ဟာဂျီသန်းလှဦး@hapmala 32 days ago ActivityRank: 5074 Chemicals in our foodကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ Globalization ကြောင့်လို့ပဲပြောပြော ဈေးကွက်စီးပွားရေးကြောင့် လို့ပဲဆိုဆို ကျွန်တော့်တို့ တတွေဟာ ပြည်ပလုပ် ပစ္စည်းတွေ အစားအသောက် လူ့အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုကို ထိတွေ့ခံစားလာရပါတယ်။ တောရော မြို့ပါမကျန် နိုင်ငံခြားကနေ ၀င်လာတဲ့ အသုံးအဆာင်တွေ ပစ္စည်းတွေ သုံးလာကြတယ်။ ပြည်တွင်းက လူသုံးကုန် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပြည်ပ ကုန်စည်တွေနဲ့ အပြိုင် လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေကို ထုတ်လုပ်လာကြတယ်။ သိပ္ပံပညာ တိုးတက်လာသည်နှင့်အတူ အသုံးချဓာတုဗေဒ ပညာသည်လည်း အဆင့်မြင့်လာပါသည်။ မသိရှိသေးသော ဓာတုဒြပ်ပေါင်းအသစ်များကို သိရှိလာသလို လူလုပ် ဓာတုပစ္စည်းများ ဒြပ်ပေါင်းများလည်း ပေါ်ထွက်လာပါသည်။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဓာတုဗေဒ ပစ္စည်းများကို အသုံးချကြသည်။ ရည်ရွယ်ချက်ကောင်းမွန်သည့် လူများရှိသလို မတရား လောဘ ဇောတိုက်ကာ အများအကျိုးကို မငဲ့ကွက်သောလူများလည်း ရှိကြသည်။ ဘာလိုချင်လဲ။ အပင်အကြီးမြန်ချင်လား၊ အသီးထွားစေချင်သလား၊ အရောင်လှစေချင်သလား၊ အရသာ ချိုချင်သလား၊ လိုရင်ပြောပါ။ အကုန်လုံးဖြစ်အောင် ဓာတုဗေဒ ဆေးဝါးများ အသုံးပြုပြီး ပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်တွေ အသားငါးတွေဟာ ဓာတုဗေဒ ဒြပ်ပေါင်းတွေနဲ့ ကင်းလွတ်တာ မကျန်သလောက် ဖြစ်လာပါတယ်။ စာဖတ်သူအနေနဲ့ ပိုမိုမြင်လာအောင် ဥပမာအချို့ကို ဖော်ပြပေးပါမယ်။ ပြည်တွင်းဖြစ်
ပြည်ပဖြစ်
အထက်ဖော်ပြပါ အစားအသောက်တို့သည် သဘာဝအတိုင်းမဟုတ်ဘဲ လူတို့က ပြုပြင်ထားကြသော အစားအသောက်များ ဖြစ်ပါတယ်။ ထိုသို့ ဓာတုဗေဒပစ္စည်းများ ထည့်လိုက်သောကြောင့် အာဟာရဓာတ်များ တိုးပွားမလာပါ။ လျော့သွားဖို့သာရှိသည်။ ထို့အပြင် ၎င်းအစားအသောက်များသည်
အစရှိသည်ဖြင့် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်တယ်။ အဲဒီတော့ ဒီလို ဓာတုဗေဒနည်းတွေသုံးပြီး ပြုပြင်နေကြတာကို ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိတယ်။ ကိုယ်သိတော့ ကိုယ်မစားဖြစ်အောင် ရှောင်လိုက်ရုံဖြင့် မပြီးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ဥပဒေနှင့် ပတ်သက်လာလျှင် တင်းကြပ်ပြီး ထိရောက်သည့် ဥပဒေများ ချမှတ်ဖို့လိုပါသည်။ ဥပဒေရှိရုံဖြင့်လည်း မပြီး။ တည်မြဲအောင် enforcement လုပ်ဖို့လိုသည်။ ဗမာတွေက ခက်တော့ခက်သား။ ရှေ့တွင်သာ မဆန့်ကျင်သော်လည်း နောက်ကွယ်တွင် ခိုးလုပ်တတ်ကြသည်။ ကိုယ့်လူမျိုး မပျောက်ချင်လျှင် ထိုအကျင့်တွေကို ပြင်ရမည်။ စစ်ဆေးရေးက ဘယ်လောက်လုပ်လုပ် ပြည်သူကိုယ်တိုင် ရောင်းချသူနှင့် စားသုံးသူများက ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အဆိုပါ အစားအသောက်တို့၏ ဘေးထွက်ဆိုးကျိုးကို ကျွန်တော်တို့ ခံစားရမည် မဟုတ်ပါ။ ကျွန်တော်တို့၏ မျိုးဆက်များ နောင်လာနောက်သားများ ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာက ကိုယ့်လူမျိုးမတုံးစေရေး မျိုးမညံ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းကြဖို့ ဖြစ်ပါသည်။ |
Thursday, October 28, 2010
Chemicals in our food
Labels:
ကျမ္မာရေး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။