Welcome to my blog :)

rss

Monday, July 18, 2011

 သာမန် မွေးစကလေးထက် နှစ်ဆကြီးသော အလေးချိန် ၁၆ ပေါင် ရှိသည့် ကလေး မွေးဖွား

b41505
အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ်တွင် ဇူလိုင် ၈ ရက်နေ့က သာမန် မွေးစကလေးထက် နှစ်ဆကြီးသော အလေးချိန် ၁၆ ပေါင် ရှိသည့် ကလေးတစ်ဦးကို မွေးဖွားခဲ့ကြောင်း သိရသည်။
ဂျန်နတ်ဂျွန်ဆင်က မွေးဖွားခဲ့သော ဂျမိုက်ကယ်ဟု ခေါ်သည့် ယင်းကလေးမှာ လောင်းဗျူးမြို့ရှိ Good Shepherd ဆေးရုံတွင် မွေးဖွားခဲ့သည့် ကလေးများ အနက် ကိုယ်အလေးချိန် အများဆုံးကလေး ဖြစ်လာကြောင်း သိရသည်။ အရွယ်ကြီးသော ကလေး မွေးလာမည်ဟု ဂျွန်ဆင် ဇနီးမောင်နှံက ကြိုတင် သိရှိထားသလို ၁၂ ပေါင် မှ ၁၃ ပေါင်ကြား ရှိမည့်ကလေး မွေးလာမည်ဟု ဒေါက်တာဂျွန်ကာ့ခ်ကလည်း မျှော်လင့်ထားသည်။
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့၏ မှတ်တမ်းအရ ၁၈၇၉ ခုနှစ်တွင် ကနေဒါနိုင်ငံသူ အန်ဘေးစ်က အလေးချိန် ၂၃ ပေါင်၊ ၁၂ အောင်စ ရှိသော ကလေးကို မွေးဖွားခဲ့ကြောင်း သိရသည်။ ဂျမိုက်ကယ်၏ မိဘမှာ ကိုယ်ခန္ဓာ ထွားကြိုင်းပြီး မိခင် ဖြစ်သူမှာ ကိုယ်ဝန်ဆောင်စဉ် ဆီးချို ဖြစ်နေသဖြင့် ကလေး အရွယ်အစား အပေါ် သက်ရောက်မှု ရှိခဲ့ကြောင်း ဒေါက်တာကာ့ခ်က ပြောကြားသည်။
ဆီးချိုရှိသော အမျိုးသမီးများမှ မွေးဖွားသော ကလေးများမှာ အရွယ်အစားကြီးကာ မွေးလာပြီး ကိုယ်တွင်း အင်္ဂါများ ဖွံ့ဖြိုးမှု နှေးကွေးကြောင်း၊ အချိန်မတိုင်မီ စောမွေးသော ကလေးများတွင် အသက်ရှူခက်သည့် ဝေဒနာ ခံစားရတတ်ကြောင်း ကာလီဖိုးနီးယား တက္ကသိုလ်မှ သွားဖွားမီးယပ်ဆိုင်ရာ ပါမောက္ခနှင့် ဥက္ကဋ္ဌ ဒေါက်တာ မန်နျူရယ်ပေါ်တိုက ပြောကြားသည်။
အမျိုးသမီး၏ သားအိမ်မှာ ၁၆ ပေါင် ရှိသော ကလေး (တစ်နည်းဆိုသော် အမြွှာ)ကို မွေးနိုင်စွမ်း ရှိကြောင်း၊ ကလေးအရွယ်အစား ကြီးပါကလည်း အန္တရာယ် မရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ မိခင်မှာ ဆီးချို ဖြစ်မှုကို မထိန်းချုပ် နိုင်ပါက ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားမှာ ဂလူးကို့စ် လွန်ကဲစွာ ရရှိတတ်၍ အရွယ်အစားကြီးသော ကလေး မွေးဖွားတတ်ခြင်း ဖြစ်ကြောင်း နယူးယောက်မြို့ရှိ Mount Sinai ဆေးကျောင်းမှ ဒေါက်တာအန်ဟိုလ်ဇ်မန်က ပြောကြားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ