Welcome to my blog :)

rss

Friday, October 29, 2010

ကမ္ဘာ့ဖလားဘောလုံးပွဲ ခန့်မှန်းခဲ့သည့် နာမည်ကျော် ရေဘဝဲပေါလ်သေဆုံး

အသက်(၃)နှစ်နီးပါး ရှိပြီဖြစ်သည့် ပေါလ်မှာ ၎င်း၏ ရေကန်လေးအတွင်း အောက်တိုဘာ (၂၆)ရက်နေ့ နံနက်ပိုင်းက သေဆုံးနေသည်ကို ဂျာမနီနိုင်ငံ၊ အိုဘာဟန်ဆန် Sea Life အဏ္ဏ၀ါပြတိုက်မှ ၀န်ထမ်းများက တွေ့ရှိခဲ့ကြောင်း ပြတိုက်မှ တာဝန်ခံ အမျိုးသမီး အာရီနီ ဗီရာဂျီက ပြောကြားခဲ့




(၂၀၁၀)ခုနှစ်၊ တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း ကမ္ဘာကျော် ဖြစ်ခဲ့သော ပုရောဟိတ် ရေဘ၀ဲပေါလ်မှာ ယခုအခါ ကွယ်လွန်ရှာပြီဖြစ်သည်။ အသက်(၃)နှစ်နီးပါး ရှိပြီဖြစ်သည့် ပေါလ်မှာ ၎င်း၏ ရေကန်လေးအတွင်း အောက်တိုဘာ (၂၆)ရက်နေ့ နံနက်ပိုင်းက သေဆုံးနေသည်ကို ဂျာမနီနိုင်ငံ၊ အိုဘာဟန်ဆန် Sea Life အဏ္ဏ၀ါပြတိုက်မှ ၀န်ထမ်းများက တွေ့ရှိခဲ့ကြောင်း ပြတိုက်မှ တာဝန်ခံ အမျိုးသမီး အာရီနီ ဗီရာဂျီက ပြောကြားခဲ့သည်။ အောက်တိုဘာ (၂၅)ရက်နေ့ ညပိုင်းက ပေါလ်သည် ရွှင်ရွှင်မြူးမြူး ကျန်းကျန်းမာမာ ရှိနေသော်လည်း နောက်တစ်ရက်တွင် ယခုလို သေဆုံးနေခြင်းဟု ဗီရာဂျီကဆိုသည်။ ပေါလ်၏ သေဆုံးမှုမှာ သမားရိုးကျသာဖြစ်ကြောင်းလည်း သူမက အတည်ပြု ပြောဆိုသွားသည်။ “သူ့ကို ကျွန်မတို့အားလုံး ချစ်ကြပါတယ်။ ပေါလ်ကို အားလုံးပဲ လွမ်းနေကြမှာပါ”ဟု ဗီရာဂျီက ၀မ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။

ပြတိုက်အနေနှင့် ၎င်းတို့၏ နာမည်အကြီးဆုံး သတ္တ၀ါလေးအတွက် မည်သို့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပမည်ကို မဆုံးဖြတ်ရသေးကြောင်း ဗီရာဂျီကဆိုသည်။ “လောလောဆယ်တော့ ပြတိုက်ထဲမှာပဲ ပေါလ်အတွက် သီးသန့်နေရာလေးပေးပြီး မြှုပ်နှံသွားမယ်လို့ စဉ်းစားထားပါတယ်”ဟု သူမက ပြောဆိုသွားသည်။ ပေါလ်သည် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း ဂျာမနီအသင်း ကစားသည့် ပွဲစဉ်(၇)ခုနှင့် ဗိုလ်လုပွဲအဖြစ် စပိန်နှင့် နယ်သာလန်တို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များအား အမှားအယွင်းမရှိ ရာခိုင်နှုန်းပြည့် မှန်ကန်စွာ ခန့်မှန်းပေးခဲ့ပြီးနောက် ကမ္ဘာ့မီဒီယာများက ပုရောဟိတ် ရေဘ၀ဲလေးအဖြစ် တင်စားအမည်ပေးခဲ့ကြသည်။ ၎င်းအား ကမ္ဘာ့ဖလား အပြီးတွင် ဘောလုံးပွဲ ရလဒ်များ ခန့်မှန်းခြင်းမှ အနားပေးလိုက်ပြီဟု ပြတိုက်က ကြေညာခဲ့သည်။ အင်္ဂလန် ဇာတိဖြစ်သော ပေါလ်ကို (၂၀၁၈)ခုနှစ်၊ ကမ္ဘာ့ဖလား အိမ်ရှင်လျှောက်ထားခွင့်အတွက် အင်္ဂလန်က ဘောလုံးဆိုင်ရာ သံတမန်အဖြစ် အမည်တင်သွင်းခဲ့သည်။ ပေါလ်ခန့်မှန်းချက်များ မှန်ကန်ပြီး ရှုံးနိမ့်ခဲ့သည့် အာဂျင်တီးနား၊ ဂျာမနီ ပရိသတ်အချို့က ၎င်း၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်ခဲ့သလို တစ်ဖက်တွင်လည်း ပေါလ်အား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် တခမ်းတနား နေရာပေးရန် ကြိုက်ဈေးပေး ၀ယ်ယူလိုသည့် စပိန်သူဌေးများ ပေါ်လာခဲ့သည်။ စပိန်သည် ပေါလ်၏ ခန့်မှန်းချက်အတိုင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အသင်းဖြစ်သည်။ ယင်းသည် စပိန်တွင် အလွန်နာမည်ကြီးပြီး အိုကာဘိုလီနိုမြို့တွင် ပေါလ်အား ခေတ္တငှားရမ်းကာ ခင်မင်စရာ အကောင်းဆုံး မိတ်ဆွေလေးအဖြစ် ပြပွဲတစ်ခု ကျင်းပပြသသွားရန်ပင် စီစဉ်ခဲ့သေးသည်။ ထို့အပြင် တောင်းဆိုမှု အများအပြား ရှိနေသဖြင့် စပိန်နိုင်ငံ မက်ဒရစ်ဥယျာဉ်သည် Sea Lifeသို့ ပေါလ်အား ကမ္ဘာပေါ်တွင် အရှားပါးဆုံး အဏ္ဏ၀ါ မျိုးစိတ်များနှင့် လဲလှယ်လိုကြောင်း ကမ်းလှမ်းခဲ့သည့်တိုင် Sea Lifeက ပယ်ချခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ