Welcome to my blog :)

rss

Friday, October 29, 2010

သက္ကလီးဒ် နှင့်ပတ်သက်၍...မဇ်ဟဘ်များနှင့်ပတ်သက်၍

ဤတော့်ပစ်ကို မရေးခင်အနူးအညွတ်ပန်ကြားလိုသည်မှာ ဤတော့်ပစ်ရေးရခြင်းရည်ရွယ်ချက်မှာ သာသနာအတွင်းရှိမည်သည့် အသင်းအဖွဲ့
များကိုမှ ရည်ရွယ်၍ ရေးသားနေခြင်း မဟုတ်ပါ...မည်ကဲ့သို့သော် နစ်နာစေမှုကိုဦးတည် ၍ရေးသားခြင်း မဟုတ်ကြောင်း ဦးစွာပလ္လင်ခံပရစေ။
အထူးသဖြင့် ဆလဖီ ရှေးသူတော်စဉ်လမ်းစဉ်ကျင့်သုံးသူတွေကို မရည်ရွယ်ကြောင်း ဦးစွာစကားဦးသန်းပရစေ ။ ဆလဖီဆိုသည်မှာ မဇ်ဟဗ်အား
လုံးကို လက်ခံပြီး မဇ်ဟဗ်ရှင်တွေရဲ့ လမ်းစဉ်အတိုင်းကျင့်စောင့်တည်မှုပြုလုပ်သူတွေဟု သိထားရသည့်အတွက် ထိုဆလဖီ ဂိုင်းဝင်များအတွက်
မဟုတ်ကြောင်း ထပ်လောင်းတင်ပြပရစေဗျာ.........

ဤတော့်ပစ်ကို အထိကရေးသားရခြင်းရည်ရွယ်ချက်မှာ သာသနာအတွင်း သက္ကလီးဒ် လုပ်ခြင်းကို ကျော်ပြီးလူတိုင်းလုပ်လို့ရတယ်လို့အထင်ရှိသူတစ်ချို့
နှင့် တက္ကလီးဒ်လုပ်ခဲ့ကြတဲ့ ရှေးသူတော်စဉ် ဆလဖီ ဂိုင်းဝင် မဇ်ဟဗ် ရှင်တွေကို သာမန်အဆင့်ရှိသူတွေလောက်ပဲလက်ခံပြီး သူတို့တောင်ကျော်လုပ်လို့
ရသေးတယ်လို့တလွဲကောက်ပြီး ခုခေတ်လူတွေ ဘာ့ကြောင့်ကျော်လုပ်လို့မရသလဲဆိုတဲ့ စော်ဒကရှင်တစ်ချို့အတွက်ရည်ရွယ်ပါတယ်....

ဤတော့်ပစ်ရဲ့ နောက်ရည်ရွယ်ချက် တစ်ခုက သာသနာအတွင်း ခေတ်နဲ့တပြေးညီ ဖြစ်ပေါ်နေမှုများကို လူတိုင်းသိရှိပြီး စဉ်းစားတွေးခေါ်
နိုင်ရန်နှင့် မွစ်လင်တိုင်း အထွေထွေ ဗဟုသုတ မြင့်မားသူတွေဖြစ်ရန်ရည်သန်ပါတယ်....ဝင်ရောက်ဆွေးနွေးချင်သူတွေင်္ကို ဝမ်းပြောက်စွာ
ကြိုဆိုကြောင်းနှင့် အထူးသဖြင့်အစ္စလမ်သာသနာအတွက် အကျိုးဖြစ်စေရန် ဖန်တီးသမှု ပြုလုပ်ပေးပါရန် ဤတော့်
ပစ်ရှင် အဖြစ်ကျွန်တော်မှ လေးစားစွာ ဖိတ်ခေါ်သမှုပြုလုပ်လိုက်ပါတယ်......

ဤတော့်ပစ်ကို ကျွန်တော့်အမြင်ဖြင့်ရေးသားခြင်းမဟုတ်ပါ ...အာဖရိကတိုက်ရှိ ပညာရှင်တပါးရဲ့ တင်ပြမှုကို ကျွန်တော်ကိုယ်တိုင်လည်း
လက်ခံပြီး အားလုံးသောမွစ်လင်တွေအတွက်လည်း အကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်မျှော်လင့်သည့်အတွက်.........hapmalaysia

8 comments:

Unknown said...

ဟာဂျီသန်းလှဦး@hapmala 81 days ago
ActivityRank: 5074

Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:38am
Send Message
Delete
သက္ကလီးဒ်ကို လက်မခံ ဝေဖန်နေသူများအပေါ် တောင်အာဖရိကကပညာရှင်တစ်ပါး ကဝေဖန်ခြင်း။

သက္ကလီးဒ်၏ရန်သူများနှင့် သူတို့၏သက္ကဝါချို့တဲ့မှု

အစ္စလမ်သာသနာတော်နှင့် စပ်လျဉ်းသည့်သက္ကလီးဒ် (အီးမန်ကြီးလေးပါး၏ လမ်းစဉ်းအပေါ်လိုက်နာခြင်း) အပေါ်မလိုတမာစိတ်ထားဖြင့်
မနှစ်သက်သူများ၏အထိကလက္ခဏာမှာ ထိုသူတို့သည် သက္ကဝါချိနဲ့သူများဖြစ်ခြင်းပင် ။

သာသနာအပေါ် ကိုင်းရှိုင်းရိုသေမှု အစ္စလမ့်ကိုကျင့်တရား ထားရှိရမှုတို့မှာ ထိုသူတို့အဖို့ ဦးစားပေ ရှေ့တန်းတင်ရမည့် သာသနာ့ရေးရာကီစ္စ
ရပ်များ မဟုတ်ကြပါ ။

ထိုသူများကိုအနီးကပ် လေ့လာကြည့်ရှုမည်ဆိုပါက သာသနာစိတ်ဓါတ်မြုံနေသူများ သည်းခံစိတ်မရှိသူများ ဖြစ်ပြီး စိတ်ဝိညာည်ပိုင်းဆိုင်ရာ
စင်ကြယ်မှုမရှိသည့်အပြင် ဆလဖီစွာလေဟီးန်း (ရှေးပညာရှင်သူတော်စင်) များ၏ ကျင့်စဉ်ကျင့်ရပ်များကို ပြုလုပ်ရန်မသင့်ဟူသော စိတ်ထားရှိ
သူများဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရပါမည် ။

▶ Reply to This

Hajee Than Hla Oo ( နဂါး ) Permalink Reply by Hajee Tha

Unknown said...

Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:39am
Send Message
Delete
သက္ကလီးဒ်၏ရန်သူများနှင့် သူတို့၏သက္ကဝါချို့တဲ့မှု။
ထိုသူတို့သည် စိတ်အလိုဆန္ဒ၏ ကျွန်များဖြစ်ကြပြီး နှလုံးသားမည်းမှောင် ညာည့်နက်နေသူများဖြစ်ကြသည် ။
သူတို့သည် ဆွဟာဗဟ်များ သာဗေအီးန်များထံမှ ရှရီအတ်သာသနာတော်နှင့် ရှရီအတ်၏ ပညတ်ချက်များ ဒီးန်
၏အနှစ်သာရများကို ဆည်းပူးလေ့လာခဲ့သူများဖြစ်ကြသည့် ထင်ရှားသောသာသနာ့ပညာရှင်ကြီးများ၏ လမ်းညွှန်
မှုကို လိုက်နာမှုမရှိသူများ (သက္ကလီးဒ်ကို စွန့်လွတ်သူများ) ဖြစ်ကြပေသည် ။ ထိုသူများသည် ကျမ်းမြတ်ကိုရ်အန်နှင့်
ဟဒီးစ်၏ အဓီပ္ပါယ်များကို မိမိတို့၏အတွေးအမြင် ယူဆချက်များအတိုင်းဖွင့်ဆိုကြသူများဖြစ်ကြပေသည်။ မိမိတို့၏
ကြောင်တောင်တောင်နိုင်လှသော် ယူဆချက်တွေနှင့် (ကိုက်ညီသော) စိတ်တိုင်းကျသည့် အယူအဆကိုသာလျှင်
အမှန်ဟု ယူဆကြ လက်ခံကြသည် ။

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:39am
Send Message
Delete
သာသနာ့အလင်းရောင်ထွန်းပြောင်မှု ။

သက္ကလီးဒ်အား တစ်ဆင့်ခံ ထားရှိပြီးမှသာလျှင် မိုအ်မင်တို့၏နှလုံးသားအပေါ်သို့လည်းကောင်း အတွေးအခေါ်ညဏ်ပညာအပေါ်သို့လည်းကောင်း
အလ္လဟ်အသျှင့်ထံမှ အလင်းရောင် သက်ဆင်းကျရောက်နိုင်ပါသည် ။

အစ္စလမ့်သက္ကလီးဒ်သည် (ဆင်ကန်းတော်တိုးသက္ကလီးဒ်မဟုတ်) ထက်မြက်သော ဂုဏ်ရည်ဂုဏ်သွေးများနှင့်လွမ်းခြုံလျှက်ရှိသည့် သက္ကလီးဒ်
ဖြစ်သည် ။


(၁) ဆွဟာဗဟ်များသည် တမန်တော်မြတ်ကြီးအား သက္ကလီးဒ်လုပ်၍ ကျင့်သုံးလိုက်နာ ခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့သည့်အတွက် လည်း
ထိုပိုဂ္ဂိုလ်မွန် ကြီးများသည် အလ္လဟ်အသျှင့်ထံမှ သက်ဆင်းကျရောက်သည့် လင်းဝင်းတောက်ပါသည့်လမ်းညွှန်မှုကို ဦးစွာပထမ လက်ခံရယူခဲ့သူ
များဖြစ်ခဲ့ကြသည် ။


(၂) တစ်ဖန်သာဗေအီးန်းများသည် ဆွဟာဗဟ်များအား သက္ကလီးဒ်လုပ်၍လိုက်နာကျင့်သုံးခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့ကြသည့်အတွက်
စိတ်ဝိညာဉ်ပိုင်းအရလည်းကောင်း ကျမ်းဂန်များ သင်ကြားဆည်းပူး ရယူခဲ့ရာတွင်လည်းကောင်း အသိညဏ်အရည်အသွေးမြင့်မားကာ နှစ်သက်ဖွယ် ကောင်းပြီး အကျိုးများသည့် အတွေ့အကြုံများရရှိခဲ့ကြသည် ။


(၃) သဗအ်သာဗေအီးန်းများသည် သာဗေအီးန်းများအား သက္ကလီးဒ်လုပ်၍ လိုက်နာကျင့်သုံးခဲ့ကြသည် ။ ဤသို့လိုက်နာကျင့်သုံးခဲ့ကြသည့်အတွက်လည်း ထိုပိုဂ္ဂိုလ်ကြီးများအားလုံးကို အိလင်နှင့်သက္ကဝါလင်းဝင်း
တောက်ပသော် သာသနာ့ကြယ်ပွင့်ကြီးများသဖွယ် ကျွန်နုပ်တို့မြင်တွေ့ရခြင်းဖြစ်သည် ။
သက္ကလီးဒ်စွန့်လွတ်သူများသည် တမန်တော်နှင့် မိမိတိုအကြားရှိ အထိန်းအကွပ်သဖွယ် ရှိသည့်အဆက်အသွယ်
(သံကြိုးပမာရှိနေသည့် ကွင်းဆက်ကြီး )ဖြစ်သော သာဗေအီးန်း သဗသာဗေအီးန်များ နှင့် ဆွဟာဗဟ်များ၏ ဆက်သွယ်မှု
များကိုဖြတ်တောက်လိုက်သည် နှင့် အမိုက်အမှောင်ရွံနွံထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေသူများလှိုင်းလေထန်သော ရေ
ပြင်တွင် ဘယ်ညာလူးလီမ့်နေသော လှေငယ်သဖွယ် မိမိတိုကစိတ်ဆန္ဒတွေးခေါ်မှု၏လှိုင်းဂယက်တွင် လူးလှီမ့်နေရရှာသည် ။
သူတို့သည် ဆလဖီ စာလေဟီးန်း (ရှေးပညာရှင် သူတော်စင်များ)၏ မူလအကြောင်းရင်ကြီးဖြစ်သောသာသနာ့ရောင်ခြည်မှ
အလင်းကင်းမဲ့သူများဖြစ်သွားရလေသည် ။

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:39am
Send Message
Delete
မုအ်မင်ဤအထိကပန်းတိုင်

ကမ္ဘာလောကသို့ရောက်ရှိလာသော မိုအ်မင်တစ်ဦး၏အထိကပန်းတိုင်ဖြစ်သည့် အလ္လဟ်အသျှင်၏ကျေနပ်နှစ်သက်မှုရရှိရေးမှာ စင်ကြယ်လှသော
သက္ကလီးဒ်ကွင်းစက်ကြီးနှင့် ဆက်နွယ်လျှက်ရှိပေသည် ။ ဤရည်ရွယ်ချက်ပန်းတိုင်ကို မိမိတို့၏ကိုယ်ပိုင်အတွေးအခေါ်များဖြင့် တူးဆွဖေါ်ယူခြင်းဖြင့်
မရနိုင် ။ သက္ကလီးဒ်လမ်းကြောင်းအတိုင်း ဟန်ချက်ညီညီလိုက်ပါမှသာလျှင် ရည်ရွယ်ချက်ပြည့်ဝမည်ဖြစ်သည် ။ ဒီးန်သာသနာတစ်ခုလုံးသည်
သက္ကလီးဒ်၏ဗဟိုချက်မတိုင်တွင် အခိုင်အမာအထိုင်ကျကာ မှန်မှန်ကြီးလည်ပတ်လျှက်ရှိသည်

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:40am
Send Message
Delete
ကမ္ဘာကျော်ဒသနပညာရှင်တို့၏နိဂုံး

ရှေးခေတ်အခါက ဒသနပညာရှင်းကြီးများ တနည်းအားဖြင့် ယုတ္တိဗေဒပညာရှင်များဟု ခေးဝေါ်သမုတ်ချင်းခံရသူများသည် နဗီတမန်တော်များအားသက္ကလီးဒ်လုပ်ခြင်းမှ ရှောင်ကျဉ်ကာ မျက်နှာလွဲခဲ့ကြသည် ။ ဤသို့မျက်နှာလွဲခဲ့ကြသည့်အချိန်မှစ၍
သာသနာ့လူမှုကျင့်ဝတ်များနှင့် လမ်းကြောင်းကွဲ ထွက်ပြီး ကိုယ်ကျင့်သီလ စာရိတ္တ ပိုင်း ချွတ်ခြုံကျကာ ပျက်စီးခြင်းမလှပျက်
စီးပြီး ကာဖီရ်ဘဝသို့သက်ဆင်းကျရောက်သွားရလေတော့်သည် ။

သူတို့၏တတ်သိတွေးခေါ်မှုမှာ အဆုံးစွန်ဆုံးသောအမှန်တရား (အလ္လဟ်) ရှိခြင်းအပေါ် ထိုးထွင်းသိမြင်သည့်အဆင့်အထိ ပေါက်
ရောက်နိုင်ဖွယ်ရှိသည့် အသိညဏ်ထူးဖြစ်သည်ဟု ကိုယ့်ကိုကိုယ်ပင်လှည့်စားလီမ်ညာခဲ့ကြသည် ။သို့သော်အဆုံးသတ်တွင်မူ သူတို့
၏စိတ်ကူးဒသနများမှာ ထင်ရာမြင်ရာ နဖ်စိတ်ရိုင်း၏ အစေအပါးကျေးကျွန်များသဖွယ်ဖြစ်သွား ခဲ့ရသည် ။ သူတို့၏စိတ်ကူးအတွေးအခေါ်
များမှာ အခြေအမြစ်မဲ့ အဆိုသဘော်တရားများဖြင့် နိဂုံးချုပ်အဆုံးသတ်ခဲ့ရကြသည် ။ အလ္လဟ်၏လမ်းညွန်သဘောတရားအပေါ်မှန်းဆ
ပြောဆိုကြသည့် သူတို့၏အတွေးအခေါ်ကို ညဏ်ရည်နီမ့်ကျသောသူများသည်ပင် ကောင်းစွာသိရှိခဲ့ကြပြီး လိုလားနှစ်သက်မှုမရှိခဲ့ကြပါ ။
နဂိုမူလထဲကပင် တမ်တော်များအားသကလီးဒ်လုပ်ရန်ခါးခါးသီးသီးငြင်းဆန်ခြင်းနှင့် မုန်းတီးစိတ်ရှိခြင်းက သူတို့ကို ရှိုင်တွန်၏ နောက်
တော်ပါးများ ဖြစ်စေခဲ့သည်

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:40am
Send Message
Delete
မဇ်ဟဗ်ကြီးလေးရပ်

ယခုကဲ့သို့အချိန်မျိုး ခေတ်ကြီးမျိုးတွင် အီမန်ကြီးလေးပါး၏ သက္ကလီးဒ် (သို့မဟုတ်) အိမာမေမုဂ်ျသဟိဒီးန်များ အား သက္ကလီးဒ်ပြုလုပ်ခြင်းအပေါ်
မျက်ကွယ်ပြု လွဲဖယ်သူများသည်လည်း ဤကဲ့သို့သောကံကြမ္မာအတိုင်း ပင်ဖြစ်နေသည် ။ ထိုပိုဂ္ဂိုလ်များသည် လှိုင်းတံပိုးပြင်းထန်သည့် သမုဒ္ဒရာအတွင်း ပဲ့ကိုင်မရှိသောလှေပမာ မိမိတို့၏ရှုပ်ထွေးလျှက် ရှိသောယူဆချက်များတွင် မျှော်ပါလျှက်ရှိသည် ။ ထိုသူတို့အားလမ်းညွှန်မှု
ပြုသူမှု သူတို့၏ နဖ်စိတ်ရိုင်းပင်ဖြစ်လေသတည်း ။ ထိုသူတို့သည် ဆွဟာဗဟ်များနှင့် တိုက်ရိုက်နှောင်ဖွဲ့ချိတ်ဆက်ထားသည့် အီမန်မေ မွဂ်ျ
သဟေဒီးန် (အီးမန်ကြီးလေးပါးတို့အား) အမိုက်မဲဆုံးသော သဘောထားရပ်တည်ချက်များဖြင့် မတုံးမဆိုင်းပြင်းထန်စွာဝေဖန်တတ်ကြသည် ။
သူတို့သည် သာသနာရေးအသိပညာ အလွန်နဲပါးသူများအား လမ်းမှားသိုရောက်အောင် ကြိုးစားအားထုတ်ရန်အတွက် ဂျပ်စီများကဲ့သို့အရပ်
တကာလှည့်လှည်ကာစကားဖျဉ်းများဖြင့် မဇ်ဟဗ်များသည် ကိုရ်အန်ဟဒီးစ်နှင့်ကွဲလွဲနေသည်ဟု ပြောကြသည် ။ သို့သော်စဉ်းစားတွေးခေါ်တတ်သည့်
ညဏ်အနဲအကျဉ်းရှိသူများသည်ပင်လျှင် မဇ်ဟဗ်ကြီး ၄ ခုကပြထားသော အကြောင်းအရာများသည် ကျမ်းမြတ်ကိုရ်အန်နှင့် ဟဒီးစ်တော်များတွင်
စွန္နဟ်တော်များတွင် အခြေခံထားသည်ဟုနားလည် သဘောပေါက်ကြသည် ။ မဇ်ဟဗ်များ၏အမျိုးမျိုးသောရှုထောင့်မှ ရှုမြင်သုံးသတ်၍ သင်ကြားထားသည့် အကြောင်းအရာတစ်ခုခြင်းစီသည် ကျမ်းမြတ်ကိုရ်အန်နှင့် စန္နသ်အပေါ်ခိုင်မြဲစွာအခြေခံလျှက်ရှိသည် ။

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:40am
Send Message
Delete
တတ်ယောင်ကားများ

အစ္စလမ်သာသနာ၏ သက္ကလီးဒ် (အီမန်လေးပါအနက် တစ်ပါးပါး၏လမ်းစဉ်အား နာခံလိုက်နာခြင်း) အားစွန့်လွတ်ထားသူ (တတ်ယောင်ကား)များသည် တတ်နိင်သမျှ နည်းလမ်းပေါင်းစုံနှင့် အပြင်းအထန်ကြိုးပန်းအားထုတ်ကာ သူတို့၏အတွေးအခေါ်အယူအဆများကို အရပ်တကာလှည့်လည်ပြီးတင်ပြကြသည် ။
သူတို့ကစလ်ဖီစွာလေဟီးန် (ရှေးပညာရှင်သူတော်စဉ်များ) လက်ထက်မှယနေ့အထိ အစ္စလမ်သာသနာဝင် အွမ္မသ်ထုတစ်ရပ်လုံး မှားယွင်းသွေဖီနေသည့် ဤအမှန်တရားကို လွန်ခဲ့သည့်ရာစုနှစ်ကမှသာရှာဖွေတွေ့ရှိလာသည်ဟုယူဆကြသည် ။ သူတို့၏ညဏ်ရည်သည် စန္နီမဟုတ်သူများ စဉ်းစားတွေးခေါ်ပုံအတိုင်းဖြစ်နေသည် ။
စန္နီမဟုတ်သူများက အစ္စလမ်သာသနာတော်အပေါ် ဦးစကထဲကပင် ဆွဟာဗဟ်များအားလုံးနှင့် မွစ်လင်အွမ္မသ်ထုတစ်ရပ်လုံသည် လမ်းလွဲခဲ့ပြီးဖြစ်သည့်အပြင် အစ္စလမ်သာသနာနှင့် လမ်းကြောင်းသွေဖီ၍ ရွှေ့လျှားနေခြင်းတာဖြစ်သည်ဟု ယူဆပြောဆိုကြသည် ။ ဤသို့အရိပ်အမွက်ပြောဆိုခြင်းသည်ကပင် တမန်တော်မြတ်အား အလ္လာက အစ္စလမ်သာသနာဖြန်ချီရန်အတွက် အထူးတာဝန်ဖြင့်စေလွတ်ခြင်းကို အောင်မြင်အောင်မဆောင်ရွက်နိုင်ဟုပြောဆိုရာရောက်သည် ။
ညဏ်ရည်ထက်မြက်သော သူတို့အနေဖြင့် အစ္စလမ်သာသနာခေတ်ဦးအချိန်မှစ၍ သက္ကလီးဒ်ကို သဘောတူလက်ခံသည့်အွမ္မသ်ထုတစ်ရပ်လုံးမှာ မှားယွင်းပြီး သွေဖီနေခြင်း လုံးဝဖြစ်ဖွယ် မရှိ ဟုတိကျစွာခွဲခြားပြောဆိုနိုင်သည် ။ ထို့အပြင်ရာစုနှစ်ပေါင်းများစွာ ကြာမှသာ ရှာဖွေတွေ့ရှိခဲ့သည်မှာလည်း လုံးဝဖြစ်နိုင်ချေမရှိပါ ။ (ဆွိရာသွလ်မွစ်တကီးမ်) ဟူသော ဖြောင့်မတ်မှန်ကန်သောလမ်းကြောင်း (သို့မဟုတ်) စွန္နသ်တော်၏လမ်းကြောင်းသည် အဲဟ်လေစွန္နသ်ဝလ်ဂျမာအတ်၏ မဇ်ဟဗ်ကြီးများအား သက္ကလီးဒ်လုပ်ခြင်းအီမန်ကြီးလေးပါးအနက်တစ်ပါးပါး၏လမ်းစဉ်အား နာခံလိုက်နာခြင်း လမ်းသွယ်မှ တစ်ဆင့်ဝင်ရောက်ရာဖြစ်၏ ။ သက္ကလီးဒ်လုပ်ခြင်းမှလွဲ၍ မည်သို့သော်လမ်းအသွယ်သွယ်မှသွားသွား ဆွေရာသွလ်မွစ်တကီးမ် ဟူသောလမ်းကြောင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်၍ အရာရာသည်လမ်းလွဲမှု သွေဖီမှု ဖောက်ပြန်မှု စည်းဘောင်ကျော်သူသာဖြစ်သည့်အပြင် အမှိုက်အမှောင်အတွင်း ကျရောက်မှုသာဖြစ်ပါလီမ်မည် ။

▶ Reply to This

Unknown said...

Permalink Reply by Hajee Than Hla Oo ( နဂါး ) on September 7, 2009 at 2:41am
Send Message
Delete
ဂိုင်းရ်မုက္ကလီဒ်တွေဟာ (ဟနဖီကျမ်းဖြစ်တဲ့ ) ဟိဒါယဟ်ကျမ်း အတွဲ-၁ စာ ၂၉၁ မှာ (ဟဒီးစ်ထက် အီမမ်ရဲ့အဆိုကို ဦးစားပေးရမယ်ဆိုပြီး ရေးထားသယောင်) အလွဲသုံးစားလုပ်ပြီးစွပ်စွဲထားတယ် ။အမှန်မှာ ဟေဒါယဟ်ကျမ်းရဲ့မူရင်းကျမ်းအရရော် ဘာသာပြန်ကျမ်းမှာပါ ဒီလိုရေးထားတာလုံးဝမပါဘူး ။ ဟေဒါယဟ်ကျမ်းကိုထပ်ဆင့်ရှင်းပြတဲ့ ကျမ်းဖြစ်တဲ့ အိုင်နူလ်ဟေဒါယဟ်ကျမ်းရှင်က သူ့ရဲ့ဘာသာပြန်ကျမ်းမှာ သရှ်ဟူးဒ်ထိုင်ချိန်မှာ လက်ညှိုးညွန်တာ ဟဒီးစ်မှအြထောက်အထားရှိတဲ့အတွက် အီမမ်အဘူဟာနီဖွါ(ရဟ) ကလက်ညှိုးညွန်တာမွစ်သဟဗ်ဖြစ်တယ်လို့ညွန်ထားတယ် ။ အကယ်လို့ဟဒီးစ်မှာလက်ညှိုးညွန်တာပါပြီး အီမန်အဘူဟနီဖွါ(ရဟ) ကလက်ညှိုးမညွန်ရဘူးဆိုရင်တော့် အီမမ်ရဲ့အဆိုထက် ဟဒီးစ်ကိုဦးစားပေးရမယ် ဆိုတဲ့ မွလ္လာအလီကာရီ(ရဟ) ရဲ့အဆိုကိုဆင့်ပြန်ထားတာဖြစ်တယ် ။
မွလ္လာအလီကာရီ(ရဟ)ဆိုလိုတာက အီမမ်အဘူဟနီဖွါ ရဲ့အဆိုဟာ ဟဒီးစ်တော်နဲ့လုံးဝဆန့်ကျင်းခြင်းမရှိဘူးဆိုလိုတာဖြစ်တယ် ။ ဂိုရ်မုက္ကလီဒ်တွေက ဒီစာကျောင်းကို လီမ်လည်ပြီး အမြတ်ထုတ်ဖို့ကြိုးစားသာဖြစ်တယ်ဆိုတာကိုစာဖတ်သူတွေခန့်မှန်းမိပါလီမ့်မယ် ။
အမှန်တော့် အီမာမေ့မုဂ်ျသဟီဒ်တွေ အီမမ်အဘူအဘူဟနီဖွါ(ရဟ) အီမမ်မာလီက် (ရဟ) အီမမ်ရှာဖွေအီ(ရဟ) အီမမ်အဟ်မဒ်ဘငါဟမ်ဘလ် (ရဟ) တို့ဟာ ဆွဟီးဟဒီးစ်တွေနဲ့ဆန့်ကျင်ပြီး မိမိအယူအဆကိုဦးစားမပေးခဲ့ကြဘူး ဒါတင်မကဒီပိုဂ္ဂိုလ်မွန်တွေ ဖေါ်ထုတ်ထားတဲ့ မစာအီလ်တွေဟာ ကိုရ်အန်ဟဒီးစ်အထောက်အထားရှိကိုရှိတာတွေချည်းပဲဖြစ်တယ် ။
ဒါ့ကြောင့်မို့အီမမ်တစ်ပါးပါးဖေါ်ထုတ်ခဲ့တဲ့ မဆ်အာလာနဲ့ပတ်သက်လို့ ဒီမဆ်အာလာနဲ့ကိုက်ညီတဲ့ကိုရ်အန်အာယတ် ဟဒီးစ်အထောက်အထားမတွေ့တာနဲ့ ဒီမဆ်အာလာဟာ ကိုရ်အန်ဟဒီးစ်မှာ အထောက်အထားမရှိဘူးဆိုတဲ့ သဘောမျိုးမဟုတ်ဘူး ။ အထောက်အထားရှိကိုရှိတယ် ၊ဒါပေမယ့်ကျွန်တော်တို့ရဲ့ပညာနဲမှုကြောင့် ကျွန်တော်တို့မသိတာလျှင်ဖြစ်တယ် ။ တစ်ခါတစ်လေကီစ္စတစ်ခုနဲ့ပတ်သက်ပြီးကွဲလွဲစွာဖေါ်ပြထားတာတွေလည်းရှိတယ် ။ဒီလိုကွဲလွဲရခြင်းဟာဆင့်ပြန်ထျက် ၂မျိုးရှိနေလို့ပဲ ။ တစ်ဦးကဆင့်ပြန်ချက်တစ်ခုကိုကိုးကားတယ် နောက်တစ်ဦးကနောက်ဆင့်ပြန်ချက်တစ်ခုကိုကိုးကားတဲ့အတွက်ကြောင့်ပဲ ။ ၂ဦးစလုံးထံမှာခိုင်လုံတဲ့ဦးစားပေးရတဲ့အကြောင်းပြချက်တွေရှိတယ် ။ ဒီအတွက်ကြောင့်ပဲအီမမ်အဘူဟနီဖွါက ငါဟာဟဒီးစ်နဲ့ဆန့်ကျင်ပြီး ဘာစကားမှမပြောဘူး ။ သင်တို့ရှာကြည့်ပါ .ငါပြောတဲ့စကားဟာ ဟဒီးစ်နဲ့ဆန့်ကျင်နေတာကိုတွေ့ရမှာမဟုတ်ဘူး အကယ်၍ငါဖေါ်ထုတ်ထားတဲ့ မဆ်အာလာ ပညတ်ချက်နဲ့ပတ်သက်တဲ့ ဆန့်ကျင်တဲ့ဟဒီးစ်ကိုတွေ့ရင် ငါ့ရဲ့လမ်းစဉ်ဟာငါရေးထားတဲ့အတိုင်းမဟုတ်ဘူး ။ဆွဟီးဟဒီးစ်တော်အတိုင်းသာငါ့ရဲ့လမ်းစဉ်ဖြစ်တယ် ။ ဒါပေမယ့်အဲ့ဒီဆွဟီးဟဒီးစ်ဟာ (၁) မန်ဆူးခ် (ရုပ်သီမ်းပြီးသား)မဖြစ်စေရဘူး ။ (၂)ကိုရ်အန်အာယတ်တစ်ခုခု (သို့) အခြားစွဟီးဟဒီးစ်တစ်ခုနဲ့ ဆန့်ကျင်ဘက်ဖြစ်မနေရဘူး ။
ဟနဖီတွေရဲ့ခံယူချက်လမ်းစဉ်ကဒီအတိုင်းရှိတယ် .ဒီမူနဲ့ဆန့်ကျင်ပြီး ဟန္နဖီရဲ့ ခံယူချက်တစ်ခြားမရှိဘူး ။ ဒီလောက်ရှင်းနေပါလျှက် ဂိုရ်မုကလီဒ်တွေ ဟာအထက်ပါဖေါ်ပြတဲ့စာပိုက်နဲ့ ဟန္နဖီတွေကိုစွပ်စွဲပြောဆိုနေတာကအံသြစရာတစ်ခုပဲ …အီမမ်အဘူဟနီဖွက ( အေဇာစွဟ်ဟလ်ဟဒီးဆို ဖွဟိုဝဖဇ်ဟဘေ) ဆွဟီးဟဒီးစ်ဟာ ငါ့ရဲ့လမ်းစဉ်ပဲဆိုတာဒီသဘောပဲ ဆွဟီးဟဒီးစ်မှန်ရင်ငါ့ရဲ့လမ်းစဉ်ပဲလို့ကြွေးကြော်စီန်ခေါ်ထားတာက အီမမ်အဘူဟနီဖွါရဲ့ မဆ်အလဟ်တိုင်းဟာ ကိုရ်အန်ဆွဟီးဟဒီးစ်နဲ့ကွက်တိဖြစ်နေလို့ပဲ .
အလားတူပဲ အီမမ်အဘူဟနီဖွဟ်ဖေါ်ထုတ်ထားတဲ့ ပညတ်ချက်နဲ့ကိုက်ညီတဲ့ဟဒီးစ်ဟာ စနဒ်(ဆင့်ပြန်သူကွင်းစက်ရှိသူများ) အားဖြင့် ဇွအီးဖ် (သတ်မှတ်ထားတဲ့စည်းကမ်းနျင့်မညီညွတ်သူ) ဖြစ်ရင်လည်း ခင်ဗျားတို့ကျွန်တော်တိုကအတွက်ပဲဇွအီးဖ်ဖြစ်တာ ။ အီမမ်အဘူဟနီဖွါအတွက် ဇွအီးဖ်မဟုတ်ဘူး . ဘာ့ကြောင့်လည်းဆိုရင်အီမမ်အဘူဟနီဖွဟ် (ရဟ) သာဗေအီန်း (ဆွဟဗဟ်တွေကိုမြင်တွေ့ကြားနာခဲ့သူ) ဖြစ်လို့ပဲ ။ ဆင့်ပြန်သူတွေမှာ ဇွအီးဖ်ဖြစ်သူဟာ အီမမ်အဘူဟနီဖွဟ်ရဲ့နောက်ပိုင်းမှဝင်လာတဲ့အတွက်ကြေင့်ဖြစ်တယ် ။ ဒါ့ကြောင့်အီမမ်အဘူဟနီဖွဟ်အပေါ်မှအြစွန်းအထင်းမရှိဘူး ။အဲ့ဒီဇွအီးဖ် ရာဝီ ဝင်လာပြီးနောက်မှသာ ဒီဟဒီးစ်တွေကိုဆင့်ပြန်သူအပေါ်မှာပဲ အစွန်းအထင်းရှိမယ်။။။။။။။။။။။။။ကိုင်းဒီလောက်ဆိုရင် သက္ကလီးဒ်လုပ်စရာမလိုဘူးပြောသူတွေရဲ့ ဇာတိရုပ်ကိုတွေနိုင်လောက်ပါတယ်နော်…..မွစ်လင်ထုတစ်ရပ်လုံး ဆွဟဗဟ်ခေတ်ကနေ ပြီးခဲ့တဲ့ရာစုနှစ်လောက်အထိမှားနေတယ်လို့ ပြောချင်နေကြတဲ့ပုံပဲ ….ပြီးခဲ့တဲ့ရာစုနှစ်လောက်မှ ကမ္ဘာမှာလှုပ်ရှားသက်ဝင်လာတဲ့ အီမမ်တွေပေါ်သက္ကလီးဒ်လုပ်စရာမလိုဘူးကိုရ်အန်နဲ့ စွဟီးဟဒီးစ်ကို တိုက်ရိုက် ဖေါ်ဆောင်ကျင့်သုံးလို့ ရတယ်လို့ခံယူချင်သူလက်ခံဖို့ကြိုးစားသူတွေဟာ အီမမ်တွေထက်ကိုပိုနားလည်သူ အီမမ်တွေထက်မညံပါဘူးလို့ပြောဆိုဝန်ခံနေကြမှန်း ဦးနှောက်အသိညဏ်ရှိသူတွေ စဉ်းစားမိကြမှာထင်တယ်..
ကိုင်းဒီနေ့တော့်ဒီလောက်ပဲ ရေးမယ်ဗျာ……ဆက်စရာထပ်လိုတော့်လည်း ထပ်ဆက်ဖြစ်တာပေါ့် hapmalaysia

▶ Reply to This

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ