Welcome to my blog :)

rss

Sunday, July 31, 2011

ဒီလူတွေ၊ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား?? ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ကမ္ဘာကို ဘယ်လိုရင်ဘောင်တန်းမလဲ


အိုမန်အသင်းနှင့် ပွဲစဉ်တွင် ပထမပိုင်း ပြီးခါနီး၌ ကွင်းအတွင်းသို့ ထီး၊ ဖိနပ်၊ ခဲ၊ ရေသန့်ဗူး၊ ရေထုပ်၊ ထမင်းထုပ်၊ ကွမ်းတံတွေးဗူး၊ ကွမ်းတံတွေးထုပ် စသဖြင့် အရာဝတ္ထု မြောက်မြားစွာဖြင့် ပစ်ပေါက်မှုများ ဖြစ်ပေါ်ခဲ့ကာ ပွဲထိန်းနိုင်ခြင်း မရှိဘဲ ပွဲရပ်နားခဲ့ရ ပြီးနောက် ဖီဖာ၏ စည်းမျဉ်းစည်းကမ်း များအရ အရေးယူ ခံရဖွယ် ရှိနေကြောင်း သိရသည်။

ဗိုလ်ချုပ်ပြောသည့် ဘောလုံးမနိုင်ရင် လူချမယ် ဆိုတဲ့ ဒီမိုကရေစီ မြန်မာပရိတ်သက်


အိုမန်အသင်းက ၂ဂိုးပြတ် အနိုင်ရခဲ့ချိန်တွင် ကွင်းအတွင်း လေးဘက်လေးတန် ပြည့်ကျပ်စွာ ရောက်ရှိနေကြသည့် ၄သောင်းကျော် ၅သောင်းခန့် ပမာဏရှိ ပရိသတ်များထဲမှ ဆိုးသွမ်း ပရိသတ် အချို့က ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က အခြေအနေအား ထိန်းသိမ်းနိုင်ရန် ခေတ္တရပ်နားခဲ့ရပြီး ၁၀မိနစ်ခန့် အကြာတွင် ပွဲအား ပြန်လည် စတင်စေခဲ့သည်။ သို့သော် ပွဲပြန်လည် စတင်ချိန်တွင် အိုမန် အသင်း ဂိုးသမားနှင့် အရှေ့တန်း ဘက်မှ စည်းကြပ်ဒိုင် တို့အား ခဲများဖြင့် ပစ်ပေါက် ခဲ့ကြပြန်ရာ ပွဲအား တစ်ဖန် ရပ်နားခဲ့ရပြန်သည်။ ထို့နောက်တွင် ပွဲအား ပြန်လည် စတင်နိုင်ရန် အတွက် ပရိသတ်အား ထိန်းသိမ်းနိုင်ရန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ကွင်း လေးဘက်လေးတန် လိုက်လံ တောင်းပန်ခဲ့သည်။ တပြိုင်တည်းတွင် ပရိသတ်များ ကွင်းအတွင်းသို့ အရာဝတ္ထုများဖြင့် ပစ်ပေါက်နေမည် ဆိုပါက ပွဲရပ်နားခံရဖွယ် ရှိကြောင်း တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် ဆက်တိုက် သတိပေး မေတ္တာရပ်ခံ ခဲ့ကြသည်။ သို့သော် ကွင်း လေးဘက်လေးတန် ပရိသတ်များအား လိုက်လံ တောင်းပန် မေတ္တာရပ်ခံသည့် ဦးဇော်ဇော်နှင့် အဖွဲ့အား အရာဝတ္ထုများဖြင့် ပစ်ပေါက်သူ အချို့ ရှိခဲ့ပြန်သည်။

ခေါင်းတွင် ဒဏ်ရာ ရရှိသွားခဲ့သည့် အိုမန်အသင်း နည်းပြအဖွဲ့ဝင် တစ်ဦး

ထိုအချိန်တွင် အိုမန်အသင်း အရန်ခုံတန်း ရှိရာသို့ မာကျောသည့် အရာဝတ္ထု တစ်ခုဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကာ အိုမန်အသင်း နည်းပြအဖွဲ့ဝင် တစ်ဦး ဦးခေါင်း နောက်စေ့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အရန် ကစားသမားများနှင့် နည်းပြတစ်ဖွဲ့လုံး ကွင်းလယ်သို့ ၀င်ရောက် နေခဲ့ရသည်။ တစ်ချိန်တည်းတွင် ပွဲအား ဆက်လက် ကစားခွင့် ရရန်အတွက် တာဝန်ရှိသူများ အားလုံးက ကြိုးပမ်းခဲ့ကြ သော်လည်း ပရိသတ်၏ အနေအထားမှ ထိန်းနိုင်ဖွယ် မရှိ ဖြစ်နေခဲ့ရာ ကစားသမား များနှင့် နည်းပြများအား ကွင်းအပြင်သို့ ထွက်ခွာ စေခဲ့သည်။

ကွင်း လေးဘက်လေးတန် လိုက်လံ မေတ္တာရပ်ခံ တောင်းပန်ခဲ့ကြသည့် ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ

ထို့နောက်တွင် ပွဲစဉ်အား လာရောက် ကြီးကြပ်သူနှင့် ဒိုင်လူကြီးများ၊ နှစ်ဘက်အသင်း တာဝန်ရှိသူများ၊ လုံခြုံရေး တာဝန်ရှိသူများနှင့် ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။ ပွဲအား ဆက်လက် ကစားဖွယ် မရှိတော့သည့် အနေအထားတွင် ပရိသတ် တစ်ဝက်ကျော်ခန့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ကြ သော်လည်း ပရိသတ် အတော်များများ ကွင်းအတွင်းတွင် ဆက်လက် ရှိနေခဲ့ကြရာ ရပ်နားထားချိန် တစ်နာရီမှ နှစ်နာရီ နီးပါးအထိ ရှိခဲ့၍ နောက်ဆုံး၌ မတတ်သာ၍ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ယခုပွဲစဉ်တွင် သုဝဏ္ဏကွင်း အတွင်း ဆိုးသွမ်း ပရိသတ်များကြောင့် ပျက်ဆီးမှု အချို့လည်း ရှိခဲ့ပြီး ယခုဖြစ်ရပ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင် သည်ဟုလည်း တာဝန်ရှိသူများ အဆိုအရ သိရှိရသည်။ ပြိုင်ပွဲ ပြီးဆုံး၍ ပရိသတ်များ တဖြေးဖြေး ထွက်ခွာ စေခဲ့ပြီး ည ၇နာရီခန့် အချိန်တွင်မှ အိုမန်အသင်း၊ ဒိုင်လူကြီးများ၊ မြန်မာဘောလုံး အသင်းတို့အား လုံခြုံရေး အထူးကျပ်မတ်ကာ သက်ဆိုင်ရာ ဟိုတယ်များ ဆီသို့ ပြန်လည် ထွက်ခွာစေခဲ့ရသည်။

တာဝန် ရှိသူများက အကြိမ်ကြိမ် မေတ္တာရပ်ခံ တောင်းပန်ခဲ့ကြ သည့်တိုင် ဆိုးသွမ်း ပရိသတ်များက ကွင်းအတွင်းသို့ အရာဝတ္ထု မြောက်မြားစွာဖြင့် မရပ်မနား ပစ်ပေါက်ခဲ့ရာ ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါဆူး ကဲ့သို့ အရာများပင် ပါဝင်ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယခုပွဲစဉ်အား လာရောက် ကြီးကြပ်သူနှင့် ဒိုင်လူကြီးများက ပွဲအား ရပ်နားရန် လိုလားခဲ့ကြ သော်လည်း တာဝန် ရှိသူများက အကြိမ်ကြိမ် တောင်းပန်ကာ ဖျက်သိမ်းရသည့် အနေအထားသို့ မရောက်ရှိရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဆိုးသွမ်း ပရိသတ်များ သောင်းကြန်းမှုမှာ ရပ်တန့်သွားခြင်း မရှိခဲ့ရာ ညနေ ၆နာရီခန့်တွင် ပွဲအား ရပ်နားလိုက်ရပြီ ဖြစ်ကြောင်း၊ နောက်ထပ် ပွဲစဉ်များ ထပ်မံ ကစားရရန်ပင် မသေချာ တော့ကြောင်း ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မိုက်ခရိုဖုန်းဖြင့် အသိပေး ကြေညာသွားခဲ့သည်။ ထို့အတူ အပြစ်တင်မည် ဆိုပါကလည်း ၎င်းကိုသာ အပြစ်တင်ကြ ပါတော့ဟုလည်း ထည့်သွင်း ပြောကြား သွားခဲ့သည်။
ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်ရဲ့လား?? ဒီလူတွေ ဒီစိတ်ဓာတ်တွေနဲ့ ကမ္ဘာကို ဘယ်လိုရင်ဘောင်တန်းမလဲ

ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ မည်ကဲ့သို့ အရေးယူခံရမည် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပွဲအစီရင်ခံ စာပေါ် မူတည်လျှက် ရှိနေသည်။ ထိုဖြစ်ရပ်ကြောင့် မြန်မာ ဘောလုံးအသင်းများ အနေဖြင့် နောက်နောင်တွင် အိမ်ကွင်း ပွဲစဉ်များ လက်ခံ ကျင်းပခွင့် ဆုံးရှုံး ရနိုင်ဖွယ် ရှိပြီး ဘောလုံး အဖွဲ့ချုပ်က ကြိုးပမ်းလျှက် ရှိသည့် AFC Cup ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ကိုလည်း သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သိရသည်။ အာရှ ဘောလုံး အဖွဲ့ချုပ် AFC သည် မြန်မာ ကလပ်များအား AFC Cup ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ပြုရန် ၉၀% သေချာလျှက် ရှိနေပြီး သြဂုတ်လဆန်းပိုင်းတွင် မြန်မာ နေရှင်နယ်လိဂ် ကလပ်များ၏ အိမ်ကွင်းများအား လာရောက် စစ်ဆေးရန် စီစဉ်ထားပြီး ဖြစ်သည်။
"မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ" ဟု အဆိုပါပွဲစဉ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့သည်။

ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘော ပေးလိုက်ရချိန် နောက်ပိုင်းတွင် ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူပူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်းအတွင်းသို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်သတင်းပေးပို့သည်။
"ရေသန့်ဘူးနဲ့ ပစ်ပေါက်ရုံလောက်ဆိုရင်တော့ ပွဲပြန်စလို့ ရနိုင်ပေမဲ့ ဒိုင်လူကြီးတွေ၊ နည်းပြတွေကိုပါ ထိခိုက်လာတာကြောင့် ပွဲပြန်စဖို့အတွက် ခက်ခဲနေပါတယ်" ဟု ဦးဇော်ဇော်က ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပြောကြားသည်။
နောက်ဆုံးရရှိသော သတင်းများအရ ပရိသတ်အချို့မှာ ကွင်းအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ပွဲပြန်စရန်အတွက်မူ အခက်အခဲများ ရှိနေသေးကြောင်း သိရှိရသည်။


လူများမျာစုပြီးရင် ထင်ရာမြင်ရာအော်၊ စည်းမရှိကမ်းမရှိ အုတ်အော်သောင်းကျန်းလုပ်တတ်သည့် ကမ္ဘာ့အလည် အရှက်ရဖွယ် အဆင့်တန်းမရှိ မြန်မာလူမျိုးပရိတ်သက်များကို တောင်းပန်နေသည့် မြန်မာဘော်လုံးအဖွဲ့ချုပ်ဥက္ကဌ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ