသ် ကိုမဆန့်ကျင်ဖို့အရေးကြီးပါတယ်....တစ်ချို့တွရီကာများဟာ ရှရီအသ်ကို ဆန့်ကျင် မှုတွေရှိနေတာတွေ့ရပါ့မယ့် (ဥပမာ) ရှိုက် သခင်ရဲ့ဖိုက်ဇ် ရဖို့ဆိုပြီး ဇကီ၇် ဘဝနာပွါးများမှုတွေမှာ (ယာရှိုက်) ဆိုပြီး ဘယ်နှစ်ကြီမ် အရည်အတွက်ဖြင့် ဘဝနာပွါးများမှုကို လုပ်ခိုင်းတာမျိုး (သို့မဟုတ်) သူတော်စဉ်တပါးပါးရဲ့ နာမည်ကိုတမ်းတ ခိုင်းခြင်း စသည်စသည် လိုမျိုး အဖန်းဆင်းခံတွေကို ကိုးကွယ်မှု ဖြစ်စေမယ့် (ရှရီးက်) တုဖက်နှိုင်းယှဉ်မှုကို လုပ်ခိုင်းတာမျိုးဟာ ရှရီအသ်နဲ့ လုံးဝလမ်းလွှဲနေတဲ့ကျင့်စဉ်တွေ ဖြစ်ပါတယ်....ဒါ့ကြောင့်အဲ့လိုဆရာတွေ ထံမှာ နှလုံးသားအပ်နှံ ခြင်းကို မပြုမိဖို့ အလွန်အင်မတန်မှအရေးကြီးပါတယ်...... ဒီလို စေ့ဆပ်သေချာအောင် သိထားပြီးအကောင်အထည်ဖေါ်မှ ရှရီအသ်ကပြဆိုတဲ့ တွရီကသ် ဖြစ်မှာဖြစ်ပါတယ်...... ဆက်လက်ဖေါ်ပြပေးပါမည်.............hapmalaysia
Hajee Than Hla Oo ( နဂါး ) Comment by Hajee Than Hla Oo ( နဂါး ) on August 21, 2009 at 4:19pm
Delete Comment နှလုံးသားသန့်ရှင်းရေးလို့ ခေါင်းစီးတပ်ထားပေမယ့် ဒီလိုနှလုံးသားသန့်ရှင်းရေးကို အတွင်းပညာရပ်အဖြစ် သာသနာမှာထားရှိထားတာကို တွေ့ရမှာဖြစ်တယ်....အတွင်းပညာရပ်တွေကို လေ့လာစည်းပူးမှ နှလုံးသားသန့်ရှင်းရေးဆိုတဲ့ ခေါင်းစဉ်ကိုပြည့်စုံစွာအကောင်အထည်ဖေါ်တယ် လို့ပြောလို့ရမှာဖြစ်တယ်........ အတွင်းပညာရပ်ဆိုသည်မှာလည်း နားမလည်နိုင်လောက်အောင်ခက်ခဲတဲ့အပိုင်းမဟုတ်ပါဘူး....ယေဘူယအားဖြစ် အတွင်းပညာရပ်ဆိုသည်မှာ သဘာဝလွန် ကီစ္စတွေအထိ အစွမ်းသတ္တိတွေနှင့် ရုပ်လောကကနေ လက်စုပ်လက်ကိုင်ပြလို့မရတဲ့ ရုပ်လောကကို စီမံအုပ်ချုပ်တဲ့ နမ်ပိုင်းဆိုင် ရာ စီမံခန့်ခွဲမှု ပညာရပ်ဖြစ်တယ်လို့ ယေဘူယမှတ်ယူစေချင်တယ်....... ဒီအတွင်းပညာရပ်ကို နားလည်ဖို့ လူသားတိုင်း မှန်ကန်စွာဆောင်ရွက်နိုင်အေင် အလ္လဟ်အသျှင်က ခေတ်တိုင်းခေတ်တိုင်းမှာ ဒီနယ်ပယ်မှာ ထူးချွန်သူတွေကို သာဓကအဖြစ်နဲ့ ထားရှိစေခဲ့ပါတယ်.....တမန်တော်ရွေးကောက်တဲ့ ခေတ်မကုန်ခင်အထိ အလ္လဟ်အသျှင်က ဒီပညာရပ် တွေကို တမန်တော်နဲ့ တမန်တော်တွေကျေနပ်လက်ခံပြီး ပညာပွါးယူဆက်ခံခွင့် ရှိတဲ့ နောက်လိုက်သူတော်စဉ် တွေကို ပိုင်ဆိုင်ခွင့်ပေးခဲ့ပါ တယ်.... ကိုရ်အန်ကျမ်းမြတ်ထဲမှာ တပုဒ်လုံးနီးပါးလောက်မှာ တမန်တော်မူစာရဲ့ အကြောင်းနဲ့ ခီဇီရ် အလိုင်းဟစ်စလမ်သခင်အကြောင်း ကိုဖေါ်ပြထားတယ်....အလဟ်အသျှင်က တမန်တော်မူစာကို ရှရီအတ်ရဲ့ ပညာပဲချီးမြင့်ခဲ့ပြီး အတွင်းပညာရပ်တွေကို သင်ယူဖို့ တမန်တော်ခီဇီရ် သခင်ထံမှာ တပည့်အဖြစ် ခံယူဖို့မိန့်ကြားခဲ့ပြီး .....အတွင်းပညာရပ်တွေကို သင်ယူစေခဲ့ပါတယ်.....ဒီအပြင် အလ္လဟ်အသျှင်ကိုယ်တော်တိုင် တိုက်ရိုက် အတွင်ပညာရပ်တွေကို တင်ပြပေးခဲ့တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်... ဒါ့ကြောင့် ဒီပညာရပ်ကို ကျယ်ပြန့်စွာနားလည်ဖို့ကြိုးစားမှ စိတ်နှလုံး သန့်ရှင်းရေးဆိုတဲ့အပိုင်းကို အောင်မြင်စွာဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ အကြံပြုပရစေဗျာ...... အစ္စလမ်သာသနာမှာ စိတ်နျလုံးသန့်ရှင်းစေဖို့ လမ်းစဉ်တွေ တမန်တော့်လက်ထက်ကနေ စပြီး (၈)ခုရှိတယ်လို့ကြားသိရပြီး ယနေ့အချိန်ထိ လူတွေအားလုံး ကျင့်သုံးဖို့လွယ်ကူတဲ့ လမ်းစဉ် (၄) ခုရှိတယ်လို့ သိရပါတယ်.....ဒီလမ်းစဉ်တွေအားလုံးက လည်း တမန်တော်မိုဟာမက်ကို အလ္လဟ်အသျှင်ချီးမြင့်ခဲ့တာဖြစ်ပြီး တမန်တော်မြတ်ကြီးမှ တဆင့် ဟဇရတ် အဘူဘကဲရ်သခင် ဟဇရတ် အိုမဲရ်သခင်....ဟဇရတ် အွစ်မန်သခင် ဟဇရတ် အလီသခင်မှတဆင့် ဝလီသူတော်စဉ်များရဲ့ ထိပ်ခေါင်တင် ဟဇရတ် ရှိက်အဘဒွလ်ကာဒဲရ်ဂျေလာနီသခင်....ဒီနောက် ဆက်ခံသူဝလီသူတွေစဉ်တွေမှတဆင့် ယခုလက်ရှိ ခေတ်အထိ အဆက်အစပ် တည်ရှိနေပါတယ်........ ဒီလိုခိုင်မှာတဲ့ သူတော်စဉ် လမ်းလွှဲမှုမှကင်းစင်တဲ့ သူတော်စဉ်တွေထံမှာဖြစ်ဖြစ် အဲ့ဒီသူတော်စဉ်တွေရဲ့ လွှဲအပ်ခြင်းခံထားရတဲ့ ပီရ် ဆရာသခင်တွေမှာဖြစ်ဖြစ် မိမိရဲ့ စိတ်ကိုအပ်နှံပြီး (တနည်း)နှလုံးသားကိုအပ်နှံပြီး တမန်တော်ရဲ့ နည်းလမ်းနှင့် နှလုံးသားကို ပြုပြင်မှု ပြုရပါတယ်.......အဲ့လိုပြုပြင်ရာမှာလည်း လျှောက်လှန်းရမယ့် အဆင့် (၄) ဆင့်ရှိနေပြန်ပါတယ်..... ( ၁) ဖွနာဖီလ် ရှိုက် (၂) ဖွနာဖီလ် မရှာအီခ် (၃) ဖွနာဖီလ် ရစူလ် ( ၄) ဖွနာဖီလ်လဟ် ဒီလျွှိုလုံးသားသန့်ရှင်းစင်ကြယ်အောင်လုပ်ရမှာ ပြုလုပ်သူဟာ အဲ့င်္ဒအဆင့် (၄) ဆင့်ကို ရောက်သွားပြီးမှ သန့်ရှင်းတဲ့ နှလုံးသားပိုင် ရှင်ဖြစ်လာပါလီမ့်မယ်.....ဒီအဆင့်လေးဆင့်ရဲ့ အကျယ်ကိုတော့်နောက် အချိန်ရရင်တင်ပြပေးပါ့မယ်........ သာသနာမှာ မဇ်ဟဘ် (၄)ခုရှိသလို အတွင်းလမ်းစဉ်ကိုအကောင်အထည်ဖေါ်ရာမှာလည်း လမ်းစဉ် (၄)ခုကကြော်ကြားပါတယ် (၁) ကျီိစ်တီယာ ( ဟနဖွီ မဇ်ဟဘ်ရှင်အများစုကျင့်သုံး) (၂) ကာဒရီယာ (၃) စဟဲရ် ဝရ်ဒီယာ (၄) နရှ်သဗန်ဒီယာလို့ ခေါ်တဲ့ လမ်းစဉ် (၄) ခုရှိပါတယ်. ကျစ်တီယာဆိုတဲ့လမ်းစဉ်က ကျင့်စဉ်ကျင့်ရပ်တွေက ပြင်းထန်မှု တစ်ချို့ရှိလို့ မဇ်ဟဘ်လောကမှာ စဉ်းမျှင်းတင်းကျပ်မှု ရှိတဲ့ ဟနဖွီမဇ်ဟဘ် ရှင်တွေနဲ့ ကိုက်ညီတယ်လို့ ပညာရှင်အတော်များများက ထောက်ခံမှုပြုထားတယ်ဆိုတာသိရပါတယ်... နောက်ထပ်ဆက်ရေးပေးပါအုံးမည်......hapmalaysia
 

 

1 comments:

Moemoeminaung said...

၃၇လမ်း ကိုလာတဲ့ဆရာကြီး၃ပါးကအခုရှိပါ​သေးလား။သူတို့ကဘယ်​သဃရီကာကဖြစ်​ပါသလဲ။ဗိုင်​အတ်​ယူရန်​စစ်​မှန်​​သောပီရ်​၊ရှိုက်​၊မူရှစ်​ကိုရှာ​နေပါတယ်​၊နက်​ရှ်​ဘန်​ဒီယာ၊မုဇဖီယာနှင့်​အတ်​တာစီယာသွရီကာတို့၏အ​ခြေခံကျင့်​စဉ်​ဝဇီဖာများကို လုပ်​​ဆောင်​ဖူးပါသည်​။မည်​သညိ​လမ်းစဉ်​ကိုလိုက်​ရမှန်းမဆုံးဖြတ်​နိုင်​ပါ။ဆက်​သွရမည့်​ ဖုန်းနံပတ်​​ပေး​စေလိုပါသည်​။လေးစားစွာဖြင့်​-

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ