Welcome to my blog :)

rss

Tuesday, February 14, 2012

Galaxy Tab 7.7″ ကို Root လုပ်နည်း





နောက်ဆုံးတော့ Android developer နှစ်သက်တဲ့ Galaxy Tab 7.7″ အတွက်
သေချာတဲ့ root နည်းလမ်းရရှိလာပါပြီ။
XDA memeber ဖြစ်တဲ့ Jade Eyed Wolf က
Samsung Tab 7.7″ အတွက် root နည်းလမ်းလေးတင်ပေးခဲ့ပါတယ်။
အခုသူပြထားတဲ့ နည်းလမ်းလေးက Galaxy Tab 7 Plus အတွက်
အပြည့်အ၀ root လုပ်ပေးတဲ့နည်းလမ်းလေးပါ။
root နည်းလမ်းက Galaxy Tab ရဲ့ recovery mode ကနေ
root လုပ်မှာပါ။
ဒါပေမဲ့ သင့် Galaxy Tab မှာ SD Card (microSD) ထည့်ထားဖို့လိုပါတယ်။
ကဲ…. အခု baby :) လေးကို ကျွန်တော်တို့ အတူ root လုပ်ကြည့်လိုက်ရအောင်။
Compatibility
အခုနည်းလမ်းက အထူးသဖြင့် Samsung Galaxy Tab 7.7 ပဲအသုံးပြုလို့ရမှာပါ။
အခြား Android device အတွက် အသုံးပြုလို့ရမှာမဟုတ်ပါဘူး။
အဲအတွက် သင့်ရဲ့ device model စစ်ဖို့အတွက် အခုနည်းလမ်းလေးနဲ့သွားစစ်ကြည့်ပေးပါ။
Setting >> About Tablet မှာစစ်မပေးပါ။
. Root.zip File File Name: root.zip (size: 613KB) အားရယူရန်
. Samsung KIES ( deive drivers update အတွက် install ပြုလုပ်ဖို့လိုပါတယ် )အားရယူရန်
Installation မလုပ်ခင် ဂရုစိုက်ရမဲ့အချက်
Samsung Galaxy 7.7″ ကို Charger Full လုပ်ပေးထားပါ
Device deriver install ပြုလုပ်ပါ
( PC နဲ့ Tab ကို via USB Cable နဲ့အသုံးပြုပြီး data transfer အတွက်ပါ )
MicroSD card ကို သင့် Samsung Galaxy 7.7″ Tab ထဲထည့်ထားပေးပါ
Galaxy Tab 7.7″ Root လုပ်နည်း
အဆင့် ၁
သင့် PC ထဲ root.zip file ကို download ဆွဲပြီးထည့်ပေးပါ။
(root file အတွက် download link ပေးထားပါတယ်)
အဆင့် ၂
သင့် Samsung Galaxy 7.7″ Tab နဲ့ PC ချိတ်ဆက်ပြီး root.zip file ကို
Tab ထဲက External sdcard (MicroSD) ထဲသို့ထည့်ပေးပါ။
အဆင့် ၃
Samsung Galaxy 7.7″ Tab ကို Power Off လုပ်ပေးပါ။
အခုအရေးကြီးတဲ့ recovery mode အဆင့်ကိုသွားပါမယ်
Recovery mode ကိုသွားဖို့အတွက် Volume UP နဲ့ Power button ကို စုံတွဲပြီးနှိပ်ပေးပါ။
ပုံမှန် ဖုန်းတက်လာနေကြတဲ့တိုင်း samsung logo နဲ့တက်လာပါလိမ့်မယ်
Volume UP နဲ့ Power button ခလုတ်ကို မလွတ်ပါနဲ့။
samsung logo တက်လာပြီးသွားရင် recovery mode တွေ့ရပါလိမ့်မယ်။
Volume UP နဲ့ Power button ခလုတ် လွတ်ပေးပါ။
အဆင့် ၎
Recovery mode ထဲမှအသုံးပြုဖို့တွက် VOLUME UP နှင့် VOLUME DOWN
ပြီးတော့ Power ခလုတ်ကို အသုံးပြုပါမယ်။
အဆင့် ၅
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး recovery mode ထဲမှ
‘Install update from External storage‘ ကိုရွေးပြီး Power ခလုတ်ကို နှိပ်ပေးပါ။
အဆင့် ၆
Volume Down ခလုတ်ကို တချက်ချင်းနှိပ်ပြီး Root.zip file ကိုရွေးပြီး HOME ခလုတ်နှိပ်ပေးပါ။
(ဖိုဒါနဲ့ထည့်ထားဆိုရင် ဖိုဒါထဲသွားပြီး Root.zip file ကိုရွေးပေးပါ ) ။
အဆင့် ၇
Samsung Galaxy 7.7″ Tab ပြန်တာလာပြီ root လုပ်တဲ့အဆင့်ပြီးပါပြီ။
Superuser ရဲ့ Permission ရဖို့အတွက် မိမိ Tab မှာ Android Market သွားပြီး
Superuser ကို download ဆွဲပေးပါ။
Samsung Galaxy 7.7″ Tab အတွက် root လုပ်တဲ့အခုနည်းလမ်းလေးနဲ့
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
ဆက်လက်ပြီးတော့ Samsung Galaxy 7.7″ Tab အတွက်
Clockworkmod Recovery တင်နည်းလက်ဆက်ဖော်ပြပေးသွားပါအုံးမယ်။
အားလုံးကိုကျေးဇူးတင်ပါတယ် :P

ပို့စ်ရေးသားသူအမည်: အီးတီ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ