Welcome to my blog :)

rss

Wednesday, April 20, 2011

အင်္ဂါဂြိုလ်မှာ တချိန်က သမုဒ္ဒရာရှိခဲ့


လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃.၅ ဘီလီယံလောက်က အင်္ဂဲါဂြိုလ်ပေါ်က ရှိခဲ့နိုင်တဲ့အနေအထားပုံ ဖော်ထားပုံ

အင်္ဂဲါဂြိုလ်ရဲ့ မျက်နှာပြင် သုံးပုံတစ်ပုံဟာ တချိန်ကသမုဒ္ဒရာ ရေပြင်နဲ့ဖုံးလွှမ်းနေတယ်လို့ မနေ့ညက သိပ္ပံပညာရှင်တွေက ကျေငြာလိုက်ပါပြီး။ အနီရောင် ဖုန်ကန္တာရ လွင်ပြင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ ကမ္ဘာ အိမ်နီးခြင်းအင်္ဂါဂြိုလ်ဟာလဲ မိုးရွာ စိုစွတ်တဲ့ ဂြိုလ်တစ်ခုဖြစ်ခဲ့တဲ့အတွက်ကြောင့် ကုန်နေ၊ ရေနေ သတ္တဝါတွေ ရှိလိမ့်မယ်လို့မျှော်လင့်ဖို့ ဖြစ်လာပါတယ်။ ဂြိုလ်ရဲ့ မျက်နှာပြင် ၃၆ ရာခိုင်နှုန်းဟာ သမုဒ္ဒရာအဖြစ်တည်ရှိ ခဲ့တာ လွန်ခဲ့တဲ့နှစ် သန်းထောင်ပေါင်း ၃.၅ သန်းလောက်က ဖြစ်ပြီး ရေကုဗမိုင်ပေါင်း သန်း ၃ဝ ခန့်ရှိခဲ့ပါတယ်။ ထို့ပြင် မြစ်ချောင်းများလဲ ထောင်ပေါင်းများစွာရှိခဲ့တယ်လို့ သိရှိခဲ့ကြပါတယ်။ ထိုရေတွေ ဘယ်လိုမရှိတော့တာလဲဆိုတာကိုတော့ Colorado တက္ကသိုလ်က သိပ္ပံပညာရှင်များကတော့ အတတ်မပြောနိုင်သေးပါဘူး။ သို့ပေမဲ့လဲ အင်္ဂါဂြိုလ်ရဲ့ မျက်နှာပြင် အောက်မှာ ရေခဲတွေရှိနေခဲ့တာကတော့ သမုဒ္ဒရာရှိခဲ့တယ်ဆိုတာပြောဖို့အတွက် သံသရတွေဖြစ်ခဲ့ရပါတယ်။
ဒေါက်တာ Brian Hynek ဆိုသူကတော့ အင်္ဂါဂြိုလ်မှာ ရေတွေ အငွေ့ပျံပြီး အထက်ကိုတက်တယ် ပြီးတော့ မိုးအဖြစ်ပြန်ရွာချတယ်၊ ကမ္ဘာကဲ့သို့ပင် ရေ သံသရာ ရှိတာ သေခြာသလောက်ရှိတယ်လို့ ဆိုပါတယ်။ ဒေါက်တာ Gaetano Di Achille ဆိုသူကတော့ အင်္ဂါဂြိုလ်ပေါ်မှာ မြစ်ဝကျွန်းများ၊ ရေကန်များရှိသလို တချိန်က သက်ရှိသတ္တဝါတွေ နေထိုင်ခဲ့တဲ့ လက္ခဏာတွေကိုလည်း တွေ့ရတယ်လို့ဆိုပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ