Welcome to my blog :)

rss

Tuesday, February 14, 2012

Android Software Development Kit(SDK) ကို ကွန်ပျူတာထဲကို install လုပ်နည်း










Android SDK(Software Development Kit) ကို ကွန်ပျူတာထဲကို ထည့်သွင်းဖို့ ပြောပြရတာကတော့ အခြားမဟုတ်ပါဘူး။ ဖုန်းတွေကို တကယ့် အသေးစိတ် root လုပ်တာမျိုးတွေ(အခုနောက်ပိုင်းမော်ဒယ်မြင့်ဖုန်းတော်တော်များများက Android SDK နဲ့ computer ထဲမှာ ထည့်သွင်းပြီး root လုပ်ရတဲ့ software ရယ်နှစ်ခုပေါင်းပြီးroot လုပ်မှရပါတယ် ။ အရင် ဖုန်းတွေလို ဖုန်းထဲမှာ ထည့်ပြီး root လုပ်ရတဲ့ application မျိုး -ဥပမာ z4root လိုမျိုးနဲ့မ၇တော့ပါဘူး) ၊Android application တွေကို ကိုယ်တိုင်ရေးသားလိုသူတွေအတွက် Android SDK ဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါဆိုရင် Android SDK ကိုကွန်ပျူတာထဲကိုinstall စလုပ်လိုက်ကြရအောင်။
Android SDK တစ်ခုလုံးကိုပြီးစီးအောင်သွင်းရာမှာ အင်တာနက် ကွန်နက်ရှင်ရှိရပါမယ်။ အင်တာနက်နဲ့ချိတ်ပြီး လိုအပ်တဲ့ tools တွေကို သူ့ဘာသာသူ download လုပ်သွားမှာပါ။
ပထမဆုံးအနေနဲ့ Android SDK မသွင်းခင် Java Development Kit (JDK ) ကို ကွန်ပျူတာထဲအရင်သွင်းထားလိုက်ပါ။
JDK အားရယူရန်
ပြီးရင် Android SDK ကို အောက်မှာရယူလိုက်ပါ။
Android SDK အားရယူရနိdownload လုပ်ထားတဲ့ SDK zip ဖိုင်လေးကို zip ဖြည်ပြီး ရလာတဲ့ android-sdk-windows ဆိုတဲ့ folder လေးကို ကွန်ပျူတာရဲ့ C: အောက်မှာသွားထားပါ။ ပြီးရင် အဲဒီ folder ထဲက SDK Manager ကို run လိုက်ပါ။ SDK Manager လေးပေါ်လာပြီဆိုရင် install လုပ်ရမယ့်
tools တွေကို list နဲ့ပြပါလိမ့်မယ်။ အောက်ကပုံထဲကအတိုင်း check လုပ်ပေးပြီး install လုပ်လိုက်ပါ။

လိုအပ်တဲ့ tools တွေကို auto download လုပ်ပြီးသွားပြီဆိုရင် android-sdk-windows folder ထဲကိုပြန်ဝင်ကြည့်လိုက်ပါ။ platform-tools ဆိုတဲ့ folder လေးကို တွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ ADB နဲ့ သူရဲ့ functionalities tools တွေပါပါတယ်။ အခု Android SDK ရဲ့ path လမ်းကြောင်းပေးရပါမယ်။ path လမ်းကြောင်းပေးဖို့အတွက် My Computer ကို right click နှိပ်။ properties ထဲက Advance Tab ကိုဝင်ပါ။ Advance Tab ထဲက Environment variable ကို နှိပ်ပါ ။ System variable ထဲကမှ ClassPath ကိုရွေးပြီး edit ကိုနှိပ်ပါ။ အဲဒီမှာ Path လမ်းကြောင်းထည့်ဖို့အတွက် Dialog Box လေးတစ်ခုပေါ်လာပါမယ်။ အောက်ကပုံအတိုင်းပါ ။


အဲဒီ Dialog Box ထဲက စာသားတွေကိုမဖျက်ဘဲနဲ့ အဲဒီစာကြောင်းရဲ့နောက်ကနေ အောက်ပါ directory ကိုထည့်ပါ။
;c:android-sdk-windowstools;c:android-sdk-windowsplatform-tools ထည့်ပြီးပြီဆိုရင် အရင်ရှိပြီးသား path နဲ့ အခု နောက်ကနေထပ်ထည့်လိုက်တဲ့ path လမ်းကြောင်း ကိုတွေ့ရပါလိမ့်မယ် ။ ဥပမာအားဖြင့်
C:Program FilesCommon FilesMicrosoft SharedWindows Live;C:Program Files (x86)Common FilesMicrosoft SharedWindows Live;%SystemRoot%system32;%SystemRoot%;%SystemRoot%System32Wbem;%SYSTEMROOT%System32WindowsPowerShellv1.0;C:Program Files (x86)ATI TechnologiesATI.ACECore-Static;C:Program Files (x86)Windows LiveShared;C:Program FilesJavajdk1.6.0_23bin;C:Program Files (x86)Javajdk1.6.0_23bin;C:android-sdk-windowstools;C:android-sdk-windowsplatform-tools
အဲဒီလိုပုံစံမျိုးပါ။ ပြီးရင် SDK နဲ့ ဖုန်းနဲ့ချိတ်ဆက်ဖို့ရာ လိုအပ်တဲ့ USB Driver တွေကို download လုပ်ရပါမယ်။ SDK Manager ကိုပြန်ဖွင့်ပါ။ အောက်ကပုံအတိုင်း Available packages ကိုသွားပြီး Google USB driver package ကို အမှန်ခြစ်ပေးပြီး install လုပ်ပါ။
ဒါဆိုရင် Android SDK ကို install လုပ်ဆောင်မှုပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်ဆက်လုပ်ဆောင်ဖို့အတွက်ကိုတော့ ကွန်ပျူတာနဲ့မချိတ်ခင်မှာ ဖုန်းရဲ့ setting ထဲက Application > Development > USB debugging ကို enabled လုပ်ထားရပါမယ်။ တကယ်လို့ ဖုန်းနဲ့ ကွန်ပျူတာနဲ့usb ကတစ်ဆင့် ချိတ်ဆက်ပြီးပြီဆို၇င် ခုနက install လုပ်ထားတဲ့
USB Driver က သိပြီး My Computer ကနေ right click နှိပ်ပြီးDevice Manager ကနေကြည့်ရင် အောက်ပါအတိုင်းပေါ်လာမှာပါ။ ဥပမာအနေနဲ့ကြည့်ပါ။

အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ