Welcome to my blog :)

rss

Tuesday, February 14, 2012

Unlock Root Tool v2.2.2 for Android 2.1, 2.2, 2.3











Android ဖုန်းတွေကို root လုပ်ဖို့နောက်ထပ် root tool အသစ် “Unlock Root Tool” ကိုတင်ပေးလိုက်ပါတယ်။ ဒီ tool က root လုပ်နိုင်မယ့် Android OS version တွေကတော့ (Android v2.1 နှင့်အထက်), (2.2 နှင့်အထက်) နဲ့ (2.3 နှင့်အထက်) တို့ပဲဖြစ်ပါတယ်။ မိမိဖုန်းကို Root လုပ်ဖို့အလွန်လွယ်ကူတဲ့ Root tool တစ်ခုဖြစ်ပါတယ်။ ဒီ Root Tool နဲ့ root လုပ်နိုင်တဲ့ Android OS ဖုန်းတွေကတော့-
HTC Sensation , Galaxy Nexus (i9250) , LG Optimus 3D (P920)
HTC Wildfire S , Galaxy Note (I9220) , LG Optimus 2x
HTC Desire S , Galaxy S II (I9100) , LG Optimus LET
HTC Incredible S , Galaxy S (I9000) , LG Optimus Black တို့ပဲဖြစ်ပါတယ်။
မိမိဖုန်းကို root လုပ်ချင်သူများအောက်မှာရယူနိုင်ပါတယ်။
Unlock Root Tool အားရယူရန်
root လုပ်ဖို့အတွက် မိမိရဲ့ဖုန်း driver ကိုကွန်ပျူတာထဲမှာအရင် install လုပ်ထားရပါမယ်။ ပြီးရင် ဖုန်းရဲ့ Setting>Application>Development > USB Debugging ကိုအမှန်ခြစ်ပေး(Enabled) လုပ်ထားပါ။ ပြီးရင်အခု download လုပ်ထားတဲ့ Unlock Root Tool ကိုဖွင့်လိုက်ပါ။ မိမိဖုန်းကို Unlock Root Tool က သိပြီး Auto Detect Message ပေးပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။
Root လုပ်ဖို့အတွက် “Root” ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါ။
Rooting Process ပြီးဆုံးသွားပြီဆိုရင်တော့ မိမိဖုန်းကို Reboot လုပ်ခိုင်းပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။

Boot ပြန်တက်လာပြီဆိုရင်တော့ မိမိဖုန်းထဲကိုကြည့်လိုက်ပါ။ Super User လို့ခေါ်တဲ့ ယုန်အရိုးခေါင်းပုံ icon လေးနဲ့ application လေး ရှိနေပြီဆိုရင် အဲဒီ Super User app ထဲကိုဝင်လိုက်ပါ။ အောက်ပုံထဲကအတိုင်း Super User Request တောင်းလာပြီဆိုရင် Allow လုပ်လိုက်ပါ။ ဒါဆိုရင် Root လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ်။

Source: www.unlockroot.com

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ