Welcome to my blog :)

rss

Thursday, October 28, 2010

အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်

အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်

Masters and Johnson method ခေါ် ဂျွန်ဆင်နည်းစနစ် နူးညံ့သိမ်မွေ့ပြီး အလုပ် ရခက်ပေမယ့် တကယ် ထိရောက်တဲ့ နည်းမို့ ဦးစားပေး တင်ပြလိုက် ပါတယ်။

မိမိရဲ့ ခံစားချက်အမြင့်ဆုံး ရောက်တော့မယ့် အချိန်မတိုင်ခင် စက္ကန့် ပိုင်း အလိုမှာလာတဲ့ ဖီလင်တွေကို သေချာ အာရုံခံစားပြီင်္း မှတ်သားထားပါ (ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခါနီး ဖြစ်လာတဲ့ ခံစားချက်ပေါ့)။ ဒီခံစားချက် ရအောင် အဖော်နဲ့ ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် လေ့ကျင့်ရင်း ရယူပါ။
အဲလို ကြိုသိလာနိုင်ပြီဆိုရင် အဲလို သိတာနဲ့ တပြိုင်နက် ရပ်ပစ်လိုက်ပြီး အနားယူလိုက်ပါ။

အဲလို လေ့ကျင့်ဖူးတာ ကြာလာပြီဆိုရင် ကြိမ်ဖန်များလာပြီဆို ပြီးချင်တဲ့ ခံစားချက် တစ်ခါပေါ်တိုင်း ပြီးပစ်လိုက်တဲ့ မထိန်းနိုင်တဲ့ အကျင့်ကို ထိန်းနိုင် လာကြပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီပြဿနာက ရောဂါကြောင့် ဖြစ်တာက နည်းပြီး ခံစားမှုနောက် လိုက်မိကြလို့ ဖြစ်ပါတယ်။
ထိန်းနိုင်လာရင် သင်သဘောပေါက်လာပါလိမ့်မယ်။

သင့်ရဲ့  Point of No Return လို့ ခေါ်တဲ့ လိုသလောက်ဆွဲထားနိုင်တဲ့ ခံစားချက်ပါ ။ ဘာဆေးမှမလိုပဲ တကယ် ထိရောက်ပါတယ်။ နောက်ပြီး အောင်မြင်သွားရင်လဲ လွယ်လွယ်နဲ့ ပြီးတဲ့ အကျင့်ကို ပြန်မလုပ်ပါနဲ့ ။ပြန်ပျက်သွား တတ်တယ်။


နောက်တန်ဖိုး ရှိတာတစ်ခုပြောရရင် အဲလိုပြီးခါနီးတိုင်း တစ်ခါထိန်း နောက်တစ်ခါထပ်ထိန်းရင် ခံစားချက်က မကျသွားပဲ အရင်ပြီး တာတွေနဲ့ မတူတော့ပဲ အရမ်းမြင့်မားတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ Multiorgasm လို့ ခေါ်ပါတယ်။ နောက်တော့ ဆွေးနွေးပေးပါ့မယ်။ လောလောဆယ် မမြန်အောင်ပဲ လုပ်ကြဦး။ အဓိကက စိတ်ပဲဖြစ်ပါတယ်။ ပြီးချင်တာကိုပဲ ကြိုက်နေရင် မြန်မှာပဲပေါ့။ ခရီးကြာကြာဆက်ရတာ ပျော်မွေ့တဲ့ စိတ်ထားမှ တကယ် ပျော်ရတာမှန်း သဘောပေါက်အောင်လုပ်ပါ။

Kegel exercises ခေါ် ကြွက်သားလေ့ကျင့်ခန်းများ ဒါကတော့ စအိုနဲ့ အင်္ဂါကြားက ကြွက်သားတွေ သန်စွမ်းပြီး ထိန်းနိုင်လာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ ဆီးသွားရင်း ၀င်လေနဲ့ အတူ အောင့်လိုက်ပါ။ ၅စက္ကန့်ကနေ ၁၀ စက္ကန့်အောင့်ထားပြီး ထွက်လေနဲ့ အတူ ပြန်ပေါက်ပါ။ ဒီအတိုင်း ဆီးတစ်ခါ သွားတိုင်းမှာ အနည်းဆုံး ၃ခါရအောင်လုပ်ပါ။ အရမ်း အောင့်တက်သွားတတ်လို့  အားနဲ့ အရမ်းမလုပ်ပါနဲ့ သက်တောင့် သက်သာပဲလုပ်ပါ။

သေချာ လေ့ကျင့်သွားလို့  အသားကျ သွားချိန်မှာ ကြွက်သားတွေဟာ တကယ်မြန်မြန်မပြီးသွားအောင် ပြီးခါနီးတိုင်း ညှစ်လိုက်ရုံနဲ့ ထိန်းနိုင်လာပြီး ဒီလို သန်စွမ်းလာလို့ ပိုညှစ်နိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို အတိုင်းဆမရှိ ရစေပါတယ်။

စိတ်ကျရောဂါကျဆေးများနှင့် ကုသခြင်း
စိတ်ကျ ရောဂါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီးကုတဲ့နည်းပါ။ စိတ်ကျဆေးတွေက သုက်လွှတ်တာ ကြာစေပါတယ်။ (ဒီဆေးတွေရဲ့ တခြား ဆိုးကျိုးတွေ များလှတာမို့ ဆရာဝန် ညွှန်ကြားချက်နဲ့ သာသောက်သင့် ပါတယ်)

ကမ္ဘာမှာ အသုံးများပြီး ထိရောက်မှုရှိတဲ့ ဆေးတစ်မျိုးကတော့ Dapoxetine ဖြစ်ပါတယ်။ အားလုံး သိချင်နေကြတဲ့ ကိစ္စမို့ အချိန်မဆိုင်းပဲ အမြန်ဖြေပေးလိုက်ရပါတယ်။လတ်တလောဖြေရှင်းနည်းတွေကော အချိန်နဲ့ အမျှ တိုးတက်လာအောင် ဖြေရှင်းနည်းတွေကိုကော သေချာဖြေပေးလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်။ အချိန်မတန်ခင် ကျေနပ်မှုမရခင် ကိစ္စပြီးခြင်းရဲ့ အကြောင်းချင်းရာစုံကို နောက်ဆက်လက် တင်ပြပေးပါဦးမယ်။


ပုံမှာပြထားတဲ့ ဆေးဟာ ဗိုင်ရာဂရာလို တောင့်တင်းမှု လာစေတဲ့ ဆေးမျိုးနဲ့ Dapoxetine ပေါင်းထားတာ ဖြစ်ပါတယ်။ အာနိသင်ကတော့ အတော်လေး ကောင်းတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ