Welcome to my blog :)

rss

Tuesday, February 14, 2012

Cydia DEB Files တွေကို ကွန်ပျူတာထဲ ဘယ်လိုဆွဲထုတ်မလဲ??

မနေ့ ကပြီးခဲ့တဲ့  BarCamp Yangon မှာ မြန်မာ Mobile App အနေနဲ့ ကျွန်တော် Discussion လေးတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ အစ်ကိုတစ်ယောက် ကျွန်တော့်ကို မေးခဲ့တဲ့ မေးခွန်းလေးပါ။”iPhone ထဲမှာ WiFi နဲ့ ဒေါင်းထားတဲ့ Cydia Applications တွေကို .DEB Files တွေအဖြစ် ကွန်ပျူတာထဲ ပြန်ဆွဲထုတ်ချင်ပါတယ်တဲ့။ ဘယ်လိုဆွဲထုတ်ရမလဲ??” ဒီမေးခွန်းရဲ့ အဖြေကို အားလုံးသိသွားအောင်လို့  ဒီ Tutorial လေးနဲ့ ကျွန်တော် ရှင်းပြပါမယ်။–
ကျွန်တော်တို့  Cydia မှာ ဒေါင်းထားတဲ့ Tweaks တွေကို ကွန်ပျူတာထဲ Deb Files အဖြစ် Backup လုပ်လို့ ရပါတယ်။ Backup လုပ်နည်းတွေ အများကြီးရှိပါတယ်။ အလွယ်ဆုံး နည်းတစ်ခုကို ကျွန်တော်ရှင်းပြပါမယ်။
အရင်ဆုံး Cydia ထဲမှာ Source တစ်ခု အရင် Add ရပါမယ်။
Cydia >> Manage >> Sources >> Edit >> Add >> http://repo.biteyourapple.net/ ကို Add လိုက်ပါ။
ပြီးရင် BiteYourApple Repo ထဲမှာ BackToDeb ကို ရှာပြီးဒေါင်းလိုက်ပါ။
Cydia ထဲက Down ရအဆင်မပြေတဲ့ သူတွေ အောက်က Link မှာ deb file ထင်ပေးထားပါတယ်။
BackToDeb.deb အားယူရန် 
iPhone,iPad တွေမှာ Cydia နဲ့သွင်းမှရတဲ့ .deb ဖိုင် application တွေကို အင်တာနက်မချိတ်ဘဲ ကွန်ပျူတာနဲ့တိုက်ရိုက်သွင်းနည်း (၂)
BackToDeb ကို ဖွင့်လိုက်ပါ။
ပြီးရင် Backup Packages ကိုနှိပ်လိုက်ပါ။
Cydia Packages တွေကို Backup လုပ်နေပါလိမ့်မယ်။ ခဏစောင့်လိုက်ပါ။
Backup လုပ်ပြီးသွားရင် iDevice ကို ကွန်ပျူတာနဲ့ ချိတ်။ iTools ကို ဖွင့်ပြီး Filesystem (Jailbreaked) >> Var\Mobile\BackToDeb ထဲမှာ  ခုနက Backup လုပ်ခဲ့တဲ့ Cydia Applications တွေကို .DEB အဖြစ်တွေ့ ရပါလိမ့်မယ်။
အဲဒီ .DEB Files တွေကို Select လုပ်ပြီး မိမိ Desktop ပေါ် Drag & Drop ဆွဲတင်လိုက်ရုံပါပဲ။
အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်….:)

ပို့စ်ရေးသားသူအမည်: Zin Ko Oo

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ