ဟာဂျီသန်းလှဦး@hapmala 81 days ago ActivityRank: 5074 အစ္စလာမ်တရားတော်မြတ်တွင်...တားမြစ်ထားသော..နိကာဟ်၊ထိမ်းမြားခြင်းမပြုထိုက်သော..အမျိုးသမီးများမှာ.. အောက်ဖော်ပြသည့်အတိုင်းဖြစ်သည်။ ၁....မိခင်များ................. (မိခင်များဟုဆိုရာ၌မိခင်များနှင့်တကွမိခင်ဘက်မှ၎င်း၊ဖခင်ဘက်မှ၎င်း၊အထက်အဆက်များဖြစ်သောအဘွား၊အဘေး၊ အဘွေးမ၊အဘဲမ၊အဘိမ၊အဘော်မအားလုံးအကျုံးဝင်ပေသည်။) ၂....သမီးများ............. (သမီးများဟုဆိုရာ၌သားဘက်မှ၎င်း၊သမီးဘက်မှ၎င်း၊အောက်ဆက်များဖြစ်သော မြေး၊မြစ်၊တီ၊မြော့၊ကျွတ်၊ကျွတ်ဆတ်၊အားလုံးအကျုံးဝင်ပေသည်။) ၃....အစ်မ၊နှစ်မများ................. (အစ်မ၊နှစ်မများဟုဆိုရာ၌မိတူဘတူ၊အစ်မ၊နှစ်မများနှင့်တကွမိတူဘကွဲ၊ဘတူမိကွဲအစ်မနှစ်မများအားလုံးအကျုံးဝင်ပေသည်။) ၄....အရီးများ.................. (အရီးများဟုဆိုရာ၌ဘခင်နှင့်ဘခင်၏အထက်အားလုံးတို့၏မိတူဘတူ၊မိတူဘကွဲ၊ဘတူမိကွဲအစ်မနှစ်မအားလုံးအကျုံးဝင်ပေသည်။) ၅.....အဒေါ်များ............ (အဒေါ်များဟုဆိုရာ၌မိခင်နှင့်တကွမိခင်၏အထက်အဆက်အားလုံးတို့၏မိတူဘတူ၊မိတူဘကွဲ၊ဘတူမိကွဲ၊အစ်မညီမများအားလုံးအကျုံးဝင်ပေသည်။) ၆......ညီ၊အစ်ကို၏သမီးများ.............. (ညီ၊အစ်ကို၏သမီးများဟုဆိုရာ၌မိတူဘတူ၊မိတူဘကွဲ၊ဘတူမိကွဲ၊ညီ..အစ်ကိုအားလုံးတို့၏သမီများအကျုံးဝင်ပေသည်။) ၇.....အစ်မ၊နှစ်မ၏သမီးများ.................. (အစ်မ၊နှစ်မ၏သမီးများဟုဆိုရာ၌မိတူဘတူ၊မိတူဘကွဲ၊ဘတူမိကွဲ၊အစ်မ၊နှစ်မများ၏သမီးများအားလုံးအကျုံးဝင်ပေသည်။) ၈.....နို့တိုက်ကျွေးဘူးသော...နို့ထိမ်းမိခင်များ................ (နို့တိုက်ကျွေးဘူးသော..နို့ထိမ်းသည်မိခင်များ.ဟုဆိုရာ၌အစ္စလာမ်သာနာကအမိဟူ၍ပင်ခေါ်ဆိုထားပေသည်။ သို့ဖြစ်ပေရာနို့ထိမ်းသည်သည်မိခင်အရင်း၏စည်းကမ်းချက်အတိုင်းဖြစ်ပေသည်။ ၉.....နို့စို့ဘက်အစ်မ၊နှမများ............... (နို့စို့ဘက်အစ်မ၊နှမများဟုဆိုရာ၌အကြင်ယောကျာင်္းကလေးတစ်ယောက်သည်အကြင်မိန်းခလေးတစ်ယောက်၏မိခင်နို့ကို၎င်း၊ ထိုမိန်းခလေး၏နို့ထိမ်းသည်၏နို့ကို၎င်း၊ထို့အတူအကြင်မိန်းခလေးတစ်ယောက်သည်အကြင်ယောကျာင်္းလေး၏နို့ထိမ်းသည်၏နို့ကို၎င်း၊ ထိုယောကျာင်္းလေး၏နို့ထိမ်းသည်၏နို့ကို၎င်း..တချိန်တည်းဖြစ်စေ၊တခြားစီဖြစ်စေ၊နို့စို့ခဲ့ဘူးသော်ထိုယောကျုာင်္းလေးများနှင့်ထိုမိန်းခလေးများသည် အချင်းချင်းနို့စို့ဘက်မောင်နှမများဖြစ်သွားကြလေသည်။) ၁၀................ဇနီးမိန်းမများ၏မိခင်များ... (ဇနီးမိန်းမများ၏မိခင်များဟုဆိုရာ၌ဇနီးမိခင်နှင့်တကွထိုဇနီး၏အထက်အဆက်အားလုံးအကျုံးဝင်ပေသည်။) မှတ်ချက်............ မိန်းမတစ်ဦးတစ်ယောက်နှင့်ထိမ်းမြားရုံနှင့်(သံဝါသစပ်ယှက်မှုမပြုရသော်လည်း)ထိုမိန်းမ၏အထက်အဆက်အားလုံးနှင့်ထိမ်းမြားခြင်းမပြုပိုင်ချေ။ ၁၁....မယားပါသမီးများ....... (မယားပါသမီးများဟုဆိုရာ၌မယားပါသမီးများနှင့်တကွယင်းတို့၏အောက်ဆက်အားလုံးအကျုံးဝင်ပေသည်။) မှတ်ချက်.......... အကယ်၍အကြင်မိန်းမတစ်ဦးနှင့်ထိမ်းမြားပြီးသံဝါသမပြုရသေးလျင်ထိုမိန်းမအားကွာရှင်းပြီး၍သော်၎င်း၊ထိုမိန်းမသေဆုံးသည်ရှိသော်၎င်း၊ ထိုမိန်းမ၏သမီးနှင့်ထိမ်းမြားပိုင်ခွင့်ရှိသည်။ မိမိတို့၏ရင်ခွင်၌ကြီးပြင်းသောမယားပါသမီးများဟူ၍မိန့်ဆိုထားတော်မူခြင်းမှာဖြစ်လေ့ဖြစ်ထရှိသည်ကိုရည်ညွှန်းထားခြင်းမျှသာဖြစ်သည်။ သီးခြားစည်းကမ်းချက်မဟုတ်ပေ။ရင်ခွင်၌ကြီးပြင်းခြင်းသည်အဓိကအချက်မဟုတ်ပေ။ ၁၂......သားရင်းများ၏ဇနီးမိန်းမများ............. (သားရင်းများ၏ဇနီးမိန်းမများဟုဆိုရာ၌သားရင်းများနှင့်တကွယင်းတို့၏အောက်ဆက်များအားလုံးအကျုံးဝင်ပေသည်။ သားရင်းဟုမိန့်ဆိုထားခြင်းဆိုသည်မှာသားရင်မဟုတ်သောမွေးစားသားများ၏ဇနီးမိန်းမများနှင့်ကားထိမ်းမြားခွင့်ရှိကြောင်းတည်း။) ဤအကြောင်း..ကုရ်အာန်ကျမ်းတော်မြတ်(၃၃း၃၇)တွင်တွေ့ရှိရပေသည်။ ၁၃......ညီအစ်မ(၂)ယောက်ကို..တပြိုင်တည်းထိမ်းမြားပိုင်ခွင့်မရှိ.... (ညီအစ်မ(၂)ဦးဟုဆိုရာ၌မိတူဘတူ၊မိတူဘကွဲ၊ဘတူမိကွဲ၊ညီအစ်မများ၊နို့စို့ဘက်ညီအစ်မများအားလုံးအကျုံးဝင်ပေသည်။ ၁၄.....လင်ရှိမိန်းမများ..... (လင်ရှိမိန်းမများဟုဆိုရာ၌လင်ရှိမိန်းမတစ်ယောက်ကိုထိုသူ၏ခင်ပွန်းကကွာရှင်း၍လင်ကွာ..(အစ်ဒ်ဒတ်)ရက်မကုန်ဆုံးသမျှကာလပတ်လုံးထိုသို့သောမိန်းမတစ်ဦးအားမည်သူတစ်ဦးတစ်ယောက်၌မျှထိမ်းမြားပိုင်ခွင့်မရှိပေ။ အကယ်၍လင်ရှိမိန်းမတစ်ယောက်သည်စစ်သုံ့ပန်းအဖြစ်နှင့်အကြင်မွတ်စလင်မ်တစ်ဦးတစ်ယောက်၏လက်တွင်းသို့ရောက်ရှိလာသော်၊ ထိုမွတ်စလင်မ်သည်မိမိ၏လက်တွင်းသို့ရောက်ရှိလာသောထိုလင်ရှိမိန်းမအားအစ္စလာမ့်တရားတော်နှင့်အညီထိမ်းမြားရယူနိုင်ပေသည်။) အစ္စလာမ်တရားတော်မြတ်၏ရှေ့ဆောင်လမ်းပြ..မြင့်မြတ်သော..ကုရ်အာန်ကျမ်းတော်မြတ်တွင်အစစအရာရာ....အမှားနှင့်အမှန်..အမှန်နှင့်အမှား ခွဲခြားပြထားတော်မူလေသည်။ကမ္ဘာပေါ်ရှိလူသားများအားလုံးအမှားနှင့်အမှန်ခွဲခြားသိမြင်ပြီးဆောင်ရွက်နိုင်ကြပါစေ....... ▶ Reply to This |
Friday, October 29, 2010
> အစ္စလာမ်တရားတော်မြတ်တွင်...တားမြစ်ထားသော..နိကာဟ်၊ထိမ်းမြားခြင်းမပြုထိုက်
Labels:
ဘာသာရေး/အစ္စလမ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။