Welcome to my blog :)

rss

Sunday, July 31, 2011

ခရီးသွားလုပ်ငန်း တိုးတက်မှု၏ အဓိက အဟန့်အတားမှာ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်မှုဖြစ်နေ

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွင် တိုးတက်ဖွံ့ဖြိုးမှုကို အဓိက အဟန့်အတား ဖြစ်စေသည် မှာ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်ခြင်းဖြစ်နေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၏
ပြောကြားချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားများ ၀င်ရောက်မှုသည် နှစ်နှစ် ၀န်းကျင် ကျဆင်းခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တိုးတက်သော အနေအထားသို့ ဦးတည်လာခဲ့သည်ဟု သိရှိရသည်။       
၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် မူပိုမိုတိုးတက်သော အနေအထားများ ကို ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ကြုံတွေ့လာခဲ့ရပြီး ၂၀၁၁ ခုနှစ်၌လည်း တိုးတက်မှုရှိနေကာ ယခုထက် ပို၍ဖွံ့ဖြိုးလာရန်မှာမူ အဟန့်အတား
အချို့ရှိနေသည်ဟု ဆိုကြပါသည်။
“အဓိက အဟန့်အတားကတော့ ငွေကြေးလဲလှယ်နှုန်း မတည်ငြိမ်တာပါပဲ။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကိုကျပ် ၁၀၀၀ လောက်တုန်းက ခရီးသွား ကားငှားခက ကျပ် ၁၀ သိန်း ရှင်းရတယ်ဆိုပါစို့။ ကားခ ၁၀
သိန်းကျတာကို ရှင်းဖို့ ဒေါ်လာ ၈၀၀ လောက်လဲရတယ်။ အခုက တော့ ဒေါ်လာ ၁၀၀၀ လဲမှ ငွေရှစ် သိန်း လောက်ရတာ။ ဧည့်သည်ဘက် မှာစရိတ်က ၂၀ ရာခိုင်နှုန်းလောက် ပိုနေတယ်”ဟု ခရီးသွားလုပ်ငန်းရှင် တစ်ဦးက
ပြောကြားသည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားဧည့်သည်များအား ခရီးစဉ်များ ကို အနည်းဆုံး ခြောက်လ၀န်းကျင် ကြိုတင်ရောင်းချခြင်းဖြစ်၍ သတ်မှတ် ရောင်းချပြီးသား ဈေးနှုန်းများကို အပြောင်းအလဲလုပ်ရန် ခက်ခဲကြောင်း၊ စတင် ရောင်းချစဉ်အချိန်က ငွေလဲနှုန်းနှင့် ခရီးသွားလာရောက်မည့် အချိန်ငွေလဲနှုန်း ကွာခြားနေပါက  .  .  .
မြန်မာနိုင်ငံ၏ ခရီးသွားဒေသများတွင် ကားငှားခများ မြင့်တက် လာခြင်း၊ ဟိုတယ်အခန်းခများ မြင့် တက်လာခြင်း၊ စားသောက်စရိတ်များ မြင့်တက်လာခြင်း စသည်တို့ကြောင့် ခရီးစဉ်ဈေးနှုန်းများသည် ယခင်နှင့်
ခန့်မှန်းခြေ ၅၀ ရာခိုင်နှုန်းဝန်းကျင် ကွာခြားမှု ရှိလာခဲ့သည်ဟု ခရီးသွား လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။
“လာမယ့် ရာသီအတွက် ခရီးစဉ်စရိတ်နှုန်းထားတွေ ပေးတော့ ဈေး အပြောင်းအလဲ ရှိလာတယ်။ ဒီမှာကလည်း ဈေးမတင်လို့ မရဘူး။ ဟိုတယ်ကို ၂၀ ရာခိုင်နှုန်းလောက် ပိုရှင်းရတယ်။ စားသောက်ဆိုင်မှာ ပိုရှင်းရတယ်။
အစစ ဈေးတက်တယ်။ ဒီတော့ ခရီးစဉ်စရိတ်လည်း ဈေးတင်တဲ့အခါ တစ်ဖက်က ဘာပြောသလဲဆိုတော့ မင်းတို့ဆီမှာ တခြားနိုင်ငံတွေထက် ဈေးများနေတယ်ပေါ့။  cancel လုပ်လိုက်ပါ၊ ဈေးငြိမ် မှပဲ လာတော့မယ် ဆိုတာတွေ ရှိလာတယ်”ဟု ရန်ကုန်မြို့မှ ခရီးသွား လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားဧည့်သည်များအား ခရီးစဉ်များကို အနည်းဆုံး ခြောက်လ၀န်းကျင် ကြိုတင်ရောင်းချခြင်းဖြစ်၍ သတ်မှတ်ရောင်းချပြီးသား ဈေးနှုန်းများကို အပြောင်းအလဲလုပ်ရန် ခက်ခဲကြောင်း၊
စတင်ရောင်းချစဉ် အချိန်က ငွေလဲနှုန်းနှင့် ခရီးသွားလာရောက်မည့် အချိန်ငွေလဲနှုန်း ကွာခြားနေပါက လုပ်ငန်းရှင်များဘက်တွင် အရှုံးပေါ်မှုများလည်း ရှိနေကြောင်း သိရှိရသည်။
“ခရီးစဉ်ဈေးနှုန်းတွေက တိုး တောင်းလို့ မရဘူး။ တောင်းမယ်ဆို ရင် ပြဿနာရှိပါတယ်။ ဟိုတယ် တွေက အခန်းခကို ခြောက်လ၊ ခုနစ် လကြိုတောင်းရင် ဟိုဘက်ကိုတော့ ကြိုတောင်းဖို့ မလွယ်ဘူး။ အခုတောင် ဈေးနှုန်း
အပြောင်းအလဲကြောင့် ဘွတ်ကင် နည်းနည်းလျော့ သွားပါတယ်”ဟု ခရီးသွားဈေးကွက် မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ