Welcome to my blog :)

rss

Sunday, July 17, 2011

အမျိုးသား ဒီမို ကရေစီ ပါတီသစ် ပါတီ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်မည် မဟုတ်

ယခင်အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ (NDF) ၏ဒုတိယ ခေါင်းဆောင်ဦးသိန်းညွန့် ဦးဆောင် ဖွဲ့စည်းထားသော အမျိုးသားဒီမိုက ရေစီပါတီသစ် (NNDP) ပါတီအနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ် ကိုင်ဆောင်ရွက်မည် မဟုတ်ကြောင်း သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မြန်မာပို့စ်သတင်းဂျာနယ်သို့ ပြောသည်။
“ပါတီအနေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ မရှိပါဘူး။ နိုင်ငံရေးပါတီဆိုတာက နိုင်ငံရေးပဲလုပ်တာကောင်းတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။
အဆိုပါပါတီအား ဇူလိုင် ၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီ တည်ထောင်ခွင့် စတင် လျှောက်ထား ခဲ့ပြီး NDF ပါတီမှနုတ်ထွက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ဦးကြည်မြင့် (လသာ)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်၊ တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်၊ ဒေါ်စန်းစန်း မြင့် စသည့်သူတို့အပြင် ဖျက်သိမ်းပြီးသော NLD မှ CEC ၁၁ ဦး စုစုပေါင်း ပါတီတည်ထောင်သူ ၂၀ ဦးနှင့် စတင် တည်ထောင်မည်ဖြစ်ပြီး ပါတီဝင် အင်အား ၁,၀၀၀ ကျော်ဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း ၎င်းင်းကဆက်ပြောသည်။ ပါတီ၏လုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် လိုအပ်သောငွေကြေးကုန်ကျမှုများအား ရွေးကောက် တင်မြှောက်ခြင်း ခံရသည့် လွှတ်တော် ကိုယ်စားလှယ် များမှရရှိသော လစာ ငွေ၏ ၁၀ ရာခိုင်နှုန်းအား ပါတီသို့ ထည့်ဝင် ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသား အလှူရှင်များ အနေဖြင့် ပါတီသို့ လှူဒါန်း မှုများအား လက်ခံ သွားမည်ဖြစ် ကြောင်း ဦးသိန်းညွန့်က ပြောသည်။
“အခုလောလော ဆယ်က ပြင်ပက အလှူရှင်တွေရှိတယ်။ မိတ္တူကူး စက်လှူ ရတာတွေ၊ နောက်ပြီး ငွေသား လှူတာတွေရှိတယ်။ တစ်လ တစ်ခါ အသုံးစရိတ် ရှင်းတမ်း ထုတ်မယ်။ ငွေရေးကြေးရေး နဲ့ပတ်သက်ပြီး အပြော မခံရအောင်လုပ်မယ်”ဟု အဆိုပါပြည်သူ့လွှတ်တော် ကိုယ်စား လှယ်က ပြောသည်။
ဇော်မင်းနိုင်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ