Welcome to my blog :)

rss

Tuesday, February 14, 2012

Credit Card တွေ Visa Card တွေဘာမှမလိုဘဲ iTunes Account free လုပ်နည်း



iPhone.iPad, iPod Touch ကိုင်ပြီး iTunes အကောင့်မရှိသေးတဲ့သူတွေ အတွက် iTunes အကောင့်လုပ်နည်း တင်ပြပေးလိုက်ပါမယ်။ iTunes အကောင့်က Credit Card ရှိမှမဟုတ်ပါဘူး။ ဘာ Card မှမလိုဘဲ iTunes အကောင့်တစ်ခုလုပ်လို့ ရပါတယ်။ iTunes Account လုပ်နည်း Step by Step ပြသွားပါမယ်။1. အရင်ဆုံး iTunes Store မှာ Free App တစ်ခုကိုသွားရပါမယ်။ ကျွန်တော့် ဒီ ပို့ စ် လေးမှာတော့ Skype ကနေလုပ်ပြထားပါတယ်။ Search မှာ Skype လို့ ရိုက်ပြီးရှာနိင်ပါတယ်။ ပြီးရင် Free ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။



2. Sign In to download from the iTunes Store ဆိုပြီး iTunes Account လာတောင်းလိမ့်မယ်။ ကိုယ့်မှာ iTunes အကောင့်မရှိသေးတဲ့အတွက် Create New Account ကိုနှိပ်လိုက်ပါ။




3. Create New Account ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပေါ်လာလိမ့်မယ်။ Continue နဲ့ ပဲဆက်သွားလိုက်ပါ။



4. I have read and agree to these terms and conditions မှာ အမှန်ခြစ်ပေးပြီး Continue နဲ့ ဆက်သွားပါ။



5. Email တွေ Password တွေဖြည့်တဲ့ Form မှာ ပြည့်စုံစွာဖြည့်လိုက်ပါ။ ပြီးရင် Continue နဲ့ ပဲဆက်သွားပါ။



6. ပြီးရင် Credit Card တောင်းတဲ့နေရာ ရောက်လာလိမ့်မယ်။ None ကိုရွေးလိုက်ပါ။
အောက်မှာကျွန်တော် နမူနာပြထားတဲ့ပုံအတိုင်း ဖြည့်ပြီး Continue နဲ့ ပဲဆက်သွားလိုက်ပါ။
Zip က 5 digit, Phone က 7 digit ပါ။
eg. Zip: 12345, Phone: ဂဏန်း7လုံးပါတဲ့ Ph နံပါတ် တစ်ခုခုပေါ့။

1 Infinite Loop
Cupertino,CA
Post Code: 95014
ph 408 xxxxxxx
ဆိုတဲ့ လိပ်စာ နဲ့လုပ်ပါ
အကယ်လို့ မိမိ Account ကိုငွေဖြည့်ုပြီး Paid Apps တွေဝယ်မယ်ဆိုရင် Tax မဖြတ်တော့ပါဘူး
တခြား Tax မဖြတ်တဲ့ မြို့တွေရှိပါသေးတယ်



7. ပြီးသွားရင်တော့ Apple က သင်ဖြည့်လိုက်တဲ့ Email ကို Verify လုပ်ခိုင်းလိမ့်မယ်။



8. သင့်ရဲ့ Mail ထဲကိုသွားပါ။ Apple ကပို့ လိုက်တဲ့ Mail တစ်စောင်ရောက်နေလိမ့်မယ်။



9. Apple က ပို့ လိုက်တဲ့ Mail ထဲကနေ Verify Now> ကိုနှိပ်လိုက်ပါ။



10. အပေါ်မှာ အကောင့်လုပ်တုန်းကပေးထားခဲ့တဲ့ Email (Apple ID) နဲ့  Password ကိုဖြည့်ပြီး Verify Address ကိုနှိပ်လိုက်ပါ။



11. အောက်မှာပြထားတဲ့အတိုင်း Thank you for verifying your email address ဖြစ်သွားခဲ့ရင်တော့US iTunes အကောင့်တစ်ခု အောင်မြင်စွာဖန်တီးပြီးသွားပြီ ဖြစ်ပါတယ်။



အားလုံးပဲ အဆင်ပြေစွာလုပ်နိင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေခဲ့ဘူးဆိုရင်လဲ ကိုယ့် Email ကို Comment ပေးပြီးချန်ထားခဲ့နိင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် iTunes အကောင့်လုပ်ပေးပြီး Mail ပြန်ပို့ ပေးပါမယ်။

ပို့စ်ရေးသားသူအမည်: Zin Ko Oo

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ