Welcome to my blog :)

rss

Tuesday, February 14, 2012

Nokia Certificate expired/Certificate error မဖြစ်တော့အောင် hack နည်း (၃)

စီဒီဆိုင်တွေကနေ Nokia symbian applications collection အခွေတွေ ၀ယ်ပြီး install လုပ်ရင် တွေ့ ရလေ့ရှိတာ certificate expired ပြသနာပါ .. လွယ်လွယ်ရှင်းမယ်ဆိုရင်တော့ ဖုန်းရဲ့ date ကိုချိန်းလိုက်တာပါပဲ …. ဒါဆို certificate သက်တမ်းမလွန်တော့ဘူးပေါ့ …
ဘယ်ရက်ကိုချိန်းမလဲဆိုတာက ကိုယ့်ဘာသာ ကြည့်ဆုံးဖြတ်ရမှာပါ … ဥပမာ …တစ်ချို့  application တွေကို rar နဲ့ချုံ့ ထားတယ် .. ဒါဆို double click ရင် modified column မှာ ရက်တွေ့ ပါမယ် .. ၂၀၀၇ လောက်သွားတွေ့ ရင် သေချာပြီ .. အဲ့ဒီရက်ထက် နဲနဲကျော်ပြီး phone ရဲ့ date setting မှာ ရက်စွဲချိန်းပေးလိုက်ရင် ရပြီ ….. ဒါဆို application ကို စသွင်းနိုင်ပြီ ….. certificate expire မရှိတော့ပါဘူး …….. ပြီးရင်တော့ ရက်စွဲ setting ကို ပြန်ချိန်ပေးပေါ့ ….


ဒီထက် ဆိုးတာတစ်ခုက Certificate error ပါ … ဒါဆို ရက်စွဲနဲ့ ကျော်လို့ မရတော့ဘူးပေါ့ … ဒါဆိုရင်ကော ? ……  ဘယ်လိုလုပ်မလဲ ? ဖုန်းရဲ့ App Manager ထဲက option > setting ကိုသွားပြီး Software installation option မှာ All ကိုရွေးမယ် (not signed only) … ဒါနဲ့အိုကေရင် ရပြီပေါ့ … မအိုကေသေးရင်တော့ application ကို self sign လုပ်ပေါ့ … လုပ်ရမယ့် tools တွေကို internet ကနေ ရနိုင်ပါတယ် …. ဒီမှာ < http://ifile.it/0kjhq7a > လည်းဒေါင်းနိုင်ပါတယ် …
ပြီးရင် ဖြည်ပြီး command ထဲကနေ ဖြည်ထားတဲ့ location ကို cd လုပ်ပြီး အောက်က command ကို ရိုက်ထည့်ပါ .

“makekeys -cert -password 123456 -len 2048 -dname “CN=tasad OU=myEmail OR=myEmail CO=FI EM=myEmail@myEmail.ir” mySelfSign.key mySelfSign.cer “  ကိုရိုက်ပါ …. ပေါ်လာတဲ့ instruction အတိုင်း random data generate လုပ်ဖို့  မောက်လေးကို command ၀င်းဒိုးထဲမှာ လျှောက်ရွှေ့ ပေးပါ …. Random data collected စာပေါ်ပြီး ခဏစောင့်ရင် certificate နဲ့ key file ကို makekeys ရှိတဲ့ folder ထဲမှာ တွေ့  ရမှာပါ…..
ဒါဆို BiNPDA SIGNSiS ကို run ပြီး ကိုယ် sign လုပ်မယ့် application (.sis or .sisx) ကိုရွေးပါ … စောစောကရထားတယ့် certificate file ကိုရွေးပါ … ပြီးရင် key file ကိုရွေးပါ …
Command ပေးခဲ့တုန်းက 123456 နဲ့ ဆိုတော့ Password အတွက် 123456 ကိုရိုက်ပေးပါ … နောက်ဆုံး SignIt ကိုနှိပ်ရင် sign လုပ်ပြီးသား application ကို folder ထဲမှာတွေ့ ရမှာပါ

နောက်ဆုံးအဆင့်အနေနဲ့ ဖုန်းရဲ့ရက်စွဲကို ချိန်းပေးပါဦး ဥပမာ – sign လုပ်တာက 20/09/2010 ဆိုရင် ဖုန်းမှာ တစ်ရက် ..နှစ်ရက်လောက် ခွာချိန်းပေးပါ ….. 22/09/2010 ဆိုပါတော့ …
ပြီးရင်တော့ app ကို ဖုန်းထဲထည့်ပြီးသုံးပေရော့ …. J




Download Link

ပို့စ်ရေးသားသူအမည်: သီဟ - MDroid

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ