Welcome to my blog :)

rss

Friday, October 29, 2010

> ငယ်စဉ်ကာလ၏ဇဝနညဏ်

* ငယ်စဉ်ကာလ၏ ဇ၀နဥာဏ်
* မော်လာနာ ဆိုင်ယဒ်အဆ်ွဂရ်ဟုစိုင်န် (ဟဇရသ်မြားဆပ်) ရေသည်မှာ ရောမဘုရင်သည်ပညာရှိပါဒရီးတစ်ဦး
* ဥစ္စာပစ္စည်းများနှင့်တကွ ဘဂ္ဂဒက်သို့ စေလွှတ်ကာရောက်သည်နှင့်ဤသို့ကြေငြာလေသည်။
* ကျွန်ုပ်ရဲ့မေးခွန်းလေးခွန်းကို ဖြေကြားမြည်ဆိုပါက ၎င်းရဲ့ ဒီးန်သာသနာကို လက်ခံမည့်အပြင်ယူဆောင်လာသော
* ပစ္စည်းများကိုလည်းချီးမြှင့်မည်။အကယ်၍ ကျွန်ုပ်ရဲ့ မေးခွန်းကိုမဖြေကြားနိုင်ပါကကျွန်ုပ်ရဲ့သာသနာကိုလက်ခံရမည်အပြင် ကျွန်ပ်တို့ကိုအခွန်းဆောင်၍နေထိုင်ရမည်။
* ဤကြေငြာချက်သည် ဘဂ္ဂဒက်နေပြည်တော်အတွက် ရာဇသံသဖွယ်
* ပျံ့နှသွား၏။ံ၎င်းပါဒရီသည်လမ်းလေးခွစုံတွင် ပလ္လင်ခင်း၍ သုံးရက်တိုင်ထိုင်ကာ ဆက်တိုက်ဟစ်ကြွေးနေသော်လည်းပြည့်စုံသဘာဝကျသော အဖြေကို မည်သူမျှမတင်ပြနိုင်ချေ။ဝင်လာမစဲ ပရိသတ်တွင် အသက်အားဖြင့် (၇)နှစ်အရွယ်သာရှိသည့် ကလေးငယ်က မိမိဖခင်အား ကျွန်တော်ကို ခွင့်ပြုပါ။ ကျွန်တော်သွား၍ဖြေကြားပါမည်ဟု ပြောသောလည်း ဖခင်က ဘယ်သူမှမဖြေနိုင်တာ၊မင်းကဘာဖြေတတ်မှာလဲဟု ပြောလိုက်၏။ ကလေးငယ်မှာအတန်းတန်းခွင့်တောင်းနေသည်။ ဖခင်ကမူတိတ်တိတ်နေပါ အာလင်မ်များရှေ့မှာ မင်းဘာအဆင့်ရှိလို့လဲ။
* စသဖြင့် ပြောကြားနေ၏။
* ကလေးသည် ဖခင်ခွင့်မပြုသော်လည်း ဖခင်၏အလစ်တွင် ထွက်လာပြီး ပါဒရီ ရှေ့သိုရောက်သွားသဖြင့် အံ့သြမဆုံးဖြစ်သွားလေသည်။ပါဒရီက သူငယ်လေး အဖြေပေးမှာလား ကလေးငယ်ကဟုတ်ပါတယ်။တကယ်ဖြေမှာပါ။ဒါပေမယ့်မေးမြန်းသူထက်ဖြေကြားသူက အဆင့်မြင့်ပါတယ်။ဒီးတော့ခင်ဗျားအောက်ဆင်း၍မတ်တတ်ရပ်ပေးပါ။
* ကျွန်တော်ကပလ္လင်ပေါ်ထိုင်ပြီး ဖြေကြားပါမည်ပြောကြား၏။ပါဒရီက ကောင်းပါပြီး ကျုပ်ဆင်းပြီးတော့ မတ်တတ်ရပ်မေးပါမယ်။ မောင်ရင်ကပလ္လင်ပေါ်တက်ထိုင်၍ ဖြေးကြားပါ။
* ပါဒရီ - အလ္လဟ်ထက်အလျင် ဘာရှိခဲ့သလဲ။
* ကလေးငယ် - ဂဏန်းစဉ်ရေတွက်တတ်သလား၊တတ်ရင်ရွတ်ပြပါ။
* ပါဒရီ - တစ်၊နှစ်၊သုံး၊လေး၊ငါး
* ကလေးငယ် - ပြန်ရွတ်စမ်း
* ပါဒရီ - တစ်၊နှစ်၊သုံး၊လေး၊ငါး
* ကလေးငယ် -တစ်ထက်အလျင် ဘာရှိသလဲ
* ပါဒရီ - တစ်ထက်အလျင် ဘာမှမရှိပါ၊တစ်မှ စတင်ရေတွက်ရပါတယ်။
* ကလေးငယ် --- လူသုံးတဲ့အရေအတွက်မှာတောင်တစ်ထက်အလျင် ဘာမှမရှိရင်
* သောင်ဟိဒ်၊အရှင်မြတ်ထက် အလျင် ဘာရှိနိုင်မှာလဲ။
* ပါဒရီ --- ( အဖြေသည် ပြည့်စုံနေသဖြင့် ) မှန်ပါတယ်။ ကောင်းပြီ ဒုတိယ မေးခွန်း
* က ယခုအလ္လာဟ် ဘယ်မှာလဲ။
* ကလေးငယ် --- အသင့်ခန္ဓာကိုယ်ထဲ၌ ရူဟ်ဝိညာဉ်ဘယ်မှရှိသလဲ
* ပါဒရီ --- ၀ိညာဉ်ဆိုတာ တစ်နေရာထဲမရှိပါ။ခန္ဓာကိုယ်ရဲ့
* နေရာအနှံ့မှာရှိပါတယ်။
* ကလေးငယ်--- ရူဟ်ဝိညာဉ်ဆိုတာ အရှင်မြတ်ရဲ့အမိန့်တော်အရဖြစ်ပါတယ။သက်ရှိတိုင်းမှာ
* ၀ိညာဉ်ရှိပါတယ်။ဒါကိုဘယ်နေရာရှိမှန်းအသင်မသိရင်ရူဟ်ရဲ့ပိုင်ရှင်ဖြစ်တဲ့အလ္လာဟ်ကိုသိးခြားတစ်နေရာမှာရှိတယ်လို့ ဘယ်လိုပြနိုင်မလဲ။အရှင်မြတ်ကတော့ နေရာအနှံ့မှာရှိနေပါတယ်။
* ပါဒရီ -------- (မဖြေကြားနိုင်သဖြင့်) အသင်ပြောတာမှန်ပါတယ်၊ကောင်းပြီး တတိယ မေးခွန်း အရှင်းမြတ်က ဘယ်ဘက်ကိုမျက်နှာမူနေသလဲ။
* ကလေးငယ်--- ဆီမီးလင်းလာရင် ဘယ်ဘက်ကို မျက်နှာမူသလဲ။
* ပါဒရီ --- ဘက်တိုင်းကို မျက်နှာမူပါတယ်။တစ်ဘက်ဘက်ကို လှည့်တာမရှိပါ။
* ကလေးငယ်- သင်္ခါရဖြစ်တဲ့ ဆီမီးတောင် ဘက်တိုင်းကို အလင်းဆောင်တယ်ဆိုရင်
* မိုးမြေတို့ရဲ့ အလင်းဟာ ၎င်းအရှင်မြတ်ရဲ့ အလင်းသာဖြစ်ကြောင်း
* အစဉ်ထာဝရ တည်ရှိတော်မူသော အရှင်မြတ်သည်လည်းမည်သည့်
* ဘက်သို့ မျက်နှာလည့်ထားသည်ဟု ဆိုနိုင်ပါ့မလား။
* ပါဒရီ - နှုတ်ပိတ်သွားသည့် အဖြေဖြစ်သဖြင့် မေးခွန်းမထုတ်နိုင်ဘဲ ဆိုင်းငံ့တွေဝေသွား၏။
* ထိုးအခါ ကလေးငယ်ကပင် စတုတ္ထမေးခွန်းလည်း မေးပါဟုဆိုနေရာ
* ၎င်းကအလ္လာယခု ဘာလုပ်နေလဲ။
* ကလေးငယ် - အသင်ကဲ့သို့ သက်ရွယ်ကြီး၊သောင်ဝ်ရသ်၊အင်န်ဂျီလ်ရဲ့ ပညာရှင် ခိုဒါသုံးပါးလက်
* ခံ့သူကို ပလ္လင်ပေါ်မှအောက်ချကာကျွန်တော်ကဲ့သော် ငယ်ရွယ်သူ အရှင်တစ်ပါး
* တည်းကို လက်ခံ့သူ၊ကျောင်းသာ အဆင့်ရှိသူကို ပလ္လင်ပေါ်တင်တော်မူတယ်။
* ရူမီပါဒရီသည် မိမိကတိအတိုင်း ကလိမဟ်ဖတ်လိုက်သည်။ပရိသတ်လည်း တစ်မြီု့လုံးရဲ့သိက္ခာကို ဆယ်ခဲ့တဲ့ ကလေးငယ်ရဲ့ အမြော်အမြင် ညဏ်ရည်ထက်မြက်မှု အရည်အချင်းပြည့်ဝမှုများကြောင့် အံ့သြမဆုံးဖြစ်ကာ ၀မ်းသာကြည်နူးသွားကြာလေသည်။
* ယင်းကလေးငယ်ကား မည်သူနည်း၊နောင်တစ်ချိန်တွင် မုဟဒ်ဒီစ်များ၏ ခေါ်င်ဆောင် အိမာမ်အအ်ဇွမ် အဗူဟနီဖဟ် သာဗိအီပင် ဖြစ်ပေသည်။
* ကောက်နှုတ်တင်ပြသူ
* အလ်ဟာဂ်ျ မော်လနာ ဟာဖိဇ် အဗ်ဒွလ်ကာဒိရ် (မဟ်မူဒီ)

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ