Welcome to my blog :)

rss

Sunday, February 12, 2012

ကွန်ပျူတာလုံခြုံရေးနည်းလမ်းလေးတစ်ခုပါ

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြသလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူကအမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ အခိုးခံရသူများအတွက် ဟာကွက်တစ်ခုဖြစ်သောအချက်တစ်ခုကိုကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။
ကွန်ပျူတာ ၀င်းဒိုးတက် လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။။။။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်
တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက်ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက်လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။
ဒါက စက်တိုင်းမှာ ဟာကွက် တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခု နည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။
ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ ဦးစွာ My computer ကို လုပ် Right Manage ကိုရွေးပါ။ Local User and Groups ကို ဖွင့်ပါ။ User တွင် Administrator ကို Double Click လုပ်။ Box ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ ApplyOk လုပ်
ပါ။ဒါဆိုရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေများဖြင့် ၀င်ရောက်နေသည့်နည်းလမ်း များကိုတော့မဆိုလိုပါ။ ယခုနည်းလမ်းသည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများအတွက်အင်မတန်လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်ပါ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ