Welcome to my blog :)

rss

Tuesday, February 14, 2012

Android OS ဖုန်းတွေအတွက် ဇော်ဂျီမြန်မာ ကီးဘုတ် နဲ့သွင်းပုံသွင်းနည်း

ပထမဆုံး ဇော်ဂျီကီးဘုတ်နဲ့ ဇော်ဂျီ font ကို အရင် ဒေါင်းလိုက်ပါ။
ဇော်ဂျီ keyboard အားရယူရန်
ဇော်ဂျီ font အားရယူရန်
download လုပ်ပြီးပြီဆိုရင် နှစ်ခုလုံးကို ဖုန်းထဲကို install လုပ်လိုက်ပါ။
Install လုပ်ပြီးရင်ဖုန်း Setting ထဲကိုသွားပါ။
Language & keyboard ကိုဝင်ပါ။
MyanDroid Soft Keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ။
Attention Box ပေါ်လာရင် ok နှိပ်။
ပြီးရင် All programs ထဲသွားပြီ zawgyipad program ကို ဖွင့်ပါ။
အဲဒီမှာ Textbox တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီ Textbox ထဲမှာ သုံးစက္ကန့်ခန့်ဖိထားပါ။
Input Method ကိုရွေးပါ။

Select input method Box ထဲမှာ MyanDroid Soft Keyboard ကိုရွေးလိုက်ပါ။

ဒါဆိုရင် ဇော်ဂျီ keyboard ကိုတွေ့ရမှာဖြစ်ပါတယ်။


ဒီလောက်နဲ့မပြီးသေးပါဘူး။ ဆက်လုပ်ရဦးမှာပါ။
အခုလုပ်ပြီးတဲ့အဆင့်ထိက keyborad သွင်းပြီးရုံပဲရှိပါသေးတယ်။ ဖုန်းရဲ့ system တစ်ခုလုံးကို မြန်မာစာပေါ်အောင် လုပ်ရဦးမှာပါ။
အဲဒီအတွက် ဖုန်းကို root လုပ်ထားရပါမယ်။ root လုပ်နည်းမသိရင် =>ဒီနေရာ<= ကို နှိပ်ပါ ။ ပြီးရင် မြန်မာစာမြင်ရဖို့ Font Changer ဆိုတဲ့ application လေးကို ဒေါင်းလိုက်ပါ။အောက်မှာပေးထားပါတယ်။
font changer အားရယူရန်
font changer ကို ဖုန်းထဲကိုသွင်းလိုက်ပါ။ ပြီးရင် font changer application ကို run လိုက်ပါ ။ ဒီအဆင့်မှာ ကိုယ့်ဖုန်းက Root လုပ်ထားပြီးသား ဖြစ်နေမှသာ SuperUser request ပေါ်လာပြီး FontChangerLite Application ကို Run ခွင့်ပြုမပြု မေးပါမည်။ Allow Button ကို ရွေးပြီး ခွင့်ပြုလိုက်ပါ။ (Root လုပ်မထားသော Android ဖုန်းတွင် ပြုလုပ်နိုင်မည် မဟုတ်ပါ။)
FontChanger Application အား Run ပြီးပါက ပြန်ပိတ်လိုက်ပါ။ ပြီးနောက် ဖုန်း၏ SD Card တွင် ဝင်ကြည့်ပါက .fontchanger ဆိုသည့် Folder တစ်ခုကို တည်ဆောက်ပြီးဖြစ်နေတာကိုတွေ့ရပါမယ်။ ထို .fontchanger Folder ထဲသို့ zawgyione.ttf ( OR ) zawgyione2008.ttf ဇော်ဂျီဖောင့် တစ်ခုခုကို ကူးထည့်ပါ။
FontChanger App ကို ပြန်ဖွင့်ကြည့်ပါက .fontchanger Folder ထဲတွင် ထည့်သွင်းခဲ့သော Zawgyi Font ကို တွေ့ရပါမည်။ ဇော်ဂျီဖောင့်ပေါ်မှာ One Touch တစ်ချက်နှိပ်ပါ။ Prompt တစ်ခု တပ်လာရင် Apply လုပ်ပါ။ Reboot now ကို ထပ်ရွေးပါ။ ဖုန်းကို Restart ချပေးသွားပါမည်။
ဖုန်းပြန်အတက်တွင်တော့ မူရင်းဖောင့်နေရာတွင် ဇော်ဂျီဖောင့်ကို အစားထိုးပြီး တက်လာပါပြီ။ ဒါဆိုရင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း ပြီးပါပြီ။ ဖုန်းရဲ့
contact တွေကိုမှတ်ရာမှာလည်း မြန်မာလို ရိုက်လို့ရသွားသလို ၊ message ပို့ရာမှာလည်း မြန်မာလို ရိုက်ပြီးပို့လို့ရသွားပြီဖြစ်ပါတယ်။ တစ်ဖက်က
မြန်မာလိုရိုက်ပို့ရင်လည်း ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

ဖုန်း Contact ကိုမြန်မာလို မှတ်ထားပုံ


Message ကို မြန်မာစာဖြင့် အချင်းချင်းပို့ထားပုံ

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

1 comments:

ဝေးခွန်သိန်း said...

ကျနော် Root လုပ်လို့ မရဘူးကော် ဆရာ လုပ်ပုံလုပ်နည်းလေးတင်ပေးပါဦး
ဆရာ အနှောက်ယှက်ဖြစ်ပြီထင်တယ် ဆရာရေ ကျေးဇူးဘဲနော်

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ