Welcome to my blog :)

rss

Sunday, July 31, 2011

တောင်သူများ၏ လက်ရှိရင်ဆိုင်နေရသော သွင်းအားစု အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် နိုင်ငံတော်ပိုင်းမှ အထူးပြုကုမ္ပဏီတစ်ခုလျှင် ဓာတ်မြေသြဇာ တန်ချိန် ၂၀၀ စီ ခြောက်လဆိုင်း အကြွေးစနစ်ဖြင့် ရောင်းချပေးသွားမည်ဟု သိရ

4174
လယ်ယာလုပ်ငန်းခွင်ရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရန် နိုင်ငံတော်ပိုင်းမှ အထူးပြုကုမ္ပဏီတစ်ခုလျှင် တန်ချိန် ၂၀၀ ခြောက်လဆိုင်း အကြွေးစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါဓာတ်
မြေသြဇာများမှာ ပြည်တွင်းရှိ မြန်မာ့ရေနံဓာတုမှ ထုတ်သော ပုလဲ ဓာတ် မြေသြဇာဖြစ်ပြီး အစိုးရပေါက်ဈေးဖြစ်သော တစ်အိတ်လျှင် ကျပ် ၁၄၅၀၀ ၀န်းကျင်နှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး
လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“တောင်သူတွေကို သွင်းအားစု ထောက်ပံပေးနိုင်ဖို့အတွက် အထူးပြု ကုမ္ပဏီတစ်ခုစီကို ဓာတ်မြေသြဇာ တန်ချိန် ၂၀၀ စီထောက်ပံ့ ပေးသွားမှာပါ။ ခြောက်လဆိုင်း အကြွေးစနစ်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံ
ဆန်စပါးလုပ်ငန်း အသင်းကတော့ တာဝန်ခံရပါ တယ်။ ဓာတ်မြေသြဇာက ပြည်တွင်း ရေနံဓာတုက ထွက်တဲ့ ပုလဲဓာတ်မြေသြဇာပါ။ အစိုးရပေါက်ဈေးက တစ်အိတ်ကို ကျပ် ၁၄၅၀၀ ပါ။ ဒါပေမယ့် သယ်ယူပို့ဆောင်ခကိုတော့ ကျခံပေးရမှာပါ။ ဥပမာ တစ်အိတ်ကို ကျပ် ၁၄၅၀၀ နဲ့အတူ သယ်ယူပို့ ဆောင်ခက ၅၀၀ ဆိုရင် ဓာတ်မြေ သြဇာ တစ်အိတ်ဈေးက ကျပ် ၁၅၀၀၀၊ ၁၀၀၀ ဆိုရင်တော့ ကျပ် ၁၅၅၀၀ လောက် ဖြစ်သွားမှာပါ”ဟု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ယခုကဲ့သို့ ဖြန့်ဝေပေးသည့် ဓာတ်မြေသြဇာများမှာ ပုလဲဓာတ် မြေသြဇာဖြစ်ပြီး နိုက်ထရိုဂျင် အမျိုးအစားဖြစ်ကြောင်းနှင့် လယ်မြေများ အား ရေရှည်ထိမ်းသိမ်းရန် နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်၊  (N:P:K) အား
အချိုးကျထည့်ဝင်နိုင်ရန် လိုအပ်ကြောင်း သိရှိရသည်။
“အခု နိုင်ငံတော်ပိုင်းက အထူး ပြုကုမ္ပဏီတွေကတစ်ဆင့်တောင်သူ တွေကို ပုလဲတစ်မျိုးကို တစ်အိတ်ကို အစိုးရပေါက်ဈေးကျပ် ၁၅၀၀၀ ၀န်း ကျင်လောက်နဲ့ ဖြန့်ဝေပေးမယ်လို့ သိရပါတယ်။ နိုက်ထရိုဂျင်အတွက် တော့
အဆင်ပြေသွားတာပေါ့။ ဒါပေမယ့်တတ်နိုင်ရင်တော့ြ ရော၊ ဏ ရော၊ု ရော သုံးစေချင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတောင်သူ တွေ သွင်းအားစုကို သိပ်မတတ်နိုင် တော့ ငြအမသါနည တစ်မျိုးကိုပဲအဓိကထားပြီး သုံးလာကြတာ တွေ့ရပါတယ်။ ကြာရင်တော့ တစ်မျိုးတည်းပဲ သုံးတဲ့အတွက် လယ်မြေတွေ အရည်အသွေး ကျဆင်းနိုင်ပါတယ်။ အခု အစိုးရဈေးက ကျပ် ၁၅၀၀၀ လောက် ဆိုတော့ ၀ယ်ယူသုံးစွဲရတာ အဆင်ပြေမှာပါ။ အပြင်မှာ အခုဒီလိုအမျိုးအစား ဓာတ်မြေသြဇာတစ်အိတ် ပေါက်ဈေးက ကျပ် ၂၀၀၀၀ ၀န်းကျင် ရှိပါတယ်။ လယ်တစ်ဧက ဘယ်လောက်ရမလဲ။ ဘယ်လောက် အတိုင်းအတာအထိ ခွဲဝေပေးနိုင်မလဲ ဆိုတာတော့ မသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဓာတ်မြေသြဇာအတွက်တော့ အထိုက်အလျောက် အဆင်ပြေသွားမှာပါ”ဟု ဝေါမြို့မှ တောင်သူကြီးတစ်ဦးက ပြောပြခဲ့သည်။
ယခုနှစ် စိုက်ပျိုးရာသီသည် အချို့နေရာများတွင် ရေကြီးရေလျှံမှု များဖြစ်နေသောကြောင့် တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ရန်များစွာ အခက်အခဲရှိနေကြောင်း အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ လယ်မြေများတွင် ရေကြီးမှုများ ကြောင့် စိုက်ပျိုးမှုကို မပြုလုပ်နိုင်သေးကြောင်း သိရှိရသည်။
ကျွန်တော်ဘက်မှာ မိုးရွာတယ်ဆိုပေမယ့် အခုတော့ ရပ်သွားတာ နှစ်ရက်လောက်ရှိသွားပါပြီ။ ကျွန်တော် တို့ဒေသဘက် အနေအထားအရတော့ မိုးနည်းလို့မရပါဘူး။ မိုးနည်းရင် ကြွက်တွေ အရမ်းသောင်းကျန်းတယ်။
ဒီဘက်မှာတော့ ဇွန်လဆန်းပိုင်း လောက်က စိုက်လိုက်ရတော့ အခု မိုးရွာလို့ရေတက်ပေမယ့် လတ်တလော အနေအထားမှာတော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် နောက်ထပ် သုံးလေးရက်လောက် စောင့်ကြည့်ရမယ်။ တကယ်လို့ ပင်လယ်ရေထရက် မှာ မိုးအခုလိုရွာမယ်ဆိုရင်တော့ စပါးပင်တွေ ရေနစ်မြုပ်နိုင်တယ်။ နောက်ထပ် နှစ်ပေလောက် ထပ်တက်ရင် မြုပ်မှာပါ။ အချို့ဒေသတွေမှာတော့ ရေမြုပ်ကြတယ်လို့ ပြောသံကြားတယ်။ တစ်ခုရှိတာက ဒီဒေသက စစ်တောင်းမြစ်ဝှမ်း အရှေ့ဘက်ခြမ်း ဖြစ်နေတယ်ဆိုတော့ ပေါင်းလောင်းတို့၊ ရဲနွယ်တို့ ရွှေကျင်တို့ စတဲ့ရေအား လျှပ်စစ်စီမံကိန်းတွေရှိပါတယ်။ မိုးများလို့ ဒါတွေဖောက်ချမယ်ဆိုရင်တော့ လယ်တွေ ရေလွှမ်းသွားနိုင်တယ်။
အခုလတ်တလောမှာ ရွာတဲ့ မိုးကြောင့် ကြွက်ရန်တော့ ရှင်းသွားတယ်။ ကြွက်တွေက သောင်းနဲ့ချီပြီး ရှိတယ်။ လာမည့်နှစ် ကိုင်းသမား တွေအတွက်တော့ ကောင်းသွားပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့မှတောင်သူကြီး ဦးမျိုးကျော်က ပြောပြခဲ့သည်။
ယင်းကဲ့သို့ ရေကြီးမှု အခြေအနေများကြောင့် ရေကြီးရေလျှံသော ဒေသတွင်ရှိသော တောင်သူများ နောက်ထပ်မိုးရွာမည်ကိုစိုးရိမ်နေကြ ကြောင်းနှင့် အချို့ဒေသများ တွင်မူ နှစ်ခါပြန်ရေကြီးမှုများကြောင့် စိုက် ထားသော
တောင်သူများဆုံရှုံးမှုများ နှင့်ကြုံတွေ့နေရကြောင်းလည်း သိရှိ ရသည်။
“တချို့လယ်မြေတွေမှာ တော်တော်ဆုံးရှုံးတယ်။ မန္တလေး၊ နေ ပြည်တော်ဒေသတွေမှာ မိုးရွာသွန်းမှု အသင့်အတင့်လောက်ပဲရှိတဲ့ နေရာတွေကတော့ ခံသာတယ်။ အထူးသဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း
ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ ထိခိုက်ကြတယ်။ ပဲခူးတိုင်းဒေသကြီး ဆိုရင် တချို့လယ်တွေ နှစ်ခါပြန်ဆုံး ရှုံးတယ်။ ပျိုးပင်ကအစ ပြန်ရှာရတော့မယ်ဆိုတော့ မလွယ်ပါဘူး”ဟုပဲခူးတိုင်း ဒေသကြီးမှ တောင်သူကြီးတစ်ဦးက ပြောပြခဲ့သည်။
“ကျွန်တောင်တို့ဆီမှာလည်း ရေတော်တော်ကြီးသွားတယ်။တချို့ အထက်ဘက်က ရွာတွေဆိုရင် အိမ်လိုက် မျောပါသွားတာ ရှိတယ်။ တချို့ လယ်တွေ မစိုက်ရသေးဘူး၊ တချို့ စိုက်ပြီးသားလယ်တွေလည်း
ရေနစ်ကုန်တာတွေ ရှိတယ်”ဟု ရခိုင်ပြည်နယ် ဂွမြို့နယ် ကုလားပြင်ရွာမှ ကိုမြင့်ဇော် က ပြောပြခဲ့သည်။
ယင်းကဲ့သို့သော အနေအထားများကြောင့် ယနေ့ လယ်ယာလုပ်ငန်းခွင် အခြေအနေမှာ ကျဆင်းနိုင်ကြောင်းနှင့် အလားတူပင် ဆန်စပါးအထွက်လည်း ကျဆင်းနိုင်ကြောင်း သုံးသပ်ကြသည်။ ဆန်စပါး အဓိကစိုက်ပျိုးသော
ဒေသများတွင် ယင်းကဲ့သို့သော အထောက်အပံ့များ တတ်နိုင်သလောက် များများပေးနိုင်ရန် လိုအပ်ကြောင်းလည်း သုံးသပ်ကြသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ