Welcome to my blog :)

rss

Tuesday, February 14, 2012

မြန်မာနိုင်ငံကနေ Android Market ကိုဝင်ကြမယ်












မိမိတို့ရဲ့ Android OS ဖုန်းကနေ Android Market ကိုဝင်ပြီး download လုပ်ချင်သူများအတွက် အဆင်အပြေဆုံး နည်းလေးတစ်ခုကိုတင်ပေးလိုက်ရပါတယ်။ ဒီနည်းကိုအသုံးပြုဖို့အတွက် မိမိတို့ရဲ့ဖုန်းကို root လုပ်ထားရမှာဖြစ်ပါတယ်။ အရင်တုန်းက
ဖုန်းထဲကနေ Android Market ကိုဝင်ဖို့ Orbot , Market Enabler ဆော့ဝဲနှစ်ခုနဲ့ကျော်ခဲ့ရပါတယ်။ အခုတော့ Market Unlocker Pro လို့ခေါ်တဲ့ဆော့ဝဲလေး တစ်ခုတည်းနဲ့တင် Android Market ကိုဝင်လို့ရပါပြီ။ အရင်ဆုံး Market Unlocker Pro v3.2.3 ကို download လုပ်ပါ။
Market Unlocker Pro v3.2.3 အားရယူရန်(MediaFire Link)
Download ရယူပြီးပြီဆိုရင်တော့ Market Unlocker ကိုဖွင့်လိုက်ပါ။ ပြီးရင်အောက်ပုံထဲကအတိုင်း Enable Unlocker ကို “on” လိုက်ပါ။

ပြီးရင် မိမိဖုန်းထဲက default ပါတဲ့ Android Market application ထဲကိုဝင်ပါ။ ပြီးရင် မိမိရဲ့ Google Account ကိုထည့်ပေးရပါမယ်။ Gmail account ရှိပြီးသားသူများကတော့ Sign-in ကိုနှိပ်ပါ။


ပြီးရင် မိမိရဲ့ Gmail User name နဲ့ password ကိုဖြည့်ပါ။ ပြီးရင် Sign-In ကိုနှိပ်ပါ။
ကဲ.. အခုဆိုရင်တော့ အောက်ပုံထဲကအတိုင်း Android Market ကို အဆင်ပြေပြေနဲ့ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။

(ကျွန်တော် စမ်းသပ်ခဲ့ရာမှာတော့ Market Unlocker ထဲက အခြား Proxy Setting များကိုပြောင်းလဲစရာမလိုပဲ Enable Unlocker ကို On လုပ်ပေးရုံနဲ့တင် Android Market ထဲကိုဝင်ရောက်နိုင်တာကိုတွေ့ရပါတယ်။)
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ