Welcome to my blog :)

rss

Sunday, July 17, 2011

ဆယ်စုနှစ် တစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင် ဆောင်ရွက်သွားမည့် ယာဉ်လမ်း အန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ်လှုပ်ရှားမှု မြန်မာနိုင်ငံ ပါဝင်ဆောင်ရွက်မည်

4612
မေလ ၁၀ ရက်နေ့က တာမွေမြို့နယ် ကျောက်မြောင်းမီးပွိုင့်အနီး ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်ရာမှ
ရပ်ထားသော ကားနှစ်စီးပေါ်သို့ တိမ်းမှောက်ခဲ့စဉ်
လက်ရှိ ၂၀၁၁ ခုနှစ်မှ လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း တစ်ကမ္ဘာလုံးတွင် ဆောင်ရွက်သွားမည့် ယာဉ် လမ်းအန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ်လှုပ်ရှားမှု (Decade of Action for Road Safety 2011-2020) တွင် မြန်မာနိုင်ငံမှလည်း ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတို့မှ သတင်းရရှိသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ခြိမ်းခြောက်မှုများ ရှိလာသည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တို့ ကြောင့် နှစ်စဉ်လူသန်းပေါင်းများစွာ အသက်ဆုံးရှုံး၍ လူသားအရင်းအမြစ်များ ဆုံးရှုံးနေကြရပြီး နိုင်ငံများ အတွက်လည်း ပျက်စီးထိခိုက်ဆုံးရှုံးမှု ပမာဏမှာလည်း ကြီးမားလာသည် ဟု သိရသည်။ ယင်းတွင် လူဦးရေ၊ ယာဉ်အစီးရေ များပြားလာနေသော ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း ပါဝင်နေရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ခြိမ်း ခြောက်နေမှုမှ လျော့ပါးရေးအတွက် တက်ကြွသော ဆယ်စုနှစ်လှုပ်ရှားမှု တွင်မြန်မာနိုင်ငံမှလည်း ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာ ဌာနမှ ပါမောက္ခ ဒေါက်တာသစ်လွင် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဆယ်စုနှစ်လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ရာတွင် တစ်ကမ္ဘာလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြမည့် ၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့ကို လှုပ်ရှားမှု၏ စတင်အသိပေး ကြေညာသည့်အနေဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဟု သိရသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲ ကို နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့ပြီး ယင်းမှဆက်လက်၍ ယာဉ်စီးရေ၊ လူဦးရေ ထူထပ်များပြားသော ရန်ကုန်၊ မန္တလေးမြို့ကြီးတို့တွင်လည်း အသိပညာပေး လှုပ်ရှားမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွား မည်ဟု နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဖွဲ့စည်းဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ဖွဲ့စည်းနိုင်ရန် ကြိုးစားပြင်ဆင်နေခြင်းအပြင် ယင်းသို့ မဖွဲ့စည်းနိုင်မီ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်တို့တွင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး လုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့ စေရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နိုင်ရန် အတွက် အဖွဲ့အစည်းများ၊  ကော်မတီများ ဖွဲ့စည်းဆောင်ရွက်စေခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြို့ကြီးများတွင်သာ ဆောင်ရွက်နိုင် ခဲ့ပြီး မော်တော်ဆိုင်ကယ်အသုံးပြုမှု များပြားသော၊ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့် သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုများပြားသော နယ်မြို့များတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ယင်း ကြောင့်လက်ရှိအစိုးရသစ်မှတာဝန်ယူ ပြီးနောက် ယာဉ်လမ်းအန္တရာယ် ကင်းရှင်းရေး ဆယ်စုနှစ်လှုပ်ရှားမှုမှ သည် လာမည့်ဆယ်နှစ်တာအတွင်း ထိရောက်သော အသိပညာပေးမှုများ၊  လှုပ်ရှားမှုများ ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆယ်စုနှစ် လှုပ်ရှားမှုကို စတင်မိတ်ဆက်သွားမည့် ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ