Welcome to my blog :)

rss

Sunday, July 24, 2011

ငလျင် ပြန်တည်ဆောက်ရေး လုပ်ငန်းများ အတွက် ဒေါ်လာ ၂၉၁ ဘီလျံ သုံးစွဲရန် လိုအပ်နိုင်ကြောင်း ဂျပန်အစိုးရ ခန့်မှန်း

AddThis Social Bookmark Button

w64306
ဇူလိုင်လ ၂၃ ရက်နေ့က ငလျင်နှင့်ဆူနာမီဒဏ် ခံခဲ့ရသော ဖူကူရှီးမား စီရင်စု၊ ဆိုမာမြို့တွင် ဆိုမာနိုမာအိုရီ ပွဲတော် ကျင်းပနေစဉ်
မတ်လ ၁၁ ရက် ငလျင်နှင့် ဆူနာမီကြောင့် ပျက်စီးခဲ့သော နေရာများတွင် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် လာမည့် ၁၀ စုနှစ်တွင် ဒေါ်လာ ၂၉၁ ဘီလျံ သုံးစွဲရန် လိုအပ်မည်ဟု ဂျပန် အစိုးရက ခန့်မှန်းကြောင်း ဂျပန်သတင်းစာများက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ အတွက် ပထမ ငါးနှစ်တွင် ဂျပန်အစိုးရက ယန်း ၁၉ ထရီလျံ သုံးစွဲသွားမည် ဖြစ်ကြောင်း ကျိုဒို သတင်းအေဂျင်စီနှင့် ယိုမီယူရီ သတင်းစာတို့က ဖော်ပြခဲ့သည်။ စီမံကိန်း လုပ်ငန်းများ အတွက် ဂျပန်အစိုးရက အသုံးစရိတ်များ လျော့ချရန် လူထု ၀န်ဆောင်မှု လုပ်ငန်းများ၏ ပိုင်ဆိုင်မှု အရပ်ရပ် ရောင်းချရန်၊ ငွေချေးစာချုပ်သစ်များ ထုတ်ရောင်းရန်၊ အခွန်မြှင့်တင်မှုများ ဆောင်ရွက်ရန် စဉ်းစားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ငလျင်ကြောင့် ပျက်စီးမှုများသည် ယန်း ၁၆ ဒသမ ၉ ထရီလျံ အထိ ရှိနိုင်ကြောင်း အစိုးရက အစောပိုင်းတွင် ခန့်မှန်းထားသည်။ ပါလီမန်က မေလတွင် ယန်း လေးထရီလျံ အပိုဘတ်ဂျက်ကို သဘောတူပေးခဲ့ပြီး ယန်း နှစ်ထရီလျံကို ဒုတိယမြောက် အပို ဘတ်ဂျက် အဖြစ် ခွင့်ပြုခဲ့ပြီ ဖြစ်သည်။ ယခုနှစ် နှောင်းပိုင်းတွင် ယန်း ၁၀ ထရီလျံ တန်ဖိုးရှိနိုင်သော အပိုဘတ်ဂျက် ပြဋ္ဌာန်းမှုကို ဆောင်ရွက်သွားမည်ဟု လေ့လာသူများက မျှော်လင့်ထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ