Welcome to my blog :)

rss

Tuesday, July 19, 2011

အမေရိကန် ရေတပ်သင်္ဘော သုံးစင်း ဗီယက်နမ်သို့ ရောက်ရှိ

w64230
အမေရိကန်ရေတပ်သင်္ဘော USS Chung Hoon ဒါနန်မြို့လယ်ရှိ တီယင်ဆာ ဆိပ်ကမ်း၌ ကျောက်ချထားစဉ်

w64231
အမေရိကန် ရေတပ်ဗိုလ်ချုပ် တွမ်ကာနေးက ဗီယက်နမ် စစ်ဘက် အရာရှိများကို နှုတ်ဆက်နေစဉ်
အမေရိကန် ရေတပ် သင်္ဘော သုံးစင်းသည် ဗီယက်နမ် စစ်ဘက်နှင့် ချိတ်ဆက် စီစဉ်ထားသည့် အတိုင်း ဇူလိုင်လ ၁၅ ရက်တွင် ဗီယက်နမ် နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။
တောင်တရုတ်ပင်လယ်ရှိ ကျွန်းစုများနှင့် ပတ်သက်၍ တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အကြား အငြင်းပွားပြီး တင်းမာမှု မြင့်တက်နေစဉ် အမေရိကန် ရေတပ်သင်္ဘောများက ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သင်္ဘောသားများသည် သီတင်းပတ် တစ်ပတ်ခန့် နေထိုင်မည် ဖြစ်ပြီး ရေယာဉ် ပြုပြင် ထိန်းသိမ်းရေး၊ ဆေးဘက်နှင့် အရပ်ဘက် အစီအစဉ်များ အတွက် လုပ်ဆောင်မည် ဖြစ်ကာ တိုက်ခိုက်ရေး အတွက် လေ့ကျင့်မှု ပါဝင်မည် မဟုတ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ ဆိပ်ကမ်းသို့ လာရောက်မှုသည် ကြိုတင် ပြုလုပ်ထားသည့် အစီအစဉ် ဖြစ်ကြောင်း ဗီယက်နမ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ရေပိုင်နက်များတွင် အမေရိကန်က စစ်ရေး လေ့ကျင့်ရန် ပြင်ဆင်ထားမှုကို တရုတ်စစ်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ တောင်တရုတ် ပင်လယ်ရှိ ကျွန်းစုများကို ပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂက ကြားဝင် စေ့စပ်ပေးရန် ဖိလစ်ပိုင်နိုင်ငံ၏ အဆိုပြုမှုအား တရုတ်နိုင်ငံက လက်မခံကြောင်း၊ နိုင်ငံအချင်းချင်း စေ့စပ် ဆွေးနွေး၍ ဖြေရှင်းသင့်ကြောင်း တရုတ်နိုင်ငံက ၎င်း၏ရပ်တည်မှုကို ကြေညာခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ