Welcome to my blog :)

rss

Friday, March 2, 2012

အရောင်များ

Photoshop တွင်အရောင်များကိုစနစ်အမျိုးမျိုးဖြင့်အသုံးပြုနိုင်သည်။ အများဆုံးသုံးသောစနစ်များမှာ RGB (Red, Green, Blue) နှင့် CMYK (Cyan, Magenta, Yellow, Black) တို့ဖြစ်ပါတယ်။ Tools Box ထဲက foreground color နဲ့ background color တို့ကို click နှိပ်တာနဲ့ Color Picker မှာအရောင်များကိုရွေးချယ်နိုင်ပါတယ်။ မျက်စိအမြင်နဲ့ဖြစ်စေ တန်ဖိုးနဲ့ဖြစ်စေရွေးချယ်နိုင်ပါတယ်။
အရောင်များကိုတန်ဖိုးနဲ့ရွေးချယ်ရာမှာတော့ Decimal value ( 0 မှ 255 ထိ ) နဲ့ဖြစ်စေ Hex value (00 မှ FFထိ ) နဲ့ဖြစ်စေရွေးယူ နိုင်ပါတယ်။ ဥပမာ RGB စနစ်မှာအနီရောင်စစ်စစ်ကိုရယူလိုလျင် Decimal value တွင် (255,0,0) သို့မဟုတ် Hex value တွင် (FF,00,00) ဟုရိုက်ရပါမည်။
အရောင်စနစ်များတွင် မူလရောင် (ဥပမာ RGB စနစ်တွင်မူလရောင်သည် Red, Green and Blue , CMYK စနစ်တွင်မူလရောင်သည် Cyan, Magenta, Yellow, Black) များကိုပေါင်းစပ်ခြင်းဖြင့် တစ်ဆင့်ရောင်နှင့် အခြားအရောင်များကိုရရှိပါသည်။သို့ဖြင့် RGBစနစ်တွင်  အ၀ါ ရောင်ရလိုပါက Red နှင့် Green တို့ကိုတန်ဖိုးအများဆုံး (255,255,0) ပေးကာရောပေးရပါမည်။ အလားတူအခြားအရောင်များကိုလဲ ပေါင်းစပ် ရယူနိုင်ပါသည်။ အကယ်၍သင်ရွေးလိုက်သောအရောင်ဟာ print ထုပ်လို့မရနိုင်ရင် out of gamut for printing sign လေးပေါ်လာ ပါလိမ့်မယ် ဒါမှမဟုတ် web page တွေမှာမပြနိုင်ဘူးဆိုရင် not a web safe color sign လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ sign လေးကို mouse နဲ့ click နှိပ်ပေးလိုက်တာနဲ့ နီးစပ်တဲ့တခြားအရောင်တစ်ခု ကို photoshop ကရွေးချယ်ပေးပါလိမ့်မယ်။
RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည်  အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
PC Monitor ကို RGB color ဟုယူဆပြီး ပုံနှိပ်မည့်စက္ကူဖြူကို CYMK ဟုယူဆလျင်မှတ်ရလွယ်ကူပါလိမ့်မည်။ သဘော သဘာဝခြင်းလည်း ဆင်တူပါသည်။
အဖြူရောင်ကိုရရှိရန် RGB တွင် (255,255,255) အရောင်သုံးခုစလုံးကိုအများဆုံးတန်ဖိုးပေးရပါတယ်၊ ဒါကြောင့် RGB color များကို Additive color လို့ခေါ်ပါတယ်။ CMYK မှာတော့ပုံနှိပ်လုပ်ငန်းနဲ့ဆိုပို ရှင်းပါတယ် စက္ကူအဖြူပေါမှာ အဖြူရောင်ရဖို့ဘာဆေးမှမလိုပါဘူး။ ဒါကြောင့် (0,0,0,0) ထိချပေးရမှာပါ။ အဲဒါအတွက်ကြောင့် CMYK color များကို Subtractive color လို့ခေါ်ပါတယ်။




0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ