

မူစလင်စစ်သွေးကြွ တာလီဘန်များရဲ့ အဖမ်းခံထားရတဲ့ အမေရိကန်စစ်သားတစ်ယောက်ဟာ အခုဆိုရင် တာလီဘန်များကို ဗုံပြုလုပ်နည်း နဲ့ တိုက်ခိုက်မှု့ဗျူဟာများကို သင်ပေးနေတယ်လို့ တာလီဘန်များဖက်မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တပ်သားတစ်ယောက်ဖြစ်တဲ့ Bowe Bergdahl ဟာ ၂ဝဝ၉ ခုနှစ် ဇွန်လတုန်းက အာဖကန် အရှေ့ဖက်ပိုင်းမှာ ပျောက်သွားခဲ့ပြီး အားလုံးကတော့ သူအဖမ်းခံသွားရတယ်လို့ မှတ်ထင်ခဲ့ကြပါတယ်။ အသက် ၂၄ ရှိပြီးဖြစ်တဲ့ထို တပ်သားကတော့ အခုအချိန်မှာ မူစလင်ဘာသာ ခံယူလိုက်ပြီးဖြစ်သလို နာမည်ကိုလည်း Abdullah လို့ပြောင်းလိုက်ပြီဖြစ်တယ်လို့ ထိုအမေရိကန်စစ်သားအား သူအားဖမ်းခဲ့သူ က The Sunday Times သတင်းကို ပြောခဲ့ပါတယ်။ Paktika ဒေသက တာလီဘန်က လက်ထောက်ဗိုလ်မှူးကြီးကလည်း ထိုအမေရိကန်စစ်သားဟာ သူ့ကိုယ်သူ Haji Nadeem လိုပြန်ခေါ်ဆိုပါတယ်လို့ သတင်းစာကို ပြောခဲ့ပါတယ်။ Bergdahl ဟာ မိုလ်ဘိုင်းဖုန်းမှ ဗုံးများကို ထိန်းချူပ်တဲ့ကရိယာသို့ ပြောင်းလဲပုံကိုလည်း သင်ပေးခဲ့တယ်လို့ ပြောပါတယ်။ Bergdahl ဟာ သူ့ရဲ့တိုက်ခိုက်မှု့နဲ့ပါတ်သက်ပြီး ကျွမ်းကျင်မှု့များစွားကို သင်ပေးနေပါတယ်။ Bergdahl ရဲ့ အမေရိကန်စစ်တပ်ထဲက ရဲဘော်ရဲဘက်တွေကတော့ သူဟာ ခေါင်းဖြတ်သတ်ခံရမှာ ကြောက်လို့ မူစလင်ဘာသာ ထဲဝင်လိုက်ပြီး ဟန်ဆောင်နေတာဖြစ်တယ်လို့ မှတ်ထင်နေကြပါတယ်။ အာဖဂန်က အမှု့ဆောင် အရာရှိတွေကတော့ Bergdahl ဟာ တကယ် တာလီဘန်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်သလို တိုက်ခိုက်ရေး အကြံပေးအရာရှိအဖြစ်နဲ့လည်း ပါကစ္စတန်နိုင်ငံရှိ တာလီဘန် ဧရိယာပိုက်နက်ထဲမှာ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။