Welcome to my blog :)

rss

Tuesday, February 14, 2012

Samsung Galaxy S2 ကို root လုပ်နည်း (last updated)














(ဒီနည်းလမ်းက Samsung Galaxy S2 အတွက်သာဖြစ်ပါတယ်)
ပထမဆုံးအနေနဲ့ root လုပ်ဖို့ လိုအပ်တဲ့ software တွေကို အရင် ရယူရပါမယ်။
Odin လို့ခေါ်တဲ့ software လေးကို အရင်ရယူလိုက်ပါ။ Odin အားရယူရန်
ပြီးရင် CF-Root kernel ဖိုင်ကို download လုပ်ရပါမယ်။
CF-Root kernel ဖိုင် အားရယူရန်
CF-Root kernel ဆိုတဲ့ဖိုင်ကို download လုပ်လို့ ရလာပြီဆိုရင် ကြည့်လိုက်ပါ။ CF-Root-SGS2_XX_OXA_KG6-v4.1-CWM4.tar ဆိုတဲ့ဖိုင်လေးဖြစ်ပါလိမ့်မယ်။ သတိထားရမှာက အဲဒီ .tar ဖိုင်ကို ဖြည်စရာမလိုပါဘူး ။ အခု download လုပ်ထားတဲ့ ဖိုင်အတိုင်းသုံးရမှာပါ။
ပြီးရင် ခုနက download လုပ်ထားတဲ့ Odin ဖိုင်လေးကို zip ဖြည်ပြီး Odin.exe ကို run လိုက်ပါ။ Odin software လေး တက်လာပြီဆိုရင် PDA ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး ခုနက download လုပ်ထားတဲ့ CF-Root kernel ဖိုင်လေးကို directory ပေးလိုက်ပါ။ ပြီးရင် အောက်ပုံထဲကအတိုင်း check box များကိုအမှန်ခြစ်ပေးပါ။
နောက်တစ်ဆင့်အနေနဲ့ ဖုန်းကို power ပိတ်လိုက်ပါ။ ပိတ်ပြီးပြီဆိုရင် ဖုန်းကို download Mode ထဲမှာ Boot လုပ်ရပါမယ်။ Boot လုပ်ဖို့အတွက်
(၁)volume အသံလျှော့ခလုတ်ရယ် ၊ (၂)Home ခလုတ်ရယ်၊(၃) Power ခလုတ်ရယ် ကိုတွဲနှိပ်ပါ (နံပါတ်စဉ်အတိုင်း နှိပ်သွားပါ) အောက်ပုံမှာပြထား
တဲ့အတိုင်းပါ။ ( Boot တက်မလာခင်အထိ ခလုတ်များကိုဆက်ဖိ(နှိပ်)ထားပါ)

Boot တက်လာပြီဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်လိုက်ပါ။ ကွန်ပျူတာနဲ့ချိတ်ပြီးတာနဲ့ Odin software က ဖုန်းကို တွေ့ပြီး Odin software ထဲမှာ “Added! !” ဆိုတဲ့message လေးပေါ်လာပါလိမ့်မယ်။ အဲဒါဆိုရင် စပြီး root လုပ်လို့ရပါပြီ။
root လုပ်ဖို့အတွက် Odin ဆော့ဝဲထဲက Start ဆိုတဲ့ button လေးကိုနှိပ်ပါ။ rooting process ဟာ မိနစ်အနည်းငယ်ခန့်ကြာနိုင်ပါတယ်။ (root လုပ်နေစဉ်မှာ ဖုန်းကို ကွန်ပျူတာကနေဖြုတ်လိုက်တာပဲဖြစ်ဖြစ် ၊ Odin software ကိုပိတ်လိုက်တာမျိုးဖြစ်ဖြစ်မလုပ်မိပါစေနဲ့)
Root process ပြီးသွားပြီဆိုရင် ဖုန်းက auto restart ကျသွားပါလိမ့်မယ်။
ပြီးရင် S2 root လို့ခေါ်တဲ့ software လေးကိုကွန်ပျူတာထဲမှာ install လုပ်ပြီး root လုပ်ရုံပါပဲ။ root လုပ်ရုံတင်မကပါဘူး root လုပ်ထားတဲ့ စက်ကို unroot ပြန်လုပ်လို့ပါရပါတယ်။ S2 root ကိုအောက်မှာရယူလိုက်ပါ။
S2 root v1.4.3 အားရယူရန်
S2 root ကိုရယူပြီးပြီဆိုရင် ဖိုင်ကို zip ဖြည်ပြီး S2 root ကို run လိုက်ပါ။
root လုပ်ချင်တယ်ဆိုရင် Reboot Device when finished ဆိုတာလေးကိုရွေးပေးပြီးတော့ Root Device ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။
အောက်ပုံမှာပြထားတဲ့အတိုင်းပါ။

root လုပ်လို့ပြီးသွားပြီဆိုရင် ဖုန်းက auto restart ကျသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် Samsung Galaxy S2 အောင်မြင်စွာ root လုပ်ပြီးသွားပြီဖြစ်ပါတယ်။
Samsung Galaxy S2 ကို အောင်မြင်စွာ root လုပ်ပြီးသွားပြီဖြစ်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

1 comments:

Ko Ko said...

CF-Root-SGS2_XX_OXA_KG6-v4.1-CWM4.tar ဖိုင်ကို လုံးဝဖွင့်လို့မရပါခင်ဗျာ။ ဒေါင်းလို့ရအောင် ကူညီပါခင်ဗျာ။
လေးစားစွာဖြင့်
ကိုကိုဂျီး

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ