Welcome to my blog :)

rss

Sunday, July 31, 2011

တိုင်းရင်းသားဒေသအချို့တွင် ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ အိတ်ဖွင့်စာပေးပို့

တိုင်းရင်းသားဒေသအချို့တွင် တပ်မတော်နှင့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပေါ်နေသော ပဋိပက္ခ
များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အိတ်ဖွင့်စာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။  အဆိုပါ အိတ်ဖွင့်ပေးစာကို ဇူလိုင်လ ၂၈ ရက်နေ့ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကာ ပဋိပက္ခများနှင့် ပြဿနာများကို နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးညှိနှိုင်းခြင်းဖြင့်
တည်ဆောက်ရမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းထားပါသည်။

အိတ်ဖွင့်ပေးစာကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည်တပ်မတော် (SSA) တို့သို့ လိပ်မူပြီး ရေးသားထားခြင်း ဖြစ်ပါသည်။

ပေးပို့စာ၌ "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးစုများနှင့်ပေါင်းစပ် ဖွဲ့စည်းထားသော နိုင်ငံဖြစ်ကြောင်း၊ ယင်း တိုင်းရင်းသားများ အားလုံးသည်
နှစ်ပရိစ္ဆေဒများစွာကပင် တစ်မြေတည်းနေ တစ်ရေတည်းသောက် အတူနေထိုင်ခဲ့ကြသော ညီအစ်ကို မောင်နှမများ ဖြစ်ကြောင်း၊ ထို့ကြောင့်  တိုင်းရင်းသား  လူမျိုးစု အားလုံး
ချစ်ကြည်ရင်းနှီး သွေးစည်း ညီညွတ်ရေးသည် အလွန်အရေးကြီးကြောင်း" စသဖြင့် အစချီရေးသားခဲ့ပြီး၊ "ယခုအခါ ကချင်၊ ရှမ်း၊ ကရင်နှင့် မွန်စသည့် ပြည်နယ်များတွင်
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပဋိပက္ခများ ဖြစ်ပွားလျက် ရှိကြောင်း ကြားသိနေရပါသည်။ ယင်း ပဋိပက္ခများကြောင့် သေကြေဆုံးရှုံး
ပျက်စီးမှုများ ၀မ်းနည်းဖွယ်ရာ ဖြစ်ပွားလျက်ရှိသည့် အပြင် တန်ဖိုကြီးမားသည့် နိုင်ငံပိုင် အဆောက်အဦများ၊ စီမံကိန်းလုပ်ငန်းများ၊ ယိုယွင်းပျက်စီးမှုများ ကြုံတွေ့နေရပါသည်။
ဒေသခံ တိုင်းရင်းသား ပြည်သူများလည်း အတိဒုက္ခများစွာ ရောက်နေကြသည့် အပြင် အိမ်နီးချင်းနိုင်ငံများကိုပါ ကူးစက်ပျံ့နှံ့မည့် အန္တရာယ်ရှိနေပါသည်" ဟု ဆက်လက်ဖော်ပြခဲ့ပါသည်။

ထို့နောက် ယင်းပဋိပက္ခများနှင့် ပြဿနာများကို အင်အားသုံး၍ ဖြေရှင်းကြမည်ဆိုလျှင် နှစ်ဦးနှစ်ဖက် အကျိုးဆုတ်ယုတ်မှုများသာ ဖြစ်ပေါ်မည်ဖြစ်ကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကို စစ်ရေးနည်းဖြင့် တည်ဆောက်၍ မရနိုင်ပါကြောင်း၊ နိုင်ငံရေးနည်းလမ်း ဖြစ်သော ဆွေနွေးညှိနှိုင်း ဖြေရှင်းခြင်းဖြင့်သာ တည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ ညှိနှိုင်းဖြေရှင်း ကြမှသာလျှင် ပြည်ထောင်စုကြီး
အနာဂတ်ကို အာမခံနိုင်မည့် စစ်မှန်သော တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို ရရှိမည်ဖြစ်ကြောင်း၊ စစ်မှန်သော ငြိမ်းချမ်းပြေလည်မှု မရရှိလျှင် ပြည်တွင်းစစ်မီး ဟူသည် ကျယ်ပြန့်သွားနိုင်သည့် အန္တရာယ်ရှိတတ်ကြောင်း ဆက်လက်ရေးသားထားပါသည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုသား အချင်းချင်း အကြား ဖြစ်ပေါ်နေသော ပြဿနာများကို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်
ယုံကြည်လေးစားမှုတို့ဖြင့် ဖြေရှင်းကြမည်ဆိုလျှင် ပြေလည်မှုရရှိကြပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းတည်ငြိမ်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းတည်ငြိမ်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့ပါသည်။
ထိုသို့ရေးသားခဲ့ပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်
အတွင်း မှီတင်းနေထိုင်နေကြသော တိုင်းရင်းသားလူမျိုးအားလုံး၏  အကျိုးစီးပွားများကို ရှေးရှု၍ ယခုဖြစ်ပွားနေသော ပဋိပက္ခများကို
ငြိမ်းချမ်းစွာ ဖြေရှင်းကြပါရန်နှင့် အမြန်ဆုံး အပစ်အခတ် ရပ်စဲကြပါရန် လေးနက်စွာ ပန်ကြားအပ်ကြောင်း ရေးသားခဲ့ပြီး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို
ပံ့ပိုးရန်အတွက် မိမိအနေဖြင့် ကိုယ်စွမ်းရှိသမျှ ပါဝင်ကြိုးပမ်းပေးရန် အသင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး အိတ်ဖွင့်ပေးစာကို
အဆုံးသတ်ထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ တရားဝင်လမ်းကြောင်းမှ ပေးပို့ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိသော ပုဂ္ဂိုလ်များကို
ဆက်သွယ်ရန်လမ်းကြောင်း မရှိသည့်အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးမှတစ်ဆင့် ထုတ်ပြန်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ
ဦးအုန်းကြိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ