Welcome to my blog :)

rss

Sunday, July 17, 2011

Google + and Facebook

ဂူးဂဲလ်ကုမ္ပဏီဟာ ၀က်ဘ်ဆိုက်အသုံးပြု သူတွေနဲ့ ကြော်ငြာရှင်တွေရဲ့ အာရုံကို ဖေ့စ်ဘွတ်ခ်နဲ့အပြိုင် ဆွဲဆောင်နိုင်ဖို့ လူမှုရေး ကွန်ရက်ချိတ်ဆက်အသုံးပြုရေး ကြိုးပမ်းမှုအသစ်တစ်ရပ်ကို အခု စတင်လိုက်ပါပြီ။

ဂူးဂဲလ်အမှုဆောင် အရာရှိချုပ် အသစ်ဖြစ်တဲ့ လယ်ရီပေ့ခ်ျအတွက် ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ဒီဝန်ဆောင်မှုအသစ်ဟာ လူမှုရေး ကွန်ရက်ဝန်ဆောင်မှု ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက်ကို အသုံးချဖို့ ရည်ရွယ် ထားပါတယ်။

Google+ လို့ အမည်ပေးထားတဲ့ ဂူးဂဲလ်ရဲ့ လူမှုရေးကွန်ရက်ဝန်ဆောင်မှုကို ဇွန်လ ၂၈ ရက်နေ့က အစမ်း စတင်ပေးခဲ့ပါတယ်။

ဒီစမ်းသပ်ကာလ အတွင်းမှာတော့ ရွေးချယ်ဖိတ်ကြားခံရသူတွေသာ သုံးနိုင်ဦးမှာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အားလုံး ကျယ် ကျယ်ပြန့်ပြန့်သုံးခွင့်ရမယ်လို့ ဆိုပါတယ်။ Google+ ကို ၂၀၁၀ ဖေဖော်ဝါရီမှာ စတင်ခဲ့ပြီး ခုလိုဖန်တီးဖြစ်ရခြင်းရဲ့ အကြောင်းရင်း ကတော့ ဂူးဂဲလ်ရဲ့လူမှုရေး ကွန်ရက်ဝန်ဆောင်မှု Google Buzz သုံးစွဲသူတွေကို အဆင်မပြေဖြစ်သွားစေတာကြောင့်ပါ။

အဓိက ကတော့ သုံးစွဲသူတွေရဲ့ အီးမေးလ်လိပ်စာစာရင်းတွေကို တခြားသူတွေပါ သိသွားစေတဲ့အဖြစ် မတော်တဆဖြစ်သွားခဲ့ပြီး တဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကြောင့်ပါပဲ။ အခုတော့ ဂူးဂဲလ်ဟာ ဖေ့စ်ဘွတ်ခ်ရဲ့ ပြိုင်ဘက်ဖြစ်လာနေပြီလို့ ပြီးခဲ့တဲ့ နွေရာသီမှာ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။

ဂူးဂဲလ်ရဲ့ လူမှုရေးကွန်ရက်ဝန် ဆောင်မှုအသစ်မှာ သုံးစွဲသူတွေဟာ သူတို့ရဲ့ share တွေကို လူမှန်နေရာမှန် သုံးစွဲခွင့်ရစေမယ်လို့ အာမခံထားပါတယ်။ သုံးစွဲသူတွေဟာ တကယ့်အပြင် ဘဝကအတိုင်း အွန်လိုင်းပေါ်မှာလည်း your friends from saturday night? Your Parents? your boss in a circle စတဲ့ သူငယ်ချင်းအုပ်စု၊ ၀ါသနာ တူအုပ်စု၊ လုပ်ငန်းတူအုပ်စု စတာတွေ ဖွဲ့ထားပြီး ကိုယ် ပို့ပေးချင်တဲ့ အချက် အလက်တွေ ပေးပို့လို့ရပါတယ်။

ကုမ္ပဏီရဲ့ လူမှုရေးကွန်ရက်ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ်ကတည်းက ဦးစီးဆောင်ရွက်နေတဲ့ ဂူးဂဲလ် ဒုတိယဥက္ကဋ္ဌ Vic Gundotra က "အွန်လိုင်း sharing က ပြတ်တောက် ပြတ်တောက်ဖြစ်နေတာကို အခြေခံအားဖြင့် ကျွန်တော်တို့ လက်ခံပါတယ်။ ဒီအတိုင်းကြီးတော့ ဆက်မသွားပါဘူး။တတ်နိုင်သမျှ ကြိုးစားမှာပါ"လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဂူးဂဲလ်ဟာ သူ့ရဲ့ လူမှုရေးကွန်ရက် ၀န်ဆောင်မှုနဲ့ ပတ်သက်ပြီး နောက်ပိုင်းမှာ စီးပွားဖြစ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်လို့ ဒီကိစ္စကို ထဲထဲဝင်ဝင် သိတဲ့သူက ဆိုပါတယ်။

မစ္စတာ ဂန်ဒိုရာက မစ္စတာ ပေ့ခ်ျဟာ ဒီကြိုးပမ်းမှုအတွက် အရေးပါတဲ့သူတစ်ဦးဖြစ်ပြီး ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို အန်းဒရွိုက်စနစ်သုံး စမတ်ဖုန်းတွေမှာ ကိုယ်ပိုင်အွန်လိုင်းအလ်ဘမ်အဖြစ် ချက်ချင်းကူးပြီး Google+ ကနေ မိတ်ဆွေတွေဆီ ပို့ပေးနိုင်တဲ့ ၀န်ဆောင်မှု အပါအဝင် တချို့ကိစ္စတွေမှာလည်း တာဝန်ရှိသူတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ် မိတ်ဆွေ ၆၀၀ ရှိတဲ့ မစ္စတာဂန်ဒိုရာနဲ့ မိတ်ဆွေ ၂,၀၀၀ ရှိတဲ့ ဘရတ်ဟိုရိုဝစ်တို့ဟာ ဖေ့စ်ဘွတ်ခ်မှာ မိတ်ဆွေများလွန်းရင် အချက်အလက် တွေပေးပို့ရာမှာ အနှောင့်အယှက်ဖြစ် မဖြစ်နဲ့ ပတ်သက်ပြီး သုံးစွဲသူစစ်တမ်း ကောက်ထားပါသေးတယ်။

"ကျွန်တော်ဆက်သွယ်ချင်တဲ့သူဆီကို တခြားသူတွေက ဆက်သွယ်နေရင် ကျွန်တော် ဘာမှပြောလို့မရတော့ဘူး" လို့ မစ္စတာ ဟိုရိုဝစ်က ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်ကိုလည်း အရင်က ဒီလိုမျိုး ဝေဖန်ခံရဖူးပါတယ်။ ဒါကြောင့် သုံးစွဲသူတွေဟာ အုပ်စုတွေဖွဲ့ပြီး သူတို့ ရဲ့ အချက်အလက် တွေကို မိတ်ဆွေ အားလုံးဆီ share လုပ်ပေးနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ "ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာက ၀က်ဘ်ဆိုက် တွေ လူထုအတွင်း ပိုတွင်တွင်ကျယ်ကျယ်သုံးနိုင်ဖို့ ကြိုးပမ်း နေကြတဲ့ကာလရဲ့ အစပိုင်းမှာပဲ ရှိပါသေးတယ်။ အသစ်တွေ၊ ဆန်းသစ် တီထွင်နိုင်မယ့် အခွင့်အရေးတွေ နေရာတိုင်းမှာ ရှိပါတယ်"လို့ ဖေ့စ်ဘွတ်ခ် ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဖေ့စ်ဘွတ်ခ်နဲ့ မတူတဲ့အချက်က Google+ က Gmail ရဲ့ အီးမေးလ်ဝန်ဆောင်မှုတွေလို ဗီဒီယို ချတ်တင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပိုကောင်းသွားတာက သုံးစွဲသူတွေဟာ မိတ်ဆွေတွေ အားလုံးကို တစ်ပြိုင်တည်း မြင်နိုင်၊ ပြောနိုင်တာပါ။ ဂူးဂဲလ်ဝန်ဆောင်မှုရဲ့ တစ်စိတ်တစ် ပိုင်းဖြစ်တဲ့ Sparks လို့အမည်တွင်တဲ့ ၀န်ဆောင်မှုမှာ ဆောင်းပါတွေဖတ်ဖို့ နဲ့ ဗီဒီယိုတွေကြည့်နိုင်စေဖို့အတွက် သုံးစွဲ သူရဲ့ ၀ါသနာကို အခြေခံပြီး ၀န်ဆောင်မှုပေးဖို့ ဖော်ပြထားပါတယ်။

ဒီဝန်ဆောင်မှုရဲ့ Huddle ဆိုတဲ့ ဆောင် ရွက်ချက်မှာ သုံးစွဲသူတွေဟာ စာသား မက်ဆေ့ခ်ျတွေကို လူအများကြီးဆီ တစ်ပြိုင်တည်း ပို့ပေးနိုင်ပါတယ်။ ဒီ လုပ်ငန်းစဉ်ကို group texting လို့ သိကြပါတယ်။ GroupMe Inc လို အုပ်စုလိုက် မက်ဆေ့ခ်ျပို့ပေးတာကို ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေဟာ သုံးစွဲ သူများစွာကို ဆွဲဆောင်ထာါးတယ်။

ဂူးဂဲလ်ရဲ့ ၀န်ဆောင်မှုအသစ်ဟာ ဖေ့စ်ဘွတ်ခ်၊ မက်ဆေ့ခ်ျဝန်ဆောင်မှု ကုမ္ပဏီ တွစ်တာ၊တည်နေရာလမ်းညွှန်မှုပေးတဲ့ ၀န်ဆောင်မှု ကုမ္ပဏီ Foursquaree နဲ့ တခြား ၀က်ဘ်ဆိုက် ၀န်ဆောင်မှု ကုမ္ပဏီတွေရဲ့ တိုးတက်မှုကို အသုံးချပြီး တုံ့ပြန်ပေးလိုက်တာပါ။

ဒီကုမ္ပဏီတွေဟာ ဘာတွေဝယ်နိုင်တယ်၊ ၀ယ်သင့်တယ်၊ ဘယ်ကိုသွား သင့်တယ်စတဲ့သတင်းအချက်အလက်တွေကို လူတွေ သိအောင် ၀န်ဆောင်မှု ပေးရာမှာ နည်းလမ်းအသစ်တစ်မျိုးနဲ့ ပြောင်းလဲလုပ်ကိုင်နေကြပါတယ်။

ကမ္ဘာတစ်လွှားမှာ သုံးစွဲသူ သန်း ၆၀၀ ကျော်ရှိတဲ့ ဖေ့စ်ဘွတ်ခ်မှာ အဖွဲ့ ၀င်တွေနဲ့ ပတ်သက်တဲ့ ကိုယ်ရေးအချက် အလက်တွေ ရရှိ ထားသလို စာရင်း ပြုစုတဲ့အုပ်စု ဒါမှမဟုတ် စိတ်ဝင်စားသူ အုပ်စုကို ပစ်မှတ်ထားတဲ့ စီးပွားရေး သမားတွေအတွက် ဒေါ်လာသန်း ထောင်နဲ့ချီရတဲ့ ကြော်ငြာလုပ်ငန်းတွေလည်း အခုလုပ်ပေးနေပါတယ်။

ဒီလိုရလဒ်ကို အခြေပြုပြီးတော့ ဒီနှစ် အစောပိုင်းမှာ ဂူးဂဲလ်ဟာ မိတ်ဆွေ ရှာဖွေရေးဝက်ဆိုက်တွေမှာ အသုံးဝင်မယ့် +1 ခလုတ်ကို စတင်ခဲ့ပါတယ်။

ဒါက ဖေ့စ်ဘွတ်ခ်ရဲ့ Like ခလုတ်နဲ့ ဆင်တူပါတယ်။ ရှေ့လာမယ့် အနာဂတ် မှာတော့ လူတွေဟာ Google+နဲ့ ဆက်သွယ်ထားတဲ့ ၀က်ဘ်ဆိုက်တွေမှာ +1 ခလုတ်ကို နှိပ်နိုင်ကြတော့မှာပါ။

Chop from Myanmar Time News

Google+ အကြောင်းကို ဆက်ပြီလေ့လာ ချင်သေးရင် အောက်က link မှာလေ့လာနိုင်ပါတယ်။

Google+ Preview


Myanmar IT Develovement မှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ