ကဲ ဒီတစ်ခါတော့ ကျွန်တော် ရိုးရိုးဓါတ်ပုံတစ်ပုံကို brush တစ်ခု ဖြစ်အောင် ဘယ်လိုဖန်တီးယူမလဲ ဆိုတာကို ပြောပြပါ့မယ် . photoshop အသုံးပြုတဲ့လူတွေ ကတော့ brush အသုံးပြုနည်းကို သိလောက်ပြီလို့ ထင်ပါတယ် . နှစ်မျိုး ပြောပြပါ့မယ် . ဒါပေမယ့် သဘောတရား ချင်းက အတူတူပါပဲ .
(၁) font ကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ
(၂) ဓါတ်ပုံကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ
ကဲနံပါတ်(၁) Font ကို photoshop brush ဖြစ်အောင် လုပ်နည်းကို စကြည့်ရအောင်
(၁) font ကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ
(၂) ဓါတ်ပုံကို ဘယ်လို brush ဖြစ်အောင်လုပ်မလဲ
ကဲနံပါတ်(၁) Font ကို photoshop brush ဖြစ်အောင် လုပ်နည်းကို စကြည့်ရအောင်
- photoshop ကို ဖွင့်ပါ .
- မိမိလုပ်ချင်တဲ့ font ပုံစံကို လိုက်ရှာပါ .(ပုံ-၁) (ကျွန်တော်ကတော့ မြန်မာပြည်မြေပုံကို ရွေးလိုက်ပါတယ်)
- ရပြီဆိုတာနဲ့ ပုံ (၂) မှာ ပြထားသလို photoshop ပေါ်ကို မှာ ခေါ်တင်လိုက်ပါ . ပြီးတော့ font colour ကို အမဲရောင်ကိုပဲ ရွေးလိုက်ပါ . နက်လေ ပိုကောင်းလေပါပဲ .
- (ပုံ-၃) မှာလိုမျိုး create new layer ကိုနှိပ်ပြီး layer အသစ်တစ်ခု ဖန်တီးယူလိုက်ပါ .
- (ပုံ-၄) လို layar 2 ကို shif ခံပြီး layer နှစ်ခုစလုံးကို select ပေးလိုက်ပြီး (ctrl + e) ကို နှိပ်လိုက်ပါ .
- (ပုံ-၅) မှာလို layer နှစ်ခုပေါင်းသွားပါလိမ့်မယ်
- ဒီအထိရပြီနော် . ဒါဆိုရင် ပုံ(-၆) မှာလို Edit >> Define Brush present ကို နှိပ်လိုက်ပါ .
- ဒါဆိုရင် (ပုံ-၇) မှာလိုမျိုး Brush name တောင်းတဲ့ box ပေါ်လာပါလိမ့်မယ် . ကျွန်တော်ကတော့ အခု brush name ကို nyinaymin လို့ပေးလိုက်ပါ . စာဖတ်သူများလဲ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ .
- ပြီးရင် ok ကိုပေးလိုက်ပါ .
- (ပုံ-၈) မှာလို brush tool ကို ရွေးလိုက်ပါ .
- (ပုံ-၉) မှာလို right click ထောက်ပြီးတော့ brush tools တွေကို လိုက်ကြည့်လိုက်ပါ . ဟိုးနောက်ဆုံးမှာ nyinaymin ဆိုတဲ့ brush လေးတစ်ခု တိုးနေတာကို တွေ့ရမှာပါ
- ဒါဆိုရင် ပုံ(၁၀) မှာလို ကိုလိုချင်တဲ့ အရွယ်အစားအတိုင်း brush တွေကို လိုသလောက် ဆွဲလို့ရပြီပေါ့ .
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။