Welcome to my blog :)

rss

Sunday, July 24, 2011

ဗီယက်နမ်ရဲများ၏ ရိုက်နှက်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး

ဆိုင်ကယ်စီးဦးထုပ်ကိစ္စ အငြင်းပွားရာမှ အသက် ၅၃ နှစ် အရွယ် အမျိုးသားတစ်ဦးကို ဗီယက်နမ်ရဲများက ရိုက်နှက်ခဲ့ရာ ရှစ်ရက်အကြာတွင် သေဆုံးသွားခဲ့ပြီး ဗီယက်နမ် ရဲများ၏ အလွဲသုံးစား ဆောင်ရွက်ချက်များကို
ပေါ်လွင်စေခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ထရင်ဟွမ်ထန်သည် လည်ပင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိသားစုက ပြောကြားခဲ့သည်။ အသေးစား ပြစ်မှုများသည် ဆိုးရွားသော အကျိုးဆက်များ ရှိနေကြောင်း ဗီယက်နမ်တွင် ရဲများသည်
အကြမ်းဖက်သည့် နည်းလမ်းများ အသုံးပြုနေကြောင်း ယခု ဖြစ်ရပ်က ထင်ရှားစေခဲ့သည်ဟု အမေရိကန် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ပြောကြားခဲ့သည်။
ယမန်နှစ်က ရဲတပ်ဖွဲ့၏ ရက်စက်စွာ ကိုင်တွယ်မှု ၁၉ မှု ဖြစ်ပွားခဲ့ရာ ၁၅ ဦး သေဆုံးခဲ့ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ ထရင်သည် ဟနွိုင်းဘူတာတစ်ခုသို့ ဆိုင်ကယ်တက္ကစီစီး၍ သွားခဲ့ကြောင်း မိုဘိုင်းဖုန်းဆက်ရန် အတွက် ဆိုင်ကယ်စီး ဦးထုပ်ကို ချွတ်ခဲ့ကြောင်း အသက် ၂၁ နှစ်အရွယ် သမီးဖြစ်သူ ထရင်ကင်ထရန်က ပြောကြားခဲ့သည်။ ဗီယက်နမ်တွင် ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးခွင့် မရှိဘဲ ရဲတပ်ဖွဲ့က ယာဉ်ကိုသိမ်းယူပြီး ဆိုင်ကယ် မောင်းနှင်သူကို ၇ ဒသမ ၁၄ ဒေါ်လာထိ ဒဏ်ရိုက်နိုင်သည်။
သို့သော်လည်း ဆိုင်ကယ် မောင်းနှင်သူက ဒဏ်ငွေပေးဆောင်ရန် ငြင်းဆိုခဲ့ပြီး စကားများခဲ့ကြောင်း ဖခင်ဖြစ်သူ ထရင်က ဖြန်ဖြေရန် ကြိုးပမ်းခဲ့ကြောင်း ထိုနောက် ရဲက ဖခင်ဖြစ်သူကို တိုက်ခိုက်ခဲ့ကြောင်း သမီးဖြစ်သူက
ပြောကြားခဲ့သည်။
ငှက်ရောင်းသည့် အလုပ်ကိုလုပ်သော ဖခင်ဖြစ်သူ ထရင်သည် မည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပြဿနာ ဖြစ်လေ့ မရှိကြောင်း၊သို့ရာတွင် လည်ပင်းကိုရိုက်ခဲ့ပြီး ရဲစခန်းသို့ ခေါ်သွားခဲ့ကြောင်း၊ ရဲစခန်းတွင် ခြေထောက်ကို
ကြိုးတုတ်ထားခဲ့သည်ကို  တွေ့ခဲ့ရကြောင်း၊ ဖခင်ဖြစ်သူမှာ မလှုပ်မရှားနိုင် ဖြစ်ခဲ့သောကြောင့် ဆေးရုံခေါ်သွားရန် တောင်းဆိုခဲ့သော်လည်း  ရဲက တောင်းဆိုမှုကို ငြင်းဆန်ခဲ့ကြောင်း၊ ဟန်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က
ပြောကြားခဲ့ကြောင်း သမီးဖြစ်သူက ပြောကြားခဲ့သည်။
ဗီယက်နမ်တွင် ၂၀၁၀ ပြည့်နှစ် အတွင်း ထိန်းသိမ်းခံထားရစဉ် သေဆုံးမှု ကိုးကြိမ် ဖြစ်ပွားခဲ့ကြောင်း ၂၀၀၉ ခုနှစ်တွင် ထိုကဲ့သို့ မရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။ သေဆုံးမှု
အားလုံးနီးပါးသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ