Welcome to my blog :)

rss

Monday, July 18, 2011

လွန်ခဲ့သောနှစ် ၉၀ က နောက်ဆုံး တွေ့ခဲ့ရသော အရောင်စုံဖား တစ်မျိုးကို မလေးရှားတွင် ပြန်လည်တွေ့ရှိ

AddThis Social Bookmark Button
w64203
လွန်ခဲ့သော အနှစ် ၉၀ ခန့်က မလေးရှား ဘော်နီယော တောနက်အတွင်း နောက်ဆုံး တွေ့ရှိခဲ့သော အရောင်စုံ ခြေတံသွယ် ဖားမျိုးစိတ် တစ်မျိုးကို ပြန်လည် တွေ့ရှိခဲ့ရကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် သဘာဝပတ်ဝန်းကျင် လေ့လာရေး ပညာရှင်များက ထုတ်ပြန် ကြေညာသည်။
ဘော်နီယိုသက်တံ့ဖားဟု ထင်ရှားသည့် ယင်းဖားမျိုးစိတ်ကို ၁၉၂၄ ခုနှစ်က နောက်ဆုံး တွေ့ခဲ့ဖူးပြီး ထိုစဉ်ကပင် သုံးကောင်သာ တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယခုအခါ ဘော်နီယိုကျွန်း ဆာရာဝပ်ပြည်နယ် တောအတွင်းတွင် မလေးရှား ပညာရှင်များ သွားရောက် လေ့လာခဲ့ရာမှ ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းဖားသည် ကမ္ဘာ့အလိုအရှိဆုံး ပျောက်ဆုံးနေသော ဖားမျိုးစိတ် ၁၀ မျိုးထဲတွင် ပါဝင်သည်။ မလေးရှားမှ သုတေသန ပညာရှင် အန်ဒရာနေးလ်ဒက်စ် ဦးဆောင်သော အဖွဲ့သည် တောတွင်းရှိ အပင်သုံးပင်တွင် ယင်းဖားမျိုးစိတ် သုံးကောင် ပြန်လည် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အန်ဒရာနေးလ်ဒက်စ်သည် ယမန်နှစ်ကလည်း ပဲစေ့အရွယ်သာ ရှိသော အာရှတိုက်၏ အသေးဆုံးဖားကိုလည်း တွေ့ရှိဖူးသူ ဖြစ်သည်။
ဆာရာဝပ်ပြည်နယ်သည် အင်ဒိုနီးရှားနှင့် တစ်ဝက်စီ ပိုင်ဆိုင်သော ဘောနီယိုကျွန်း မလေးရှားဘက်ခြမ်းတွင် တည်ရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ