Welcome to my blog :)

rss

Tuesday, February 14, 2012

Android ဖုန်းများ ကို root လုပ်နည်း (၂)









z4root နဲ့ root လုပ်ရတာအဆင်မပြေဘူးဆိုတဲ့ HTC ဖုန်းပိုင်ရှင်တွေအတွက် Super Oneclick ဆိုတဲ့ software နဲ့ root လုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။ ဒီလုပ်နည်းက z4root ရဲ့ root လုပ်နည်းနဲ့ ဘာကွာလဲဆိုရင် Super Oneclick နဲ့ root လုပ်နည်းဟာ ကွန်ပျူတာနဲ့
ဖုန်းနဲ့ ချိတ်ဆက်ပြီး( USB နဲ့ချိတ်ပြီး)လုပ်ရတဲ့ root လုပ်နည်းပါ။ အမြန်ဆုံး root လုပ်နည်းနဲ့ အလွယ်ဆုံးနည်းပါ။
ကျွန်တော်တော့ ခဏခဏစမ်းပြီးပါပြီ။ အားလုံးအဆင်ပြေပါတယ်။ လုပ်နည်းကဒီလိုပါ။
ဒီနည်းလမ်းနဲ့လုပ်ဖို့အတွက် ကွန်ပျူတာထဲမှာ Android SDK သွင်းထားရပါမယ်။ SDK ဖိုင်ကိုရော သွင်းနည်းကိုရော အောက်မှာရယူနိုင်ပါတယ်။
Android SDK အားရယူရန်
အဲဒီ SDK ကို download လုပ်ပြီးပြီဆိုရင် ကွန်ပျူတာရဲ့ C: partition အောက်မှာ install လုပ်ပါ။
root လုပ်ဖို့အတွက် Super oneclick ဆိုတဲ့ software ကို အရင် download ဆွဲပါ။ အောက်မှာ ရယူနိုင်ပါတယ်။
Super Oneclick အားရယူရန်
ပြီးရင် ဖုန်းထဲက USB debugging ကို enabled လုပ်ပေးရပါမယ်။ Settings->Applications->Development ထဲကနေ “USB Debugging“ ကို အမှန်ခြစ် လုပ်ပေးပါ။ အောက်ပုံထဲကအတိုင်းပါ

ဖုန်းကို ကွန်ပျူတာနဲ့ (USB ကြိုးနဲ့)ချိတ်လိုက်ပါ ။
ပြီးရင် ခုနက download လုပ်ထားတဲ့ super oneclick zip ဖိုင်လေးကို ဖြည်ပြီး အဲဒီထဲက super oneclick.exe ကို run လိုက်ပါ။ Super oneclick Window ပေါ်လာရင် ခလုတ်အကြီးကြီးတွေထဲက root ဆိုတာကိုနှိပ်ပြီး root လုပ်ပါ။ အောက်ကပုံထဲကအတိုင်းပါ။

စက္ကန့်ပိုင်းလောက်ကြာရင် အောက်ပါပုံအတိုင်း root လုပ်တာအောင်မြင်ကြောင်း message ပေးပါလိမ့်မယ်။
ပြီးပြီဆိုရင် ဖုန်းကို reboot (power ပိတ်ပြီးပြန်ဖွင့်)လုပ်လိုက်ပါ။ ပြန်တက်လာရင် All program ထဲကို ၀င်ကြည့်လိုက်ပါ အရိုးခေါင်းပုံ ယုန်ခေါင်းလေးနဲ့
icon လေးနဲ့ Super user ဆိုတဲ့ application လေးကိုတွေ့ရပါလိမ့်မယ်။ ဒါဆိုရင် root လုပ်တဲ့ process ပြီးဆုံးပြီဖြစ်ပါတယ်။ Super user application ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း message ပေးလာရင် allow ပဲလုပ်ပေးပါ။
အဲဒီလိုပဲ root လုပ်ထားမှသုံးလို့ရတဲ့တခြား application တွေထဲကို ၀င်တဲ့အခါ အောက်ပါပုံအတိုင်း message ပေးလာရင် allow ပဲလုပ်ပေးပါ ။ အားလုံးပဲ root လုပ်ကြည့်လိုက်ကြပါဦး။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Thet Naing Soe
(Myanmar Mobile Application Store)

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ