Welcome to my blog :)

rss

Monday, July 25, 2011

မိမိတို့၇ဲ့အချိန်လေးတွေကိုအကျိုး၇ှိ၇ှိအသုံးချကြည့်၇အောင်နော်......



ကျွန်တော် တို့ မြန်မာတွေ အကျင့်လေး ကိုပြောရင်းနဲ့ ဒီခေါင်းစဉ်လေးကို စပြီးေ၇းသား ချင်ပါတယ် ဘယ်သူကိုမှ ပုတ်ခတ်ပြောတာမဟုတ်ပါဘူး အဲ့လိုလည်း ရည်ရွယ်ချက် မကောင်းတဲ့ စိတ်ထား မျိုးလည်း ကျွန်တော်ထားပြီးရေးတာ မဟုတ်သလို့ ကျွန်တော့မှာလည်း မရှိပါဘူး ။ ကျွန်တော်တို့တွေက အလုပ်တခုလုပ်တော့မယ်ဆိုရင် အချိန်ကို ဆွဲဆန့် သွားကြတယ် ဘယ်လိုဆွဲဆန့် သွားလည်းဆိုတာကတော့ ခုပြီးမဲ့အလုပ်ကို ခု မလုပ်တာပါပဲ ။ပညာရပ်တခုကို သိချင်လို့ လေ့လာတယ် ဒီအပိုင်းလေးကို အချိန်လည်းရတယ် ဒါပေ့မယ် ရနိင်တဲ့ အချိန်ထိ ဆွဲသွားတက်တဲ့ အကျင့်ပါ။ အဲ့ အကျင့်က မကောင်းပါဘူး ဒီနေရာမှ ပြန်ထောက်စရာ စကားရှိပါတယ် အဲ့ စကားကတော့ သိချင်တာ တခုရှိရင် ကောက်ရိုးမီး လိုပဲ    တပူတပြင်းလိုက်ရှာရမှာလားဆိုတဲ့  စကားပါ. အဲ့လို မျိုးလည်း မဟုတ်မဖြစ်စေချင်ပါဘူး သိချင်တာကို သိဖို့ တက်ချင်တာကို တက်ဖို့ အချိန်ဆိုတာကို နောက်မဆုတ်ပဲ သေချာလေ့လာဖို့ကို ဦးတည်ပြောချင်တာပါ။


ကျွန်တော်တို့ ပုံပြင်တစ်ပုဒ်ကို ကြားဘူးတယ်ဗျာ ပုံပြင်က ဖိုးသူတော်နဲ့ ပတ်သတ်တဲ့ ပုံပြင်လေးပါ ဖိုးသူတော်က တောင်တွေ တော်တွေ ထဲ ဖြတ်သွားရင် ဗိုက်ဆာလို့ လယ်ထဲမှာ စိုက်ထားတဲ့ ပြောင်းဖူးကို ခိုးစားတယ် ပြောင်းဘူးက အစေ့ မစုံဘူး။ အဲ့တာကို သူက စဉ်းစားတယ် ဘာလို့ အစေ့ မစုံတာလည်းလို့ ပြောင်းဖူးကို ဖိုးသူတော်မေးတော့ အပင် မသန်လို့ တဲ့ အပင်ဘာလို့ မသန်တာလည်း ဖိုးသူတော်က ဆက်မေးတော့ မြေသြဇာမကောင်းလို့ တဲ့ မြေသြဇာ ဘာလို့ မကောင်းတာလည်း ဆက်မေးတော့  မိုးမမှန်လို့ တဲ့ မိုးနဲ့ ရာသီဥတုက ဘာလို့ မမှန်တာလည်းဆက်မေးတော့ ဘုရင်မင်းမြတ်က မင်းဝတ်တရား ၁၀ ပါးနဲ့ မညီလိုတဲ့ ဘုရင်မင်းမြတ်က ဘာလို့ မင်းဝတ်တရား ၁၀ ပါးနဲ့ မညီတာလည်းလို့ မေးလိုက်တော့ သူတို့ ကိုးကွယ် နေတဲ့ လူတွေကိုက ကြည့်ပါလား ပြောင်းဖုးက အစ ခိုးစားနေတာ မို့လို့ ပေါ့ လို့ ပြောလိုက်တယ်။

နောက်ဆုံးတော့လဲမိမိကိုယ်တိုင်မကောင်းလို့ပါပဲလား။ ဘာကိုပြောချင်တာလည်းဆိုတော့ လောကမှာ ဘာကိုပဲလုပ်လုပ် ဘာပဲမှားမှား ဘယ်သူပြုပြုမိမိမူပါပဲ ။ သူများကောင်းတာ မကောင်းတာကို လိုက်ကြည့်နေရင်လည်း အဓိကက ကိုယ်ကိုတိုင်မကောင်းနိင်သေးလို့ပါပဲ ။ အဲ့တော့ ကျွန်တော်တို့ ကိုယ်တိုင် တရားကိုလည်းရှာ ပညာကိုလည်းရှာ ရပါမယ် ဘယ်လို ရှာကြမလည်းဆိုတာတော့ တစ်ယောက်နဲ့ တယောက် time table ချင်းမတူပါဘူး အယူအဆ ခံယူချက် ရည်မှန်းချက် ရည်ရွယ်ချက်တွေလည်းမတူနိင်ပါဘူး တူဖို့လည်းမလိုပါဘူး ဒါပေ့မယ် သေချာတူနိင်တာတခုတော့ ရှိရမယ် ။ တိကျတဲ့ ကိုယ်ပိုင် ဆန္ဒ တခုတော့ ကိုယ်စီကိုယ်စီ ရှိတာကိုတော့ တူကြရမယ် ။ ဘာလို့ ဒီစကားတွေ ပြောနေတာလည်းဆိုတော့ အချိန်ရဲ့ သဘောတရားကို နားလည်အောင်လို့ လမ်းကြောင်းတခုကို ဦးတည်နေတာပါ။. ဒီနေရာမှာ အချိန် ရဲ့ တန်ဖိုးလေးကို ပြောပြချင်ပါတယ်။ လူတိုင်းအတွက် အားလပ်မယ့် အချိန် ကြိုးစားလေ့လာမယ့် အချိန်မတူနိင်ပါဘူး တူစရာ လိုက်ညှိစရာလည်းမလို့ပါဘူး။ မိမိ အားလပ်မယ့် အချိန်ကို တွက်ဆပြီး ရသလောက်လေး အချိန်ကို ဖဲ့ယူပြီး ဘ၀အတွက် မိမိအတွက် ကြိုးစားဖို့ အားထည့်ဖို့ပြောချင်တာပါ။

ကျွန်တော်တို့အားလုံးကိုမိမိဘ၀ကိုတန်ဖိုးထားသလား မေးလာရင်တော့ အားလုံးသောသူတို့ရဲ့ တူညီတဲ့အဖြေတစ်ခုကတော့ မိမိဘ၀ကိုတန်ဖိုးထားကြတယ်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ အချိန်ကိုတန်ဖိုးထားကြသလားလို့ တွေးကြည့်တော့ မိမိရဲ့အချိန်တွေကို နည်းလမ်းအမျိုးမျိုးနှင့် သုံးဖြုန်းနေကြတာကိုတွေ့ရပါတယ်။ ဒါကြောင့် မိမိဘ၀ကိုတန်းဖိုးထားသူတိုင်း ၊အချိန်ကိုတန်ဖိုးထားတတ်ကြရပါမယ်။ အချိန်သည် အသက် ၊အသက်သည် အချိန်ဖြစ်နေလို့ပါပဲ။ လူတစ်ယောက်ရဲ့အသက် သုံးဆယ်ရှိပြီ လေးဆယ်ရှိပြီဆိုတာ သူတို့ရဲ့ အချိန်ကိုပြောခြင်းဖြစ်ပါတယ်။ မိမိဘ၀ကိုတန်ဖိုးထားသူတိုင်းမိမိရဲ့အချိန်ကိုတန်ဖိုးထားသင့်ပါတယ်။အချိန်နှင့်ပတ်သက်ပြီးပြောထားတဲ့
စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရပါတယ်။ တစ်ခါက ဆရာကြီးချစ်ဦးညိုက ဂျပန်နိုင်ငံရဲ့ အချမ်းသာဆုံးဆယ်ဦးထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဂျပန်လူငယ်တယောက်ကိုမေးလိုက်ပါ
တယ်။ကျွန်တော်တို့မြန်မာနိုင်ငံကြီး ဘယ်တော့များမှခင်ဗျားတို့လို ချမ်းသာတဲ့နိုင်ငံ ဖြစ်လာမလဲလို့မေး
တော့   ဂျပန်လူငယ်လေးက လက်ဘက်ရည်ဆိုင်တစ်ဆိုင်ကို ခဏအကြာကြည့်လိုက်ပြီးနောက် သူဖြေလိုက်တာကတော့ မြန်မာလူငယ်တွေ အခုလိုလက်ဘက်ရည်ဆိုင်မှာ တစ်နေကုန်တစ်နေခန်းအချိန်ဖြုန်းနေသရွေ့ ဘယ်တော့မှမချမ်းသာဘူးလို့ ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်ပါတယ်။ ဒီလိုပြောလိုက်လို့ သူတစ်ပါးကိုအပြစ်မတင်သင့်ပါဘူး မိမိကိုယ်ကိုယ်သာ သုံးသပ်ပြုပြင်သင့်ကြောင်း ပြောလိုက်ပါရစေ။

၁။သဘောထားသေးသိမ်သောသူတို့သည် သူတပါးအပြစ်ကိုမြင်တက်သည်။
၂။သဘောထားပြည့်ဝသူတို့သည် မိမိအပြစ်ကိုသာမြင်တက်သည်။
၃။သဘောထားအပြည့်ဝဆုံးသူ တို့သည် မိမိသူ့အပြစ်ကိုမှမမြင်တော့ပါ။

ဒါကြောင့် ကျွန်တော်တို့တွေဟာ မိမိရဲ့လိုအပ်ချက် ၊ မိမိရဲ့ပြင်စရာလေးတွေကို ပြင်ပြီး မိမိကိုယ်ကိုယ် သဘောထားကြီးသူတစ်ယောက်ဖြစ်အောင်တော့ ကြိုးစားသင့်ပါတယ်။နောက်တစ်ခုက ဘ၀မှာ နယ်ပယ်အသီးသီးက အောင်မြင်ကျော်ကြားသူတွေဟာ အချိန်ကိုသူများထက် တန်ဖိုးထားအသုံးချတတ်ကြလို့ သူများတွေထက် ထူးချွန်ထက်မြက်သူတွေ ဖြစ်လာကြတာပါ။ သူများတွေ အိပ်လို့ကောင်းနေတဲ့အချိန်မှာ သူတို့တစ်တွေဟာ လေ့လာမှတ်သားနေကြတာကိုတွေ့ရပါလိမ်မယ်။ နောက်ပြီး ဗုဒ္ဓဘုရားကလည်း အချိန်နှင့်ပတ်သက်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ လူတစ်ယောက်သည် အခုအချိန်မှာ "ဥစ္စာ" ၊ "ပညာ" ၊ "ကုသိုလ်"  ဒီသုံးခုထဲက တစ်ခုခုရနေသလားလို့မေးကြည့်ပါတဲ့၊ တစ်ခုခုရနေတယ်ဆိုရင်တော့ ထိုသူသည် အချိန်ကိုကောင်းစွာအသုံးချနေသူတစ်ယောက်ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ မိမိဟာ အခုအချိန်မှာ ဥစ္စာလည်းမရဘူး၊ ပညာလည်းမရဘူး၊ကုသိုလ်လည်းမရဘူး ဆိုရင်တော့ မိမိကိုယ်ကို ငါဟာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးနေသူတစ်ယောက်ပဲဆိုတာကို ပြတ်ပြတ်သားသားပြောလိုက်ပါတဲ့။
ကျွန်တော် အခုအချိန်နှင့်ပတ်သက်ပြီး ရေးထားတာကို စာဖတ်သူများအနေနှင့် ဖတ်ထား ၊ မှတ်ထား ၊ သိပြီးသားတွေဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ သိပြီးသားဖြစ်နေပေမယ့် မေ့တတ်တဲ့သဘောရှိပါတယ်။ သိတယ် ဆိုတဲ့နေရာမှာလည်း ဆရာတော်ဦးဇောတိက စာအုပ်ထဲမှာရေးထားတာလေးကို မှတ်သားဘူးပါတယ်။ " To know and not do is not yet to know " “သိပြီးတော့ မလုပ်လို့ရှိရင် မသိသေးလို့ပါတဲ့”။မသိသေးတာမှ မဟုတ်တာ ကျွန်တော်တိုက သိရဲနဲ့ လိုက်မလုပ်နိင်ကြသေးတာ။ လိုက်မလုပ်ကြတာ အချိန်ကို ဖြုန်းနေကြတာပါ.။ ကဲ့ ဒီနေရာလေးမှာ တရားတော့ ဟောလို့ ကောင်းသွားပီး ဆက်လက်ပီးတော့ ကျွန်တော့ရဲ့ အချိန်ကို ဖဲ့ယူပုံလေး နဲ့ စာဖတ်မှတ်လေ့လာပုံလေးကို ရေးချင်ပါတယ်။ တနေ့တာ လုပ်ငန်းစဉ်တခုကိုပေါ့ ။

ကျွန်တော် အချိန်ကို ဘယ်လို ဖဲ့ယူလည်းဆိုတာလေးကိုပြောပြပါ့မယ်။ဥပမာလောက်ပဲ ရေးခဲ့ပါ့မယ် ပို့စ်ရှည်သွားမှာစိုးလို့ပါ။ ကျွန်တော် အိပ်ယာက ထပြီဆိုကတည်းက သူများတွေ လို ချက်တင်ဘော့က်စ်လေးကို တန်းမဖွင့်သေးပါဘူး ( စောင်းပြောတာ ဟုတ်ဘူးနော်) ကျွန်တော် မျက်နာသစ် သွားတိုက်တဲ့ချိန်မှာ Power ဖွင့်ခဲ့တယ် ဒီကြားတည်းမှာ ကျွန်တော့ ရဲ့ Time Table ရှိပါတယ်။ အဲ့လို လေး time table နဲ့ အကျင့်ရဖို့ ကျွန်တော့် ၈ ရက်လောက် လေ့ကျင့် ခဲ့ရတာပါ.။(အများကြီးပဲ့ )… Table ထဲ့က စာကြည့်ချိန်မှာ တယောက်ယောက်က စကားလာပြောတာပဲ့ ဖြစ်ဖြစ် ကိစ္စ တခုခုကြောင့် စာကြည့်ချိန်ထဲက ၂ နာရီ ပါသွားတယ်ဆိုရင် ကျွန်တော့ အိပ်ချိန်ထဲ့က ၂ နာရီနုတ်ပြီးတော့ ပြန်လေ့လာပါတယ်။ ကျွန်တော့လိုပဲ ကိုယ်ပိုင် Time Table ကို လည်း ဆွဲထားစေချင်တယ် အအိပ်အစားမှန်ပီးတော့လည်း ကျန်းမာရေးကောင်းမှ လေ့လာရတာ ပိုပြီး အဆင်ပြေမှာပါ။ကျန်းမာရေးနဲ့ ညီညွတ်မူရှိတဲ့ Time Line လည်း ဖြစ်ရပါမယ်။ Time Table အချိန်မကျတဲ့ ချိန်တွေမှာ ကျွန်တော်ဘာလုပ်လည်း ဆက်ပြောပ့ါမယ် ။ ဘာလုပ်လည်းဆိုတာကတော့ ဒီလိုလေး အသိပေး ဟောပြောပွဲ နဲ့ Knowleadge ပိုင်းလေး စာအုပ်တွေ Video ဖိုင်တွေကို ကြည့်ပါတယ်။ မိမိတွက် ဒါလေးတွေက သိသင့်သိထိုက်တာထက် လူတယောက်တွက် General Knowleadge ကို တက်သင့်သလောက် တက်ရပါ့မယ်.။. မှတ်နိင်သလောက် မှတ်ရပါ့မယ်။
ကျွန်တော့် အဓိက ပြောချင်တာကတော့ အချိန်ကို ဖဲ့နုတ်သုံးတက်တာထက် တန်ဖိုးရှိစွာအသုံးချပေးတက်ဖို့ ပါ။ လူတိုင်း ကိုယ်ဘ၀ကိုယ် တန်ဖိုးထားပါတယ် ဒါပေ့မယ် အချိန်ကို တန်ဖိုးမထားတာက မကောင်းတဲ့ အကျင့်ဆိုတာကို သိပေမယ့် မပြင်နိင်ကြသေးတဲ့ တွက် ကျွန်တော်တို့ ဒီထက် ပိုပြီး မတိုးတက်နိင်ဘူး ဖြစ်နေတာပါ။နောက်တစ်ခုကတိကျတဲ့ရည်မှန်းချက်ပန်းတိုင်ကိုကောင်းကောင်းလက်ကိုင်မထားနိင်လို့ပါ
ဖြစ်ချင်တဲ့ ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀နဲ့ ကိုက်ညီမူ မရရှိတာတွေ ကြောင့်လည်းပါပါတယ်။ နောက်တချက်က မိမိ ကိုယ်ပိုင် Tmie Line တခုနဲ့ ကြိုးစားအားထုတ်မူ မရှိသေးလိုပါပဲ့ ။ ဒီချိန်စာကျက်မယ် ဒီချိန် ကစားမယ် ဒီချိန် နားမယ် ဆိုပီးတော့ ငယ်စဉ်ကတည်းက အလေ့အကျင့်မရှိခဲ့တာကြောင့်လည်း ပါပါတယ်။ အချိန်ရဲ့ တန်ဖိုး ကို လူတွေ မသိတာ မဟုတ်ပါဘူး သိပါတယ် မသိချင်ယောင်ဆောင်ပီး မျက်ကွယ်ပြု အပျော်ကိုပဲ့ ဦးစားပေးနေတဲ့ အတွက်ကြောင့် မိမိ မျှော်လင့်ထားတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ကို မရောက်ပဲ့ ဆန့် တငန့်ငန့် ဖြစ်နေတာပါ။အကိုအစ်မများလည်း မိမိတွက် ရည်မှန်းချက်တွက် အချိန်ကို အကြိုးရှိစွာ အသုံး ချပြီးတော့ ဘ၀ကိုရှေ့ဆက် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနိင်ကြပါစေလို့ ဆန္ဒပြု ဆုတောင်းရင်း ……. အချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်အောင် မိမိကိုယ်ကို ဆုံးမပါ နားလည်ပါ ။ဘ၀ကို ဒီတိုင်းဆက်ပြီး မမျှော်လင့်ပဲ နဲ့ ကောင်းထက် ကောင်းအောင် .. ဆက်ဆက်ပီးကောင်းအောင် ကြိုးစားသွားကြပါလိုပြောရင်း ကျွန်တော့ရဲ့ ပိုဒ် လေးကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်နော်.........

ဒီအကြောင်းအ၇ာလေးကတော့ကျွန်တော်အကြိုက်တွေ့ မိလို့ပြန်ပြီး၇ှယ်ပေးထားတာပါ....


အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ.......

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ