Welcome to my blog :)

rss

Tuesday, May 3, 2011

မြန်မာနိုင်ငံတွင်ဗြိတိန်ဗီဇာ လျှောက်ထားရမည့်ပုံစံပြောင်းလဲသတ်မှတ်ခြင်း (Press release from British Embassy Rangoon) -

ဗြိတိန်နိုင်ငံနယ်ခြားအေဂျင်စီသည် မြန်မာနိုင်ငံတွင် ဗီဇာလျှောက်ထားမှုပုံစံကို အဆင့်မြှင့်လျှက်ရှိပြီး ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းများနှင့်တကွ လျှောက်ထားသူများအတွက် မဖြစ်မနေပြုလုပ်ရမည့် ရက်ချိန်းကြိုတင်ရယူခြင်းများကို အင်တာနက်မှတဆင့်မကြာမီ ပြုလုပ်သွားတော့မည်ဖြစ်သည်။

၂ဝ၁၁ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ဗြိတိန်နိုင်ငံပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများအားလုံးသည် အင်တာနက်မှ ပြည်ဝင်ခွင့်လျှောက်လွှာကို ဖြည့်သွင်းရန်လိုအပ်လာတော့မည်ဖြစ်သည်။ အင်တာနက်မှလျှောက်လွှာကိုဖြည့်စွက်ပြီးသည်နှင့် မိမိမည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားဖော်ပြပေးသည့် အချက်အလက်များနှင့် ပြည်ဝင်ခွင့်လျှောက်လွှာတို့ကို ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးသို့တင်သွင်းရန်အတွက် ရက်ချိန်းကိုလည်းအင်တာနက်မှ တဆင့်ပင် ကြိုတင်စာရင်းသွင်းရယူထားကြရန် လိုအပ်ပါလိမ့်မည်။

အင်တာနက်မှတဆင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းနှင့် ရက်ချိန်းရယူထားခြင်းတို့ကို မဖြစ်မနေပြုလုပ်ရမည့် အပြောင်းအလဲမှာ ဗြိတိန်နယ်ခြားအေဂျင်စီက ပြုလုပ်သော အပြောင်းအလဲများ၏တစိတ်တပိုင်းပင်ဖြစ်ပါသည်။ ရည်ရွယ်သည်မှာ ဗီဇာလျှောက်ထားမှု လုပ်ငန်းစဉ်နှင့် မြန်မာနိုင်ငံတွင် လျှောက်ထားသောလျှောက်လွှာများအတွက်ပြည်ဝင်ခွင့်အတွက်ဆုံးဖြတ်ချက် ချမှတ်သောလုပ်ငန်းတရပ်လုံးပါ တိုးတက်ကောင်းမွန်လာစေရန်ပင်ဖြစ်ပါသည်။

ဗြိတိန်နယ်ကြား အေဂျင်စီ၏ အရှေ့အာရှနှင့် သြစတြေးလျဒေသ  မန်နေဂျာ အက်(ထ်) မက်ခီက အောက်ပါအတိုင်းပြောကြားလိုက်ပါသည်။

“မြန်မာနိုင်ငံနဲ့ အာရှပစ်ဖိတ်ဒေသတခုလုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားပုံအပြောင်းအလဲတွေ လုပ်လိုက်တာဟာ လျှောက်ထားသူတွေအတွက် ဗီဇာလျှောက်ရတာပိုပြီးမြန်ဆန်ထိရောက်လာစေပါလိမ့်မယ်။ ဗီဇာလျှောက်ထားပုံကိုအဆင့်မြှင့်လိုက်ခြင်းကြောင့် ရန်ကုန်ကဗြိတိသျှသံရုံးမှာစောင့်ရတဲ့ အချိန်တွေကိုလျှော့သွားစေမှာဖြစ်သလို ဗီဇာလျှောက်လွှာတွေကို အရေးယူဆောင်ရွက်ပေးရာမှာလည်း လျှောက်ထားသူတွေအတွက် ပိုမိုမြန်ဆန်လာပါလိမ့်မယ်။”

လက်တလောဆောင်ရွက်နေသော ဗီဇာလျှောက်လွှာပုံစံများကိုအဆင့်မြှင့်ပြီး အပြောင်းအလဲများပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံမှ ဗြိတိန်နယ်ခြားအေဂျင်စီထံ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုများနှင့် ဗီဇာထုတ်ပေးမှုများကို ၂ဝ၁၁ ခုနှစ်မတ်လ ၁၄ ရက်မှ ၂၅ ရက်အတွင်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ အဆိုပါရက်များအတွင်းရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးသည် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရန် လာရောက်လျှောက်ထားခြင်းများကို လက်ခံမည်မဟုတ်ပါ။ ထိုသို့ယာယီပိတ်ထားခိုက်တွင် ကျန်းမာရေးအရဖြစ်စေ၊ သာရေးနာရေးကိစ္စကြောင့်ဖြစ်စေ၊ ဗြိတိန်နိုင်ငံသို့အဆောတလျှင် သွားရောက်လိုသူများသည် ရန်ကုန်ရှိဗြိတိသျှသံရုံးသို့ အီးမေး(လ်) ဖြင့် ဆက်သွယ်နိုင်ကြပြီး ဗီဇာစီစစ်ရေးတာဝန်ခံက လိုအပ်သလိုစဉ်းစားဆောင်ရွက်ပေးပါလိမ့်မည်။

ဗြိတိသျှဗီဇာလျှောက်လွှာများကို www.ukba.homeoffice.gov.uk/visas တွင်ရယူနိုင်ပြီး မြန်မာနိုင်ငံ၌မည်သို့မည်ပုံ လျှောက်ထားရမည်ဆိုခြင်းနှင့်တကွ ဗီဇာနှင့်ပက်သက်သောအချက်အလက်များ လမ်းညွှန်ချက်တို့ကို www.ukinburma.fco.gov.uk/en/visiting-uk/visas တွင်ကြည့်ရှုရယူနိုင်ပါသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ