Welcome to my blog :)

rss

Tuesday, February 14, 2012

iTune နှင့် မိမိနှစ်သက်တဲ့ သီချင်းကို iPhone Ringtone ပြုလုပ်နည်း

























မိမိစိတ်ကြိုက်နှစ်သက်တဲ့သီးချင်းတွေကို iTune နဲ့ iPhone Ringtone ပြုလုပ်နည်းလေးကို
နားလည်သဘောပေါက်အောင် ပုံနှင့်တကွ တင်ပေးလိုက်ပါတယ်။
သိပြီးသားသူတွေရှိသလို မသိသေးလို့ လိုအပ်တဲ့သူတွေအတွက် ရည်ညွှန်းပြီး ဒီပို့စ်လေးကို တင်ဖြစ်တာပါ။
iPhone Rintone အတွက် အလွယ်တကူပြုလုပ်လို့ရတဲ့ iPhone Rintone Software အများကြီးရှိပါတယ်။
အခုနည်းလမ်းက Software တွေမသုံးပဲနဲ့ မိမိ iPhone နဲ့ အမြဲတမ်းအသုံးပြုနေရတဲ့ iTune Software နဲ့အသုံးပြုမှာပါ။

iTune နှင့် မိမိနှစ်သက်တဲ့ သီချင်းကို iPhone Ringtone ပြုလုပ်နည်း

အဆင့် ၁ :iTune Software ကိုဖွင့်ပါ။
iTune Software မရှိပါက အောက်မှာ download ဆွဲပြီး ရယူနိုင်ပါတယ်။

iTune version 10.5.2အားရယူရန်

အဆင့် ၂ :iTune ထဲကနေ Music ကို ကလစ်နှိပ်ပါ။ ( iTune Sidebar အောက်က Library ထဲက Music )
Music ထဲက မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကို ရွေးပေးပါ။
အဆင့် ၂ :မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကိုရွေးပြီးပြီဆိုရင်
ringtone ပြုလုပ်ချင်တဲ့ နေရာကို ဖွင့်နားထောင်ပြီး မှတ်ထားပေးပါ။
( ဥပမာ : အချိန် ဘယ်လောက်မှာ စပြီး ၊ အချိန် ဘယ်လောက်မှာ အဆုံးသက်ထားချင်တယ် )
iTune ringtone ပြုလုပ်ဖို့အတွက် အသင့်တော်ဆုံးအချိန်က စက္ကန့် 40 ပါ။
အဆင့် ၃ :မိမိ Ringtone လုပ်ချင်တဲ့ သီချင်းကို Right Click နှိပ်ပြီး Get Info ကိုရွေးပေးပါ။
အဆင့် ၄ :Options ကိုရွေးပေးပါ။
Start Time မှာ Ringtone ပြုလုပ်ချင်တဲ့ သီချင်းအစ အချိန်ကို ထည့်ပေးပါ။
Stop Time မှာ Ringtone ပြုလုပ်ချင်တဲ့ သီချင်းအဆုံး အချိန်ကို ထည့်ပေးပါ။
ပြီးလျှင် OK နှိပ်ပေးပါ။
အဆင့် ၅ :iTunes main menu ထဲမှာ Advanced tab ကို နှိပ်ပြီး Create AAC Version ကို
ရွေးပေးပါ။
အဆင့် ၆ :အခြား ပုံစံတူ တမျိုးနဲ့ မိမိပြုလုပ်ချင်တဲ့ Ringtone သီချင်းကိုတွေ့ရပါမယ်။
ဟုတ်၊မဟုတ် သိဖို့အတွက် Ringtone သီချင်းကိုဖွင့်ပြီး မိမိပေးထားတဲ့ သီချင်း အချိန်နဲ့
စစ်ပေးနိုင်ပါတယ်။
အဆင့် ၇ :အခုအဆင့်လေးက အရေးကြီးပါတယ်။ မိမိ Ringtone ပြုလုပ်မဲ့သီချင်းကို ကလစ် တချက်နှိပ်ပြီး
Right Click ကနေ Show in Windows Explorer ကိုရွေးပေးပါ။
အဆင့် ၈ :iTune Library သီချင်းများရှိရာ Floder ဆီရောက်သွားပါမယ်။
မိမိ Ringtone ပြုလုပ်မဲ့ သီချင်းကိုတွေ့ရပါလိမ့်မယ်။
အဆင့် ၉ :Ringtone ပြုလုပ်မဲ့ သီချင်း extension ကို .m4a to .m4r သို့ပြောင်းပေးပါ။
( ဥပမာ : သီချင်းက Crazy Little Thing Called Love.m4a သီချင်းဆိုလျှင်
Crazy Little Thing Called Love.m4r ပြောင်းပေးရမှာပါ )
Ok နှင့် Cancel box တက်လာလျှင် ” Ok ” နှိပ်ပေးပါ။
အဆင့် ၁၀ :Ringtone ပြုလုပ်မဲ့ သီချင်း( extension .m4r နဲ့သီချင်း ) ကို
iTune Software >> File >> Add File to Library ထဲကနေရှာပြီးထည့်ပေးပါ။
(သို့မဟုတ်) သီချင်းကို iTune Software ထဲသို့ ဆွဲထည့်ပေးပါ။
အဆင့် ၁၂:iTune Software ထဲမှ Ringtones နေရာတွင် မိမိပြုလုပ်ထားသော Ringtone သီချင်းကို
တွေ့ရပါမယ်။
အဆင့် ၁၃ :မိမိ iPhone ကို PC နဲ့ချိတ်ဆက်ပေးပါ။
အဆင့် ၁၃ :iTune မှ မိမိ iPhone devices ရှိတဲ့နေရာကိုကလစ်နှိပ်ပါ။
ပြီးလျှင် Ringtones tab ကိုရွေးပါ။
Select ringtones ကိုရွေးပါ ပြီးလျှင် မိမိပြုလုပ်ထားသော ringtone ကို
ရွေးပြီး Apply နှိပ်ပါ။
မိမိဖုန်းထဲမှာ Setting ထဲသို့သွားပါ ။
Setting ထဲမှ Sounds ၊ Sounds ထဲမှ Ringtone ကိုသွားပေးပါ။
မိမိပြုလုပ်လိုက်တဲ့ Ringtone သီချင်းနာမည်ကိုရှာပါ။ သီချင်းကိုတွေ့ပြီဆိုလျှင် Select လုပ်ပေးပါ။
အဆင်တွေ့ပြီးသွားပါပြီ။ သင်ကိုယ်တိုင်ပြုလုပ်လိုက်သော ringtone ကို သင့် iphone မှာအောင်မြင်စွာထည့်လိုပြီးဆုံးသွားပါပြီ။
Congratuloations ပါ….. :) သင့်ကိုယ်တိုင်အခုလိုအောင်မြင်အောင်ပြုလုပ်နိုင်တဲ့အတွက်ပါ။
- တကယ်လို့ Ringtone ထဲမှာ သင့်ကိုယ်တိုင်လုပ်ထားတဲ့ ringtone သီချင်းကိုမတွေ့ရဘူးဆိုလျှင် အထက်မှာ
ကျွန်တော်ပြထားတဲ့ အဆင့်တွေထဲက တခုခု လွှဲချော်နေလို့ဖြစ်ပါမယ်။
အဆင့်တွေကို သေချာ ဖတ်ပြီး ပြန်လုပ်ကြည့်ပေးပါ။

ပို့စ်ရေးသားသူအမည်: အီးတီ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ