Welcome to my blog :)

rss

Thursday, October 28, 2010

ဒအ်ဝသ်အင်မြန်မာ

What is Da'wah

ဒအ်ဝသ်အင်မြန်မာ အပိုင်း (၁)

ဒအ်ဝဟ် ဆိုသည်မှာ စာပေသဘောအရ ဖိတ်ခေါ်ခြင်းဖြစ်သည်။ သို့သော် အစ္စလာမ့် သဘောတရားတွင် အလ္လာဟ် အရှင်မြတ်ဘက် သို့ အစ္စလာမ်သာသနာ ဖက်သို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ မွတ်ဟ်လင်မ်မှန်လျှင် မည်သူမဆို ဒအ်ဝဟ် လုပ်ငန်းကို လုပ်ခြင်ကြသည်ခြည်းဖြစ်သည်။ စင်စစ် မည်သူမဆို အိမ်တွင်ဖြစ်စေ၊ ကျောင်းတွင် ဖြစ်စေ၊ အိမ်၊ ဆိုင်၊ စက်ရုံ၊ ရုံးတွင်ဖြစ်စေ၊ ဈေးတွင်ဖြစ်စေ၊ ဗလီတွင်ဖြစ်စေ၊ ဒအ်ဝသ် လုပ်ငန်းကို လုပ်ကိုင် နိုင်ပါသည်။ ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာဖြစ်စေ၊ ပညာရှင်ဖြစ်စေ၊ သာမန် လူတစ်ဦးဖြစ်စေ လုပ်နိုင်ပါ သည်။ အမှန်စင်စစ် ဤလုပ်ငန်းသည် ထိုသူတို့အပေါ် အလ္လာဟ်အရှင်မြတ်ထံတော်မှ ပေးအပ်သည့် တာဝန်တစ်ရပ်ဖြစ်သလို တမန်တော်မြတ် သခင် (ဆ) က ပေးအပ်သောတာဝန်တစ်ရပ်လည်းဖြစ်ပါသည်။

ကျမ်းမြတ်ကုရ်အာန်တွင် စူရာ ၁၀၃ (အစရ်) တွင် အမိန့်တော်လာရှိသည်မှာ “ အကြင်သူတို့မှတစ်ပါး ထိုသူတို့သည် (အီမန်) သက်ဝင်ယုံ ကြည်ခဲ့ကြသည်။ ၄င်းအပြင် ကောင်းမြတ်သော အကျင်သီလ များကိုလည်း ကျင့်မူဆောက်တည်ခဲ့၏။ ထို့အပြင် အချင်းချင်း မှန်ကန်သော (သာသနာပေါ်၌ ကြံ့ခိုင်စွာ) တည်ရှိကြရန်လည်း ဆုံးမကြကုန်၏။ ထိုမှတပါး ၄င်းတို့သည် သည်းခံကြရန်လည်း အချင်းချင်း ဆုံးမကြကုန်သတည်း။ ”

ဆက်လက်ပြီး အခြားစူရာများတွင် လာရှိသည်မှာ (အို-မွတ်စ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပ် သိမ်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ် လာ ကြကုန် သော အကောင်းဆုံးသောသာသ နာ ၀င်လူစုပင် တည်း။ (အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ် သော ကိစ္စများ ကို (ပြုလုပ်ကြ ရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့ သည် အလ္လာဟ် အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။ အလ်အိမ်ရာမ်း ( ၃း ၁၁၀)

၎င်းပြင် အသင်တို့တွင် (အကြင်သို့သော) အဖွဲ့အစည်းတစ်ခု ရှိရပေမည်။ ထိုအဖွဲ့အစည်းသည် (လူသားတို့ အား) ကောင်းရာကောင်းကြောင်းဖက်သို့ ဖိတ်ခေါ်ကြရမည်။ထို့ပြင် ကောင်းမြတ် သောအရာ များကို ညွှန်ကြား ကြရမည်။၎င်းပြင် ထိုအဖွဲ့ အစည်းသည် မကောင်းမှုများမှ မြစ်တား ကြရမည်။ ဤသို့သောသူများသည်ပင်လျှင် (လုံးဝ) အောင်မြင်မည့်သူများ ဖြစ်ကြပေသတည်း။ အလ်အိမ်ရာမ်း ( ၃း ၁၀၄)

ဒအ်ဝဟ်လုပ်ငန်းကို လုပ်ကိုင်ရာတွင် ဒါရိုက်ဖြစ်စေ သွယ်ဝှိုက်၍ဖြစ်စေလုပ်ကိုင်နိုင်ပါသည်။ မိမိအနေဖြင့် အခြားသူများထံ တိုက်ရိုက် ဆက်သွယ်၍ဖြစ်စေလုပ်နိုင်သလို မိမိလုပ်ငန်းတွင် လုပ်နေရင်း (သို့) ရှိနေရင်းဖြစ်စေ၊ မိမိ၏ အနေအထား အလိုက် သွယ်ဝှိုက်၍လည်း လုပ်ကိုင် နိုင်သည်။ ဥပမာ၊ မိမိ၏ လုပ်ငန်းများကို သစ္စာရှိရှိဖြင့် လုပ်ခြင်းဖြင့်၎င်း၊ မိမိအနေဖြင့် သပ်ရပ်စွာ ၀တ်စားခြင်းဖြင့်၎င်း အခြားသူများ အသင့်ကို မြင်ပါက သူတို့ သဘောကျလိမ့်မည်။

သဘောက
အသင်သည် သူတို့ကို သစ္စတရားနှင့် သပ်ယပ်စွာ ၀တ်စားဆင်ယင်ခြင်းကို သင်ကြားပေးခြင်း ဖြစ်နေသည်ကို သတိထားမိပါသလား၊ ထိုသည်ပင် ကောင်းရာညွှန်ကြားခြင်း (ဒအ်ဝဟ်) ဖြစ် သည်။ တနည်းအားဖြင့် ဆရာဝန်သည် မိမိလူနာများကို ကောင်းစွာ ကုသခြင်းဖြင့်၊ အင်ဂျင်နီ ယာသည် မိမိလုပ်ငန်းကို ကောင်းစွာ လုပ်ခြင်းဖြင့်၊ ကျောင်းဆရာ မိမိတပည့်များကို လူကောင်း သူကောင်းများဖြစ်အောင် လုပ်ပေးခြင်းဖြင့်၊ အုပ်ချုပ်သူသည် မိမိတိုင်းပြည်သူပြည်သားများကို ကောင်းစွာ ကူညီခြင်း အုပ်ချုပ်ခြင်းဖြင့်၊ သန့်ရှင်းရေးသမားသည် မိမိတာဝန်ကျသည့် နေရာကို ကောင်းစွာ တာဝန်ကျေပွန်ခြင်းဖြင့် တနည်းအားဖြင့် အိမ်တွင်နေထိုင်ကြသည့် အဖိုးအဖွားများ သည်ပင် မိမိသားသမီး မြေးမြစ်များကို ကောင်းသည့်စကားပြောခြင်း ဆိုဆုံးမခြင်းဖြင့်၎င်း၊ ဒအ်ဝဟ် လုပ်နိုင်သည်ကို သတိရစေခြင်ပါသည်။

ဒအ်ဝဟ်လုပ်ငန်းလုပ်ကိုင်ရာတွင် ပထမအနေဖြင့် မိမိကိုယ်ကိုကောင်းအောင် နားလည်အောင် ကြိုးပမ်းပါ နောက်မှ အခြားသူများကို ကောင်းအောင်ကြိုးပမ်းသင့်ပါသည်။ အကြောင်းမှာ မိမိ သည် အခရာ အထိက ဖြစ်ပြီး မိမိ၏ အပြောအဆို အမူအယာ ၀တ်စားဆင်ယင်မှု နှင့် ယဉ်ကျေး စွာ ပြောဆိုခြင်းအပြင် စိတ်ရှည်ခြင်း ဘာသာတရား တတ်ကျွမ်းမှု စသည်တို့သည် အလွန်အရေး ပါသည်ကို သတိမူရမည်ဖြစ်ပါသည်။ ဒအ်ဝဟ် လုပ်ငန်းသည် တနည်းအားဖြင့် အိဗါဒသ် တစ်ခု ဖြစ်သည်။ ဆွလာသ်၊ ရိုဇာ၊ ဇကာသ်နှင့် ဟဂ်ျတို့သည် အိဗါဒသ်ဖြစ်သလို။ မည်သည့် ကောင်း သည့် လုပ်ငန်းကို လုပ်သည်ဖြစ်စေ အိဗါဒသ်ပင်ဖြစ်သည်။ သို့သော် ဒအ်ဝဟ် လုပ်ငန်းသည် တမန်တော်များကို ပေးအပ်သည့် လုပ်ငန်းဖြစ်သည်။ တော်ရုံတန်ရုံ လူတို့ လုပ်ကိုင်သည့် အလုပ်မျိုးတော့ မဟုတ်ပါ။

သို့သော် မည်သူမဆို ထိုအလုပ်ကို လုပ်ကိုင်သည်ဆိုပါက ထိုသူသည် တမန်တော်တို့လုပ်သည့် အလုပ်ကို လုပ်သည့်အတွက် ဤအလုပ်ကိုလုပ်သူတိုင်းသည် လောကီလောကုတ္တရာ နှစ်ဋ္ဌာနေ လုံးတွင် အောင်မြင်သူများ ဖြစ်မည်မှာ သေချာပါသည်။ သို့သော် ထိုအလုပ်ကို လုပ်ချင်သည့် တိုင်အောင် လုပ်နိုင်ကြသည်တော့ မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ် သောင်ဖီးက် ပေးသူတို့သာ လုပ်ကိုင်နိုင်ပါသည်။ မည်သူတို့သည် ထိုသောင်ဖိက်ကို ရရှိကြသနည်း။ မေတ္တာ စေတနာ သဒ္ဒါ တရား ထားသူ အလှူအတန်းလုပ်သူ၊ လုပ်ချင်စိတ်ရှိသူ၊ စိတ်ရှည်သူ အများကောင်းကျိုးပြုခြင်သူ (သို့) ထိုသို့သော စိတ်ထားရှိသူတို့သည် သောင်ဖိက် ရရှိသူများဖြစ်သည်ကို သတိထားသင့်သည်။

ထို့ကြောင့် အစ္စလာမ်သာသနာကို စိတ်ရှည်ရှည်ဖြင့် မေတ္တာ သစ္စာ စေတနာ သဒ္ဒါ တရားများကို ရှေ့ဝယ်ထားကာ သာသနာနှင့် ဝေးလျှက်၇ှိသော မိမိတို့ မွတ်စ်လ်မ် ညီအကို မောင်နှမများနှင့် ဆွေးမျိုးသားချင်းများ အပေါင်း အသင်းရောင်းရင်းများ ပတ်ဝန်းကျင်ရှိသူများကို တတ်အားသ၍ ကောင်းရာညွှန်ကြား မကောင်းရာတားမြစ်ရင်း သာသနာပြုလုပ်ငန်း ဒအ်ဝအ် အလုပ်ကို လုပ်ကိုင် ကြပါ။ ဤ ၀ဘ်ဆိုဒ်မှ နှစ်သက်ရာ အကြောင်းအရာများကို သင်ကြားပေးပါ။ ဒါနပြုပါ။ လင်က် လုပ်ပေးပါ။ ဒါဟာလည်း သာသနာပြုခြင်းပါ။ မိမိတို့ကိုယ်တိုင်လည်း အစ္စလာမ့် တာဝန်များ မဏ္ဍိုင် ငါးပါးကို လက်တွေ့ကျင့်သုံးသလို အခြားသူများကိုလည်း သင်ကြားပေးပါ။ အထူးသဖြင့် မိမိ တို့၏ သားသမီးများကိုမူ ကြပ်ကြပ်မတ်မတ် သင်ကြားပေးကာ လက်တွေ့လုပ်ကိုင်သည့်အထိ သေချာ စေပါ။ သို့ဖြင့် အလ္လာဟ်အ၇ှင်မြတ်မိန့်ကြားသလို ကျွန်ုပ်တို့သည် အမှန်ပင် အောင်မြင်သူများ ဖြစ်ပေလိမ့်မည်။

အစ္စလာမ်သာသနာကို စိတ်ရှည်ရှည်ဖြင့် မေတ္တာ သစ္စာ စေတနာ သဒ္ဒါ တရားများကို ရှေ့ဝယ်ထား ကာ သာသနာပြုဟုဆိုခြင်းသည် တမန်တော်မြတ် (ဆ) ၏ စိတ်ထား သဘောထားများ စာရိတ္တ များကို ရယူမွေးမြူခြင်းဖြစ်သည်။ ထိုသို့ ဖြစ်နိုင်ရန်သည် တမန်တော်မြတ် (ဆ)၏ စီရသ် ဟုခေါ် သည့် စွန္နသ် တော်များကို မဖြစ်မနေ လေ့လာလိုက်စားရန် လိုအပ်သည်။ အထူးသဖြင့် ဒအ်ဝဟ် လုပ်ငန်းတွင် လုပ်ကိုင်ကြသည့် မိတ်ဆွေများအနေဖြင့် စွန္နသ်တော်များကို အထူးလိုက်နာ စည်းပူး နေရမည်။ တမန်တော်မြတ်၏ စွန္နသ် တော်များကို လုက်နာသူတို့သည် ကိယာမသ်နေ့တွင် အရရှ်ပုလ္လင်တော်၏ အရိပ်တော်အောက်တွင် နေရာရနိုင်သလို၊ ကောစရ် ရေကန်မှ ငတ်မွတ်ခြင်း ကို ဖြေသိမ့်နိုင်ကာ တမန်တော်မြတ် (ဆ) ၏ ရှိဖာအသ် ကိုလည်းရရှိနိုင်မည်ဖြစ်ပါသည်။ စူရာအဟ်ဇာဘ် အာယသ်တော် ၂၁ တွင် မိန့်သည်မှာ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။”

မွတ်စ်လင်မ်တိုင်းသည် မိမိလုပ်ငန်း၊ အိမ်၊ ဋ္ဌာနေတိုင်းတွင် ဒအ်ဝဟ်လုပ်ငန်းကို လုပ်ကိုင်နိုင်သလို အချိန်ရလျှင် ရသလို လက်တွေ့ ဒအ်ဝဟ် လုပ်ကိုင်ရန် စိတ်ထားတူသူ မိတ်ဆွေများစုပေါင်း၍ လည်း မိမိ၏ ပတ်ဝန်းကျင်ရှိသူများထံ တစ်ပတ်လျှင် တစ်ကြိမ် သို့ နှစ်ြံကိမ် ပုံမှန်သွားရောက် ကာ ဒအ်ဝဟ်လုပ်ငန်းများကို လုပ်ကိုင်နိုင်ပါသည်။ သို့မဟုတ်က မိမိတို့ ဋ္ဌာနေရှိ ဗလီဝတ်ကျောင်းမျာ ဘာသာရေးကျောင်းများတွင် သွားရောက်ကာ ဒအ်ဝဟ် လုပ်ငန်းလုပ်ကိုင်နေသူများထံ သွားရောက်ကာ လေ့လာခြင်း စည်းပူးခြင်း ဆွေးနွေးခြင်း ပညာသင်ယူ သင်ပေးခြင်း လုပ်သင့် သည်။ အကယ်၍ မိမိလုပ်ငန်းများကို ကောင်းစွာ စီစဉ်နိုင်ပါက အခြားဒေသများ ကျေးရွာများ မြို့များသို့လည်း သွာရောက်ကာ ဒအ်ဝဟ် လုပ်ငန်းကို လုပ်ကိုင်နိုင်ပါသည်။ အချို့သော မိတ်ဆွေ များသည် အခြားပြင်ပ နိုင်ငံများသို့လည်း စေတနာ ရှေ့ထားကာ အချိန်ပေးကာ သွားရောက် ဒအ်ဝဟ် လုပ်ကြသည်ကို တွေ့နိုင်ပါသည်။ ထိုသို့ဆိုခြင်းဖြင့် မိမိတို့အနေဖြင့် အတင်းသွား ခိုင်းသည့် သဘောမျိုးမဖြစ်စေရပါ။ မနိုင်က မသွားရုံသာဖြစ်ပြီး မိမိ လုပ်နိုင်သည့် အကန့် အနေအထားဖြင့်သာ လုပ်နိုင်ပါသည်။ ဒအ်ဝဟ် လုပ်ငန်းသည် အတင်းခိုင်းသည့် အလုပ် မဟုတ်ပါ။ အတင်းလုပ်ခိုင်းခြင်းသည် တစ်ဦး၏ ဆန္ဒ နှင့် ဆန့်ကျင်သည့်အတွက် စိတ်မပါ သည့်အတွက် လုပ်ငန်းအောင်မြင်ရန် အလားအလာ မရှိနိုင်တော့ပါ။ မိမိစိတ်နှင့် သာဆုံးဖြတ် ပါ။ မိမိကဲ့သို့ စိတ်ပါသူများ ရှိလာပါက လုပ်ငန်းအောင်မြင်တတ်ပြီး အောင်မြင်နိုင်ပါသည်။

ဒအ်ဝဟ် လုပ်ငန်းလုပ်ကိုင်ရာတွင် သတိထားသင့်သည့် အခြေခံအချက် ၆ ချက်ရှိပါသည်။
(၁) အလ္လာဟ်လမ်း (သို့) ဒအ်ဝဟ် လုပ်ငန်းလုပ်ရသည့် ရည်ရွယ်ချက်နှင့် အကြောင်း။

(၂) လုပ်ငန်းစဉ် ၆ ရပ်။ ၄င်းတို့မှာ
(က) ကလိမာ “လာအိလာဟ အိလ္လာလ္လာဟ်” ကိုနားလည်သဘောပေါက်ခြင်း
(ခ) ဆွလာသ် ၀တ်ပြုခြင်း၊ သင်ယူ သင်ပေးခြင်း၊
(ဂ) အိလ်မ် နှင့် ဇိကိရ်၊ “ပညာသင်ပေးခြင်း သင်ယူခြင်း၊ အလ္လာဟ်အား သတိရခြင်း။”
(ဃ) အိက်ရာမ် “အခြားသူများကို လေးစားခြင်း၊ ဦးစားပေးခြင်း၊ အခြားသူတို့၏ အခွင့်အရေကို
နားလည်ခြင်းနှင့် ဖြည့်ဆည်းပေးခြင်း ”
(င) အိခ်လာစ် “စိတ်ထားဖြူစင်ခြင်းနှုင့် အခြားသူများကိုဖြူစင်စွာ ဆက်ဆံခြင်း”
(စ) ဒအ်ဝဟ် “ အစ္စလာမ် သာသနာတော်သို့ ဖိတ်ခေါ်ခြင်း ”

(၃) အချိန်များကို မည်သို့ အသုံးချသင့်သနည်း။

(၄) ရှောင်စရာများ။

(၅) လုပ်သင့်သည်များ။

(၆) အချိန်အနည်းဆုံး အသုံးပြုသည့်နေရာများ။
(၁) အလ္လာဟ်လမ်း (သို့) ဒအ်ဝဟ် လုပ်ငန်းလုပ်ရသည့် ရည်ရွယ်ချက်နှင့် အကြောင်းရင်း။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ