Welcome to my blog :)

rss

Tuesday, February 14, 2012

QR Code နှင့် QR Code Scanner အားအသုံးပြုနည်း













ဖုန်းတွေထဲကနေ တိုက်ရိုက် download လုပ်နိုင်ဖို့အတွက် Android application ပို့စ်တွေမှာ QR Scanner ကိုအသုံးပြု၍
direct download ရယူရန်ဆိုပြီးထည့်ပေးထားပါတယ်။ QR Scanner ကဘယ်လိုအသုံးဝင်လဲဆိုတာကိုမသိသေးသူတွေ
အတွက် ပြောပြရရင် ကိုယ့်ဖုန်းမှာ အင်တာနက် ချိတ်ဆက်ထားတယ်ထားပါတော့ ။ ကွန်ပျူတာထဲမှာ Android
application တစ်ခုကိုတွေ့လို့ download လုပ်ချင်တယ် ၊ ဒါပေမယ့် ကွန်ပျူတာထဲကနေ download လုပ်ပြီး ဖုန်းထဲကို
ပြန်ထည့်နေရမှာလည်း မလုပ်ချင်ဘူးဆိုရင် ဒီ QR Scanner ကိုအသုံးပြုပြီး ဖုန်းထဲကနေ တိုက်ရိုက် download လုပ်နိုင်
မှာပါ။ ဒါပေမယ့် ကိုယ် download လုပ်ချင်တဲ့ website က QR Code ကိုပေးထားဖို့တော့ လိုတာပေါ့။ အခုအရင်ဆုံး
QR Scanner ကိုဘယ်လိုအသုံးပြုရမလဲဆိုတာ ပြောပြပါ့မယ်။ အရင်ဆုံး QR Scanner ဆော့ဝဲလေးကို အရင်
download ရယူလိုက်ပါ။
QR Droid (QR Scanner) for Android အားရယူရန် download ရယူပြီးပြီဆိုရင်တော့ ဖုန်းထဲမှာ install လုပ်ထားပါ။ Install လုပ်ပြီးပြီဆိုရင် အခုသွင်းလိုက်တဲ့ QR Droid
ထဲကိုဝင်လိုက်ပါ။ ပြီးရင် ထိပ်ဆုံးက Scan ဆိုတဲ့ Tab လေးကိုနှိပ်ပါ။ ပြီးရင် Scan from Camera ကိုနှိပ်ပါ။

ဒါဆို Website တွေထဲမှာပေးထားတဲ့ QR Code ပုံကနေ download link ရယူပါမယ်။အခု မြန်မာ Mobile App ရဲ့
Android Application Post တွေထဲမှာ QR Code ပုံလေးပါပါတယ်။ အောက်မှာQR Code နမူနာတစ်ပုံ
ပေးထားပါတယ်။ အောက်ပါအတိုင်းပါ။
အဲဒီလို ပေးထားတဲ့ QR Code ပုံလေးကို တည့်တည့်လေးချိန်ပေးလိုက်တာနဲ့ Download Link တန်းရမှာပါ။ ဘာခလုတ်မှကို
နှိပ်စရာမလိုပါဘူး။ Download လုပ်မယ်ဆိုရင်တော့ Open ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် Download Page ကိုတန်းရောက်သွားပြီဖြစ်ပါတယ်။ Download လုပ်ရုံပါပဲ။ ဒီလောက်ဆိုရင် QR Code နဲ့ QR Scanner
အသုံးပြုပုံကိုသိရှိကြပြီလို့ထင်ပါတယ်။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

သက်နိုင်စိုး
(Myanmar Mobile Application Store)


ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ