Welcome to my blog :)

rss

Wednesday, April 20, 2011

တရုတ်တိုင်းရင်းဆေးအတွက် မရှိမဖြစ် တီကောင် နဲ့ ပုရွက်ဆိတ်



လူမျိုးတိုင်းရဲ့ ယုံကြည်မှု့နဲ့ရိုးရာအစွဲတွေက တခါတလေမှာ အလွဲကြီးလွဲနေတာကို တွေ့ရတတ်ပါတယ်။ ကျွန်တော် အသက် ၂ဝ လောက် အချိန်တုန်းက ရွာပြန်တော့ သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်စကားပြောနေချိန်မှာ သူက ကြောင်လေးကို သူ့ကိုယ်ပေါ်မှာ တင်ပြီး ပွတ်သတ်လိုက် ကြောင်ကို စ လိုက်လုပ်နေတုန်း အမှန်မထင်ဘဲ ကြောင်က သူလက်ကို ကိုက်လိုက်ရော ချက်ခြင်းဆိုသလိုဘဲ ကသူထပြီး အိုးဖင်က အိုးမဲနဲ့ ကြောင်ကိုက်တဲ့နေရကို လိမ်းလိုက်တယ်။ ကျွန်တော် လည်း ဘာလုပ်တာလဲ ဘာဆေးလိမ်းလိုက်တာလဲမေးတော့ အိုးမဲ တဲ့။ ကြောင်ကိုက်ရင် အိုးမဲလိမ်းရတယ်တဲ့... ကျွန်တော်တို့သိထားတဲ့ အသိနဲ့က တခြားစီဘဲ။ ဒီလိုဘဲ တခြား အယူသီးမှု့နဲ့ ကုသနည်းတွေလည်းရှိကြပါသေးတယ်... ခွေးရူးကိုက်တာကို မန်းတာတို့၊ ရေယုံ ပေါက်တာကို မန်းတာတို့ စတဲ့ဟာတွေက ဟုတ်ရင်လည်းဟုတ်မယ်၊ တိုက်ဆိုင်တာလည်း ဖြစ်ခြင်ဖြစ်မယ်။ အခုခေတ်မှာတော့ လက်တွေကျတဲ့ သိပ္ပံပညာနဲ့ယှဉ်ပြောမယ်ဆိုရင်တော့ လက်ခံနိုင်စရာအကြောင်းလုံးဝမရှိဘူး။

တရုတ်တွေမှာ အဲ့ဒီလို အယူနဲ့ တလွဲတွေထဲက တစ်ခုကို ဝေငှခြင်ပါတယ်။ နဂိုကတည်းက အစားသောက်နဲ့ ပါတ်သက်ရင် နာမည်ကောင်းရပြီးသား ပြည်ကြီးတရုတ်တွေကတော့ ပုရွက်ဆိတ်နဲ့ တီကောင် စားရင် ကျန်မာရေးကောင်းတယ်ဆိုပြီး လုပ်ချလာပြန်တယ်။ မူလတန်းကျောင်းသားလေး Xiao Qiang ဆိုတာရှိတယ် သူကတော့ တရုတ်နိုင်ငံ Tianjin ဒေသကပေါ့။ ဘာကြောင့်မှန်းတော့မသိဘူး ထိုခလေးဟာ ပုရွက်ဆိတ်နဲ့ တီကောင်တွေကို ရှာစားတတ်တဲ့အကျင့်ရှိတယ်။ တီကောင်တွေ ပုရွက်ဆိတ်တွေကို ပလုပ်ပလောင်း စားနေတာ တစ်ခါမက တွေ့ရတော့ မိခင်ဖြစ်သူကတော့ သူ့သားလေး ရူးများ ရူးနေပြီလာလို့ ထင်မှတ်နေတယ်။ မိခင်ထင်သလို ဟုတ်ခြင်လဲဟုတ်မယ် မဟုတ်ခြင်လဲမဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့

တရုတ်နိုင်ငံသားတွေ ဟာ တီကောင်နဲ့ ပုရွက်ဆိတ်ကို စားခဲ့ကြတာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းကဖြစ်ပါတယ်။ Xiao ဆိုတဲ့ ခလေးလိုဘဲ ဆေးဖက်ဝင်တယ်ဆိုပြီး အားပတရ လွေး ခဲ့ကြတာပါ။ တီကောင်ကို စားခြင်းဖြင့် ဆီးအိမ်၊ အသဲ၊ အဆုတ် နဲ့ သရက်ရွက်တို့ကိုကောင်းစေတယ်လို့ ယုံကြည်ထားကြာတယ်။ အဆစ်အမြစ်တွေ ယောင်တာ အတွက်လည်း ကောင်းသလို ဆီးကျင်တာအတွက်လည်း ကောင်းတယ်လို့ ယုံကြတယ်။ ထိုကိစ္စတွေဟာ သိပ္ပံခေတ် မတိုးတက်သေးတဲ့ ခေတ်တုန်းက အပ်စိုက် ဆရာတွေ၊ ကွန်ဖူးဆရာတွေ ဖွခဲ့တာတွေပါ။


တီကောင်ကိုဖမ်း ခွဲပြီး အထဲက ကလီစာတွေထုတ် နေခြောက်လှန်းကာ လူစားလို့ရတဲ့အမှုန့်တွေနဲ့ ဆေးဖက်ဝင် သစ်ဥသစ်မြစ် တွေနဲ့ ရောကြိတ်လို့ ရလာတဲ့ တရုတ်ရိုးရာ တိုင်းရင်းဆေးပါ။


ပုရွက်ဆိတ်မြေပဲကြော်

နောက်တစ်ခုကတော့ ပုရွက်ဆိတ်၊ (ပုရွက်ဆိတ်စား လမ်းမမှား)ဆိုသလိုဘဲ ပုရွက်ဆိတ်ကို စားရင် ရောဂါဘယ ကင်းဝေးတယ် အသက်ရှည်တယ်လို့ ထင်မှတ်ထားကြသူတွေဖြစ်ပါတယ်။ တီကောင် မစားရဲတဲ့သူတွေ ကတော့ ပုရွက်ဆိတ်စားကြတယ်။ ပုရွက်ဆိတ်ကို သီးသန့် (သို့မဟုတ်) အခြားအစားအစာတွေနဲ့ ကြော်စားကြတာပေါ့။ ပိုကောင်းအောင် ထောပါတ်တို့ ချောကလက်တို့နဲ့ လည်း အမျိုးမျိုးလုပ်ပြီးရောစားလာကြတယ်။ ရည်ရွယ်ချက်ကတော့ ရောဂါကင်းပြီး အသက်ရှည်ဖို့အတွက်ဘဲဖြစ်ပါတယ်။

တရုတ်ရိုးရာ ဆေးအတွက် တီကောင်ဟာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်ပေမဲ့ သိပ္ပံပညာအရ သုတေသန ပြုပြီးလေ့လာ နိုင်လာတဲ့ ခေတ်မှာတော့ တီကောင်စားခြင်းဟာ လူခန္ဓာကိုယ်အတွက် ဘာဆိုဘာမှ ဆေးဖက်မဝင်ဘူး ဆိုတာသိလာကြရပါတယ်။ တီကောင်အမျိုးမျိုးရှိပြီး သြစတေးလျ နိုင်ငံမှဆို အရှည် ၁၁ ပေလောက် ရှိတဲ့ တီကောင်မျိုးကွဲ တွေတောင်ရှိတယ်လို့သိရပါတယ်။ သာမာန်အားဖြင့်တော့ တီကောင်မျိုးအများစုဟာ လက်မအနည်းငယ်သာ ရှည်ကြပါတယ်။ အစိမ်းရောင် ရှိတဲ့တီကောင်မျိုး ရှိသလို အများစုကတော့ နီညိုရောင်သာဖြစ်ပါတယ်။

သကြားလုံးထဲလည်း တီကောင်ကို ထည့်စားကြတယ်နော်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ