Welcome to my blog :)

rss

Sunday, July 24, 2011

ဘာလီကျွန်းတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲသို့ အိုဘားမား တက်ရောက်မည်

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ကျင်းပမည့် အရှေ့အာရှ ၁၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲ (EAS) သို့ အမေရိကန်သမ္မတ အိုဘားမား တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတ အိုဘားမား အနေဖြင့် EAS ထိပ်သီးဆွေးနွေးပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်မည် ဖြစ်ပြီး ယင်းခရီးစဉ် အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ကြိုတင် ပြုလုပ်ရန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် သည် ဇူလိုင် လကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်းလည်း သိရသည်။
တရုတ်၊ ရုရှားနိုင်ငံတို့ ပါဝင်မည့် EAS ဆွေးနွေးပွဲသို့ သမ္မတ အိုဘားမားက တက်ရောက်ရန် ရည်ရွယ်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာဆီရယ်က အကြောင်းကြားခဲ့သည်ဟု ဘာလီကျွန်း ဒေသဆိုင်ရာ အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလအတွင်း အိုဘားမား၏ အင်ဒိုနီးရှား ခရီးစဉ်သည် သမ္မတ သက်တမ်းအတွင်း ဒုတိယမြောက် ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ အတွင်းက ပထမအကြိမ် သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ ယခု ပြုလုပ်မည့် ထိပ်သီး ဆွေးနွေးပွဲသို့ တရုတ်သမ္မတ ဟူကျင်တောင်လည်း တက်ရောက်ဖွယ် ရှိသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ