Welcome to my blog :)

rss

Monday, July 18, 2011

နိုင်ငံခြားဘာသာ တက္ကသိုလ်၌ မြန်မာစာ သင်ယူနေသော ပြည်ပနိုင်ငံသားများ ကျောင်းသားဗီဇာဖြင့် နေထိုင်ကာ စီးပွားရေး အကျိုးအမြတ် ရှာသည်ကို တွေ့ရပါက စိစစ်သွားမည်ဟု သိရ

ကုန်သွယ် စီးပွားရေးနယ်ပယ်တွင် အကျိုးအမြတ် ရှာဖွေနေသည်ကို တွေ့ရပါက ကျောင်းဆက်တက်ခွင့် အားရပ်ဆိုင်းကာ စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားဘာသာ တက္ကသိုလ်မှ နိုင်ငံခြားသား ရေးရာများနှင့်ပတ်သက်၍ စိစစ်နေသော တက္ကသိုလ်ဆရာတစ်ဦးက ပြောပြခဲ့သည်။
“နိုင်ငံခြားသား တက္ကသိုလ် ကျောင်းသားတွေထဲမှာမှ တချို့က ကျောင်းသားဗီဇာကိုဗန်းပြပြီး ကုန်သွယ်ရေး အလုပ်တွေမှာ ၀င်ရောက် လုပ်ကိုင်တာတွေ ရှိနေတယ်ဆိုရင်စိစစ် သွားမယ်”ဟု နိုင်ငံခြားသားတက္ကသိုလ် ကျောင်းသားရေးရာ ကိုင်တွယ်စိစစ်နေသူ ဆရာကြီးက ပြောပြခဲ့သည်။
မြန်မာနိုင်ငံ၌ ၁၉၉၆ ပညာသင်နှစ် ၀န်းကျင်မှစတင်ကာ နိုင်ငံခြားဘာသာ တက္ကသိုလ်အား တည်ထောင်ခဲ့ပြီး ထိုအချိန်မှပင် မြန်မာစာဌာန၌ နိုင်ငံခြားသားများ ၀င်ရောက် ကာ မြန်မာစာ သင်ကြားခဲ့ကြသည်။
ယခုကဲ့သို့ နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ မြန်မာစာဌာနတွင် လာရောက် ပညာသင်ယူနေသူ ပြည်ပ နိုင်ငံသားဦးရေမှာ နှစ်စဉ် ၂၀ နှင့်  ၃၀ ၀န်းကျင်ရှိပြီး တရုတ်နိုင်ငံသားမှာ အများဆုံးဖြစ်ကာ အခြား ကျောင်းသားများမှာ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ဖြစ်ကြသည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်ရှိ မြန်မာစာဌာနတွင် လာရောက် ပညာသင်ယူနေသူ ပြည်ပနိုင်ငံသားဦးရေမှာ နှစ်စဉ် ၂၀ နှင့် ၃၀ ၀န်းကျင်ရှိပြီး တရုတ်နိုင်ငံသားမှာ အများဆုံးဖြစ်ကာ အခြား ကျောင်းသားများမှာ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား နိုင်ငံတို့မှဖြစ် . . .
“မန္တလေးဘက်မှာသာမက အခု ရန်ကုန်မှာလည်း ယူနန်ဘက်က တရုတ်လူမျိုးတွေ တော်တော်များများ ပညာသင်လာကြတယ်။ တရုတ်လူမျိုးတွေထဲမှာမှ ဂျီတူဂျီမြန်မာ အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ တက်ကြတာတွေ ရှိတယ်။ ကိုယ့်ဘာသာ ၀ါသနာပါလို့၊ သူတို့နိုင်ငံမှာ မြန်မာ့အရေးနဲ့ ဆက်နွှယ်တာလုပ်ဖို့ ကိုယ့် စရိတ်နဲ့ကိုယ် တက်ကြတာချမ်းသာတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ ကိုရီးယား သမ္မတနိုင်ငံစတဲ့ ချမ်းသာတဲ့ နိုင်ငံ တွေကများတယ်”ဟု နိုင်ငံခြားသား တက္ကသိုလ် ကျောင်းသားရေးရာ အတွေ့အကြုံရှိဆရာကြီးက ပြောပြ ခဲ့သည်။
ထို့ပြင် စာသင်နှစ်အတွင်း ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီရန် ကျောင်းသားများအား စိစစ်လျက်ရှိနေပြီး ကျောင်းခေါ်ချိန် ပြည့်မီမှု မရှိသူများကို ဆက်လက်တက် ရောက်ခွင့် မပေးကြောင်းနှင့် ကျောင်းမှ ထုတ်ပယ်သည်အထိ အရေးယူခြင်းများလည်း ရှိကြောင်း ရန်ကုန် နိုင်ငံခြား ဘာသာတက္ကသိုလ်၌ တက်ရောက်နေသော ဂျပန်ဘာသာသင်တန်းမှ ဒုတိယနှစ်ကျောင်းသူက ပြောပြခဲ့သည်။
ထို့ပြင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်တွင်လည်း တရုတ်နိုင်ငံ ယူနန်ဘက်မှ တရုတ်လူမျိုး အများစု ပညာသင်လျက်ရှိနေပြီး ကျောင်းပြီးသွားသူများမှာ မြန်မာ-တရုတ် နယ်စပ်ဘက်တွင် ကုန်သွယ်ရေး လုပ်ငန်းများလုပ်ဆောင်ခြင်း၊တရုတ်စာအား မြန်မာဘက်တွင် ပြန်လည် သင်ကြားခြင်းများ ပြုလုပ်လျက်ရှိကြောင်း မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာပြီးထားသူ မန္တလေးမှဒေသခံ ကိုဇော်မင်းထွန်းက ပြောပြခဲ့ပါသည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်များ၌ မြန်မာစာအားအခြေခံ၊ အဆင့်မြင့်နှင့် ဘွဲ့ရသည်အထိ နိုင်ငံခြားသားများအား အများစု သင်ကြားပေးခြင်းဖြစ်ပြီး အများစုမှာ လက်မှတ်ရ သင်တန်းများကိုသာ တက်ရောက်လေ့ ရှိကြသည်ဟု သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ