Welcome to my blog :)

rss

Sunday, February 19, 2012

ရာသီထိန်ခြင်း၊ ရာသီမလာခြင်း

ဆရာရှင့်။ အထက်မှာပြောခဲ့တဲ့အတိုင်း ကျွန်မ တားဆေးကို နှစ်နှစ်ခန့်သောက်ခဲ့ပြီးနောက် ဆေးကို ရပ်လိုက်ပါတယ်။ သောက်လက်စ ဆေးကဒ်အကုန် ရာသီလာအပြီးမှာ နောက်တစ်ကဒ်မသောက်တော့ဘဲ ရပ်လိုက်တာပါ။ အခု တစ်လနေတော့ ရာသီလာရမယ့်အချိန်မှာ မလာဘဲဖြစ်နေပါတယ်။ ရက်ကျော်တာ (၇) ရက်ရှိပါပြီ။ Test နဲ့ စစ်ကြည့်တော့လည်း Negative ဖြစ်နေပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ။ ဆေးခန်း သွားဖို့လိုမလား။ လမမှန်ရင် ကလေးရောရနိုင်ပါ့မလား သိချင်ပါတယ်။

အရွယ်ရောက်နေတဲ့ မိန်းကလေးတယောက် ရာသီလာရမဲ့ရက်မှာ မလာရင် ကိုယ်ဝန်ကို အရင်ဆုံး စဉ်းစားကြရတယ်။ ဒါပေမဲ့ တခြားဖြစ်စေနိုင်တာတွေ အများကြီးရှိသေးတယ်။
ရာသီမလာခြင်း အမျိုးမျိုး
၁။ Primary Amenorrhea မွေးကတည်းကမလာတာ နဲ့
၂။ Secondary amenorrhea အရင်ကလာဘူးပြီး မလာတော၊

Primary amenorrhea ရာသီတခါမှ မလာသေးခြင်း
မိန်းကလေးတယောက် အရွယ်ရောက်ချိန် ဖြစ်ပါရက်နဲ့ ၁၆ နှစ်သမီးလောက်အထိ ရာသီ တခါမှ မလာတာကို ခေါ်တယ်။ Late puberty အပျိုဖြစ်နောက်ကျတာ ဖြစ်နိုင်တယ်။ ပိန်မယ်၊ အားကစားလဲ လုပ်မယ်ဆိုသူတွေ နောက်ကျတတ်တယ်။ အဲဒါမဟုတ်ရင် ရောဂါတခုခုကို စဉ်းစားရမယ်။

• Ovulation Abnormality မျိုးဥထွက်စေမဲ့ (ခရိုမိုဇုမ်း) တွေက ပုံမှန်မဟုတ်တာ၊
• Genital Abnormalities မွေးရာပါ မျိုးပွါးအင်္ဂါတွေ ချို့ယွင်းနေတာ၊ ဥပမာ သားအိမ် မပါတာ၊ ဗဂျိုင်းနား မပါတာ၊ Vaginal septum ဗဂျိုင်းနား အခန်း ၂ ကန့်ဖြစ်နေတာ နဲ့ Imperforate hymen အပျိုးမှေး ပိတ်နေတာ။
• Hypothalamic Problems And Pituitary Disease ဦးနှောက် အောက်ခြေနားမှာရှိတဲ့ (ပစ်ကျူထရီ) အကျိတ်ရောဂါ၊ အဲဒီနေရာ (ဟိုက်ပိုသဲလ်မတ်စ်) မှာ ရောဂါရှိနေတာ၊
• Obesity အဝလွန်ခြင်း၊
• Thyroid Disease လည်ပင်းကြီးနဲ့ဆိုင်တဲ့ရောဂါ၊ Hypothyroidism ဟော်မုန်းနည်းခြင်း၊ Hyperthyroidism ဟော်မုန်းများခြင်း၊

Secondary Amenorrhea အရင်က လာပြီးနောက်မှ ရာသီမလာခြင်း
အမေရိကားမှာဆိုရင် ၂-၅% သော မိန်းကလေးတွေမှာ ဖြစ်တယ်။ ငယ်ငယ်ကတည်းက (ဘဲလေး)၊ (မာရသွန်)၊ ဂျွမ်းဘား ကစားတာလုပ်တဲ့ မိန်းကလေးတွေမှာ ဖြစ်ကြတယ်။ Amenorrhea ဆိုတာ ရောဂါလက္ခဏာ တခု ဖြစ်တယ်။ ရောဂါနာမည် မဟုတ်ပါ။ Sex chromosomes (လိင်-ခရိုမိုဇုမ်း) ရောဂါ Turner’s syndrome ဖြစ်မလား။ ခေါင်းကိုက်တာ၊ နို့ရည်ထွက်တာ၊ လူကပိုဝလာတာ၊ ဝက်ခြံပေါက်တာ၊ လိင်စိတ်ပြောင်းလဲ လာတာ၊ စကားသံ နိမ့်လာတာ၊ မျက်နှာမှာ အမွှေးပိုပေါက်လာတာ၊ မျက်စကြည့်ရမကောင်းဖြစ်လာတာတွေ ရှိ-မရှိစစ်ဆေးရမယ်။

• Pregnancy ကိုယ်ဝန်၊
• Birth Control သန္ဓေတားဆေး-တားနည်း၊ တချို့ဆေးတွေက ရပ်လိုက်ပေမဲ့ ၃-၆ လ အထိ ရာသီ ပြန်မလာတာ ဖြစ်တတ်တယ်။
• Excessive Exercise ကိုယ်လက်လှုတ်ရှားမှုလုပ်တာ များနေရင်၊
• Medical Conditions ဦးနှောက်၊ မျိုးဥအိမ်၊ (အဒရီနယ်လ်-ဂလင်း)၊ (ပစ်ကျူထရီ-ဂလင်း) ရောဂါတွေ၊ နာတာရှည် ရောဂါတခုခု ခံစားနေရချိန်၊ သားအိမ်ရောဂါ
• Premature Menopause သွေးဆုံးချိန်စောတာ၊
• Polycystic ovarian syndrome (PCOS) မျိုးဥအိမ်မှာ အကျိတ်လေးတွေရှိနေတဲ့ရောဂါ၊ (လူဝမယ်၊ အမွှေးပိုပေါက်မယ်၊ ဝက်ခြံထွက်မယ်၊)
• Other causes ကလေးနို့တိုက်နေချိန်၊ စိတ်ဖိအားများနေချိန်၊ စိတ်ဓါတ်ကျနေချိန်၊ အစာအာဟာရ ချို့တဲ့ခြင်း၊

Amenorrhea ဆေးစစ်တဲ့အခါ ရောဂါရာဇဝင်မေးတယ်၊ အထွေထွေစစ်ဆေးတာလုပ်မယ်၊ လိင်အင်္ဂါနေရာတွေ စစ်ဆေးတာပါ လုပ်ရတယ်။ ကိုယ်အလေးချိန်၊ Galactorrhea နို့ရည်ထွက်နေသလား၊
1. Blood and urine tests သွေး-ဆီးစစ်ခြင်း၊ TSH, Prolactin, FSH တွေစစ်ခြင်း၊
2. TSH များနေရင် Hypothyroidism ဖြစ်နေမယ်၊
3. Progesterone Challenge Test (Provera) စစ်နည်းနဲ့ (ပရိုဂျက်စတီရုမ်း) အခြေအနေကို စစ်မယ်။
4. Pelvic ultrasound တင်ပါးဆုံနေရာကို (အာလ်ထွာဆောင်း) ရိုက်မယ်။

• Bleeding after progesterone (ပရိုဂျက်စတီရုမ်း) နောက်မှာ ရာသီလာခြင်း၊ Estrogen ရှိနေပြီး၊ Anovulation မျိုးဥမထွက်ဘဲနေမယ်၊ Blood LH- and FSH-level and Testosterone and DHEAS test တွေနဲ့ သေခြာစေမယ်၊ LH is high (10 mIU/ml) ကျော်နေတာနဲ့ LH/FSH ratio 2:1 ကျော်နေရင် Polycystic ovarian disease (PCOS or PCO) ဖြစ်နိုင်တယ်။ PCOS တိုင်းကတော့ high LH/FSH ratio မဖြစ်ပါ။
• No bleeding after progesterone (ပရိုဂျက်စတီရုမ်း) နောက်မှာ ရာသီမလာခြင်း၊ High FSH ဆိုရင် Premature ovarian failure or Menopause သွေးဆုံးစောတာဖြစ်နိုင်တယ်၊ FSH ပုံမှန်ဆိုရင် Progesterone + Estrogen တွဲပေးရမယ်၊ Hypothalamic-Pituitary Failure အလေးချိန်ကျခြင်း၊ စိတ်ဖိအား၊ ဆေးဝါးတွေ ကြောင့်ဖြစ်နိုင်တယ်၊ Hysteroscopy ဒါမှမဟုတ် Hysterosalpingography ထပ်လုပ်ရမယ်။ သားအိမ်နဲ့ သားအိမ်ဝမှာ အမာရွတ်လို ရှိနေသလား၊

ဆေးကုနည်းတွေ အမျိုးမျိုးရှိတယ်။ ဘာလို့ရာသီမလာသလဲသိရင် ကုသပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ (၇-၂-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - ရာသီထိန်ခြင်း၊ ရာသီမလာခြင်း  

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ